🌼 ငါလိုချင်တဲ့ ဘဝ
26 Mar 2024 | ပေါ်လာသမျှ အတွေးများ- ငါစိတ်ကို ငါထိန်းချုပ်နိုင်နေပြီ။
- ဖြစ်သင့်တာကို ဦးစားပေးနေပြီ။
- လိုအပ်မှု အနည်းဆုံးနှင့် ဘဝကို ရပ်တည်နေပြီ။
တနေ့က xAi ကို စတင်မိတ်ဆက်တာကို တွေ့လိုက်တယ်။ အဲမှာပါဝင်ကြတဲ့ သူတွေအကြောင်းကို သွားလေ့လာကြည့်မိတယ်။ အဲလို့ကြည့်မိနေတုန် စိတ်ထဲမှာ “သူတို့ တွေက ဘာလို့ အရမ်းတော်ကြတာလဲ။” ပြီးတော့ “သူတို့တွေ အဲလို ဖြစ်လာအောင် သူတို့လုပ်ကြတာလဲ“ စတဲ့ စတဲ အတွေးတွေ ခေါင်မှာပေါ်လာတယ်။
အခုတစ်လော စိတ်ထဲမှာ ဘယ် ဘာသာရပ်တစ်ခုခုကို အသေးစိတ် အချိန်ယူပြီး လေ့လာမလဲဆိုတဲ့ မေးခွန်းနဲ့ အတော်လေး ခေါင်းခဲနေခဲတယ်။ နေ့စဥ်မပျက် လေ့လာပြီး သိချင်စိတ်ကို နိုးဆွပေးနိုင်စေလောက်တဲ့ ဘာသာရပ် တစ်ခုခုမျိုးပေါ့။ တကယ်လို့ တစ်သက်လုံးအတွက် အလုပ်အကိုင်း တစ်ခုကို ရွေးချယ်မယ်ဆိုရင်၊ ဒါမှမဟုတ် နောက် ၁၀ နှစ်လောက် အချိန်အတိုင်းအတာတစ်ခုပေးပြီး ကိုယ်ရဲ့ ပင်တိုင်း အသက်မွေးဝမ်းကျောင်း တစ်ခုအနေနဲ့ ရပ်တည်နိုင်မဲ့ အရာရာ တစ်ခုခုကို ရွေးခြယ်ချင်ခဲ့တာမျိုးပေါ့။