16 Sep 2024
     |
    
    
လူငယ်မှသည် လူချမ်းသာဆီသို့
    
    
    
    
      “Spend strategically.”
ကျွန်တော်တို့အများစုက ယနေ့စွန့်လွှတ်စရာမလိုဘဲ အနာဂတ်တွင် ပိုမိုရရှိမည့် အနေအထားကို လိုလားကြသည်။ ပျမ်းမျှဝင်ငွေအထက် ရှာနိုင်သူများ အပါအဝင် လူပုဂ္ဂိုလ်များစွာတို့က ယင်းရည်မှန်းချက်ကို ထိခိုက်စေသည့် အရာ ၂ ခုကို လုပ်ဆောင်ကြသည်။ ပထမအချက်မှာ မတတ်နိုင်သေးသည့် ပစ္စည်းများ ဝယ်ယူကြသည်။ ဒုတိယအချက်မှာ တစ်ပတ်ရစ်ပစ္စည်းများက အသုံးဝင်သေးပြီး စီးပွားရေးအရ တွက်ချေကိုက်သည့်တိုင်အောင် ပစ္စည်းသစ်များ ဝယ်ယူလိုကြသည်။
    
    
   
  
  
    
    15 Sep 2024
     |
    
    
လူငယ်မှသည် လူချမ်းသာဆီသို့
    
    
    
    
      “Manage credit and debt wisely.”
အပေးဖြေခရီးထွက်ရန်၊ အဝတ်အစားဝယ်ရန် သို့မဟုတ် လျင်မြန်စွာကုန်ဆုံးသွားမည့် သို့မဟုတ် တန်ဖိုးကျသွားသည့် အခြားကုန်စည်များဝယ်ရန် သင်ငွေချေးငှားသည့်အခါ ဘာဖြစ်လာမည်နည်း။ ၂ နှစ်အတွင်း ဟောင်းနွမ်းမည့် တစ်ပတ်ရစ် မော်တော်ကားတစ်စီးကို ၄၈ လကြာ အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူသည့်အခါ ဘာဖြစ်မည်နည်း။ အဖြေ ၂ ခုလုံးက အတူတူဖြစ်သည်။ သင့်အတွက် သို့မဟုတ် အခြားသူများအတွက် တန်ဖိုးနည်းနည်းသာရှိသည့် သို့မဟုတ် တန်ဖိုးလုံးဝမရှိသည့် အရာများအတွက် ငွေပေးချေခြင်း ပြုလုပ်နေကြောင်း မကြာခင် သိသာလာပါလိမ့်မည်။ ယင်းပေးချေမှုများက စိတ်ပျက်ဖွယ်အခြေအနေနှင့် ငွေကြေးမဖူလုံမှုသို့ ဦးတည်သွားလိမ့်မည်။
    
    
   
  
  
    
    14 Sep 2024
     |
    
    
လူငယ်မှသည် လူချမ်းသာဆီသို့
    
    
    
    
      “Budget to provide the most value from your income.”
“ကော်ပါးဖီး၊ ငါနောက်တစ်ခုအကြံပေးချင်တာက နှစ်စဥ်ဝင်ငွေ ပေါင် ၂၀၊ နှစ်စဥ်အသုံးစရိတ် ၁၉.၆ ပေါင်၊ ရလဒ်က ပျော်ရွှင်ခြင်းပေါ့။ နှစ်စဥ်ဝင်ငွေ ပေါင် ၂၀၊ နှစ်စဥ်အသုံးစရိတ်က ၂၀.၆ ပေါင် ဆိုရင်တော့ ရလဒ်က စိတ်ပျက်ခြင်းပေါ့ကွာ။” လို့ မစ္စတာ မီကောဘာက ပြောလိုက်တယ်။ -ချားစ် ဒစ်ကင်စ်၊ ဒေဗစ် ကော်ပါဖီး (Chares Dickens, David Copperfield)