အလှထူးပါဘိ မြဖူးပြာအငုံ

|

အလှထူးပါဘိ
မြဖူးပြာအငုံနှင့်
လွှာရုံမှာ ညှာစုံကျင်းရော့ထင်
ဖြူဝင်း ငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံခဲ့ သူ့ခြံမှာ။

ခွင့်သာခိုက်မှ မလိုက်ချင်းလျှင်

|

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲကမှ မခဲချင်းလျှင်
အလွှဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာတုန်းမှာ မရုန်းချင်းလျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

တစ်မိုးသောက်တော့ ရောက်လာမှာပါ

|

ဖြတ်ရမည့်လမ်း ခရီးကြမ်းနှင့်
စမ်းတဝါးဝါး လျှိုမြောင်ကြားကို
အားကိုးရာမဲ့ သွားတော့တဲ့လား။

ထားခဲ့ပါကွယ်
ဘယ်ဝယ်တောင်မြောက် လမ်းစ ပျောက်လည်း
တစ်ယောက်တည်းပဲ နေရဲပါ့မယ်။