18 Sep 2024
|
လူငယ်မှသည် လူချမ်းသာဆီသို့
“Put the power of compound interest to work.”
ယခုလက်ငင်းပင်လျှင် ငွေစုဆောင်းသင့်သည့် အဓိကအကြောင်းရင်း ၂ ရပ်ရှိသည်။ ပထမအကြောင်းရင်းမှာ ဆွေးနွေးခဲ့သည့်အတိုင်း ယခုမျက်မှောက်တွင် စတင်ငွေစုရန် ဆင်ခြေများစွာ ပေးတတ်သူတို့မှာ နောင်အခါတွင်လည်း ခက်ခဲနေမည် ဖြစ်သည်။ ယခုဖော်ပြမည်မှာ ချက်ခြင်းလက်ငင်း ငွေစုသင့်သည့် ဒုတိယ်အကြောင်းရင်း ဖြစ်ပါသည်။ ယင်းမှာ စောစောစုဆောင်းခြင်းသည် ကြီးမားသည့် အကျိုးရလာဒ် ထွက်ပေါ်စေသော အကြောင်းရင်း ဖြစ်သည်။
17 Sep 2024
|
လူငယ်မှသည် လူချမ်းသာဆီသို့
“Pay into an emergency fund every month.”
အနာဂတ်အတွက် စုဆောင်းမှု၏ တန်ဖိုးရှိမှုအကြောင်း ပြောပြထားပြီး ဖြစ်သည်။ သို့သော် သင့်တွင် “အရေးပေါ်ကိစ္စရပ်များ” အတွက် ငွေစုစာရင်းရှိဖို့ လိုအပ်ပါသည်။ ယင်းက ဘာကို ဆိုလိုပါသလဲ။ လက်တွေ့ဘဝတွင် မထင်မှတ်သည့် ဖြစ်ရပ်များသေချာပေါက် ရှိနေတတ်သည်။ ကားပျက်ခြင်း၊ အမိုးယိုခြင်း၊ ရေပိုက်ပျက်ခြင်း၊ ကလေးက လက်ကျိုးခြင်း တို့မှာ သာဓကများ ဖြစ်သည်။ ယင်းဖြစ်ရပ်များ ဖြစ်လေ့ဖြစ်ထရှိတတ်သော်လည်း ဖြစ်သည့်အချိန်၊ အတိမ်အနက်တို့မှာ ကွာခြားတတ်သည်။ ရှည်ကြာသည့် ကာလတိုင်းအတာတစ်ခုတွင် အိမ်ထောင်စု အားလုံးတို့က ယင်းကဲ့သို့ ကိစ္စရပ်များအတွက် ကြီးမားသည့် ကုန်ကျစရိတ်များ ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြပေလိမ့်မည်။ ထို့ကြောင့် ယင်းအရေးပေါ်ကိစ္စရပ်များအတွက် ပြင်ပြင်ဆင်ဆင် ရှိသင့်ပေသည်။ အရေးအကြောင်းအတွက် ငွေစုစာရင်းသည် ယင်းကိစ္စများအတွက် ဖြစ်သည်။ ယင်းငွေစုစာရင်းက သင်မမျှော်လင့်သည့် ကုန်ကျမှုများကို စိတ်ပူပန်မှုမရှိစေဘဲ ငွေရေးကြေးရေး ပြဿနာတစ်ရပ် မကြုံရစေဘဲ ကူညီဖြေရှင်းပေးလိမ့်မည် ဖြစ်သည်။
16 Sep 2024
|
လူငယ်မှသည် လူချမ်းသာဆီသို့
“Spend strategically.”
ကျွန်တော်တို့အများစုက ယနေ့စွန့်လွှတ်စရာမလိုဘဲ အနာဂတ်တွင် ပိုမိုရရှိမည့် အနေအထားကို လိုလားကြသည်။ ပျမ်းမျှဝင်ငွေအထက် ရှာနိုင်သူများ အပါအဝင် လူပုဂ္ဂိုလ်များစွာတို့က ယင်းရည်မှန်းချက်ကို ထိခိုက်စေသည့် အရာ ၂ ခုကို လုပ်ဆောင်ကြသည်။ ပထမအချက်မှာ မတတ်နိုင်သေးသည့် ပစ္စည်းများ ဝယ်ယူကြသည်။ ဒုတိယအချက်မှာ တစ်ပတ်ရစ်ပစ္စည်းများက အသုံးဝင်သေးပြီး စီးပွားရေးအရ တွက်ချေကိုက်သည့်တိုင်အောင် ပစ္စည်းသစ်များ ဝယ်ယူလိုကြသည်။