⛈️ ကြာတောမှရွာသောမိုး - ခင်နှင်းယု

|

ကြာတော၌ရွာသောမိုး - ပေါက္ခရဝဿမိုး - မိုးရွာသော််လည်း စွတ်စိုလိုသောသူအဖို့သာ စွတ်စိုပြီး မစွတ်စိုလိုသောသူအဖို့ မစွတ်စိုချေ

ဘဝဟူသည် ရယူခြင်းမဟုတ်၊ ပေးဆပ်နေရခြင်း ဖြစ်သည်။

(ပေးဆပ်ရခြင်း ဝတ္ထုတိုမှ)

👩‍💻 စာသင်ခန်းအပမှ ဗဟုသုတများ - ခင်မျိုးချစ်

|

မျက်မှောက်ခေတ် ကျောင်းသားတွေမှတကယ် ဒုက္ခတွေ့နေကြသည်။ စာမေးပွဲ မအောင်နိုင် တဖုန်းဖုန်းကျသဖြင့် မျက်နှာမရသည့်အထဲတွင် တဖန် “ခုခေတ် ဘီအေက အလကားပါ၊ ရှေးက ဆယ်တန်းလောက်မှမတတ်ပါဘူး” ဟု ပြောသူက ပြော။ “ကျောင်းနေလို့ ဘယ်နှစ်တန်းဘဲ အောင်အောင်၊ လူတော်ချင်မှ တော်တာပါ၊ ကျောင်းစာမေးပွဲအောင်တိုင်းလဲ လူမဖြစ်ပါဘူး” ဟုဆိုသူကဆိုနှင့် စာမေးပွဲ မအောင် ပြန်တော့လည်း မအောင်ရမလား၊ အောင်ပြန်ပါလည်း ကျောင်းက ပေးတဲ့ အဆင့်အတန်းနှင့် လူရဲ့အရည်အချင်းကို မဆုံးဖြတ်နိုင်ပါဘူးဟုဆိုခံရကြပြန်လေသည်။

💵 ယူရိုဒေါ်လာစျေးကွက်

|

နိဒါန်း

နိုင်ငံအချင်းချင်း စီးပွားရေးအရဆက်သွယ်မှု အမျိုးမျိုးရှိရာ ယင်းဆက်သွယ်မှုများ၏ အခြေအနေကို နိုင်ငံချင်း ငွေကြေးပေးယူမှု အခြေအနေက သရုပ်ဖော်လျက်ရှိ၏။ နိုင်ငံအချင်းချင်း ငွေကြေးအပေးအယူ ပြုလုပ်ပုံ တရပ်လုံးသည် နိုင်ငံချင်း  ငွေကြေးစနစ်အဖြစ် တည်ရှိ၏။ နိုင်ငံချင်း ငွေကြေးစနစ်တွင် ငွေကြေးအပေးအယူ ပြုလုပ်ရာ၌ အသုံးပြုသည့် ငွေကြေးမလုံလောက်သည့်ပြဿနာ မကြာခဏ ပေါ်ပေါက်ခဲ့သည်ကို သမိုင်းက ပြလျက်ရှိ၏။ ထိုကဲ့သို့ ပြဿနာပေါ်ပေါက်တိုင်း သက်ဆိုင်ရာနိုင်ငံများ ပူးပေါင်းကာ ငွေအပေးအယူ အစီအစဥ်သစ်များကို ပြုလုပ်ကြလေသည်။ ပုံစံအားဖြင့် ဒုတိယကမ္ဘာစစ်အပြီးတွင် စတင်ပေါ်ပေါက်လာသော အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့ (The International Monetary Fund) သည် နိုင်ငံအများအပြားက ပူးပေါင်းပြုလုပ်ခဲ့သော အစီအစဥ်တရပ်ဖြစ်၏။