💪🪴 ကာလရှည် ရည်မှန်းချက်များအတွက် စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံပါ၊ ငွေကြေးလိုအပ်ချက်ရှိလာသည့်အခါ ချေးငွေစာချုပ် အချိုးအစားတိုးမြှင့်ပါ။

|

“Adjust your asset mix to match the timing of financial goals.

စတော့မျိုးစုံကို ကာလတစ်ခုမျှ ဖြန့်ကြက် ကိုင်ဆောင်သည့် အခါ အတိတ်ဖြစ်စဥ်အရ အမြတ်များပြီး အထိုက်အလျောက် တည်ငြိမ်သည့် အမြတ်တစ်ခု ရရှိခဲ့သည်။

🧳 ညွှန်းကိန်းဖြင့်ပြသော စုပေါင်းရင်နှီးမြှုပ်နှံမှု ရန်ပုံငွေများသည် စွန့်စားမှုများများစားစား ယူစရာမလိုပဲ ကျွမ်းကျင်သူများထက် ပိုကောင်းအောင် ရွေးချယ်ဝယ်ယူနိုင်သည်။

|

“Indexed equity mutual funds can help you outperform the experts.”

အမေရိကန်များစွာတို့က စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းမှ ရှောင်ကြဥ်တတ်ကြသည်။ အကြောင်းမှာ အနာဂတ်တွင် ပေါက်မြောက်နိုင်ခြေရှိသော စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ဖော်ထုတ်နိုင်သည့် ကျွမ်းကျင်မှု သို့မဟုတ် ယင်းသို့လုပ်ဆောင်ရန် အချိန်မရှိဟု အထင်ရှိကြသောကြောင့် ဖြစ်သည်။ အနာဂတ်တွင် မည်သည့်စီးပွားရေးမှာ အလားအလာရှိသည်ကို ဟောကိန်းထုတ်ရန် ကြိုးစားရာတွင် အခက်အခဲများရှိသည်မှာ အမှန်ပင် ဖြစ်သည်။

🐣 ကြက်ဥအားလုံးကို ခြင်းတစ်ခြင်းထဲ အကုန်မထည့်ပါနှင့်၊ ဖြန့်ကျက်ခွဲထည့်ပါ။

|

“Diversify: Don’t put all your eggs in one basket.”

ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရာတွင် စွန့်စားရမှု ရှိနေပါသည်။ အိမ်ခြံမြေတစ်ခု၏ ကာလပေါက်စျေး သို့မဟုတ် ကော်အိုရေးရှင်းတစ်ခု၏ အစုရှယ်ယာစျေးနှုန်းသည် အချိန်တိုအတွင်း ရုတ်ရက် ပြောင်းလဲသွားနိုင်သည်။ အရည်အသွေးမြင့် ငွေချေးစာချုပ်များမှာကဲ့သို့ အမည်ခံ အကျိုးအမြတ် (norminal return) မှာ သေချာသည့်တိုင်တောင် အတိုးနှုန်းအပြောင်းအလဲနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ပိုင်ဆိုင်မှုများ၏ တန်ဖိုးမှာ သိသိသာသာ ပြောင်းလဲသွားနိုင်သည်။ မိမိ၏ ဥစ္စာဓနအများစုကို အိမ်ခြံမြေတစ်ခုတွင်သာ သို့မဟုတ် ကော်အိုပိုရေးရှင်းတစ်ချို့၏ စတော့ရှယ်ယာများတွင်သာ ဝယ်ယူမြှုပ်နှံထားပါက မိမိသည် အလွန်ပင်ပျော့ကွက်ရှိသည့် ပိုင်ဆိုင်မှုများဆုံးရှုံးနိုင်သည့် အနေအထားနှင့် နီးစပ်နေပါသည်။ နာမည်ကြီးပြီး အများက ယုံကြည့်ရသော လုပ်ငန်းကြီးများ၏ အစုရှယ်ယာများတွင် ပိုင်ဆိုင်မှုအများစုကို အောတိုက်ထည့်ဝင်ထား ကြီးမာသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည့် သာဓကများရှိပါသည်။