Huawei ၏ ကံကြမ္မာ (Fate of Huawei)

|

၁။ ဘာတွေဖြစ်နေတာလဲ။

Huawei (ကုမ္ပဏီအမည်) သည် သူ့အပေါ် ကျရောက်လာတဲ့ US ရဲ့ ကုန်သွယ်မှုပိတ်ပင်မှု (trade ban) အတွက် ကြိုတင် ပြင်ဆင်ထားကြောင်း ပြောကြား။

၂။ ဘာကို ဆိုလိုချင်တာလဲ။

Huawei သည် သူ၏ဖုန်းများအတွက် မိမိ ကုမ္ပဏီမှ ထုတ်လုပ်ထားသော HongMeng OS ကို Google ရဲ့ Android OS ဖြင့် အစားထိုး ပြောင်သုံးမည်ဟု ပြောလိုက်ပါတယ်။ ဒါ့အပြင် သူ၏ chip ကိုပေးသွင်း (chip suppliers) နေသော Qualcomm chip အစား Hisilicon ( မိမိပိုင် ကုမ္ပဏီ ) ၏ chip ကို သုံးသွားမည်ဟု လဲ ပြောကြားလိုက်ပါတယ်။

၃။ ဘာလို့ စိတ်ဝင်စားမှု ပေးရမှာလဲ။

စာဖတ်သူများအနေဖြင့် Google နှင့် Huawei တို၏ ယခုလို ဖြစ်နေခြင်းကို ကြည့်ချင်အားဖြင့် မိမိတို့ ကိုယ်ပိုင်စီးပွားရေး လုပ်ပါက မိမိ၏ စီးပွားရေး ပုံမှန် လည်ပတ်နိုင်အောင် ပစ္စည်း ပေးသွင်း (supply) ပေးနေသော သူစီမှ မပေးသွင်းနိုင်တော့မည့် အခြေအနေမျိုးကို ရင်ဆိုင်နိုင်ဖို့ အရေးပေါ်အစီအစဉ် (contingency plans) များကို ကြိုတင် ပြင်ထားဖို့ လိုအပ်ကြောင်း မြင်မိမှာဖြစ်ပါတယ်။

ဒီကနေ့ မှတ်သားဖွယ် အဆို။

English Version

TLike a big voice from a big ram,
but with very little wool on it.
Ignore it.
Celtic Wisdom for Business

မြန်မာ ဘာသာပြန်

အကောင်တော့ကြီးပါရဲ့၊
သိုးမှေွှးက တစ်ပင်မှ မရ၊
ဒီလိုသိုးမျိုးရဲ့ အသံကျယ်ကျယ်ကို
ဂရုစိုက်မနေနဲ့။
Celtic စီးပွားရေး အဆို

Reference -

  1. holding-out-on-huawei
  2. Fate of Huawei
  3. Fate of Huawei-2

မှ ကောက်နှုတ်တင်ပြသည်။