၁။ ဘာတွေဖြစ်နေတာလဲ။
IMF မှအခွန် လျှော့ပေါ့ကောက်ခံရန်နှင့် အခြေခံအဆောက်အဦးကို ဦးစားပေး အဆင့်မြှင့်တင်ရန် ဂျာမဏီအား တိုက်တွန်း။
၂။ ဘာကို ဆိုလိုချင်တာလဲ။
IMF သည် Germany အား ဆင်းရဲသောအိမ်ထောင်စုများကို အခွန် လျှော့ပေါ့ ကောက်ခံရန် တိုက်တွန်းလိုက်ပါတယ်။ ဒါအပြင့် မိမိနိုင်ငံ၏ အခြေခံအဆောက်အဦးများအား ဦးစားပေး ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အတွက် တိုက်တွန်းပါတယ်။ ယခုလို့တိုက်တွန်းခြင်းဟာ Germany နိုင်ငံ၏ စီးပွားရေးမညီမျှမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှင့် ကမ္ဘာအလည်တွင် ယှဉ်ပြိုင်နိုင်စွမ်းအား ရေရှည်မှာ တိုးတက်ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။
၃။ ဘာလို့ စိတ်ဝင်စားမှု ပေးရမှာလဲ။
IMFသည် မြန်မာနိုင်ငံကို ငွေကြေးအမြောက်အများ ချေးပေးထားသော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ IMFထံမှ ငွေချေးထားသော နိုင်ငံများသည် သူရဲ့ ထိန်းချုပ်ခြင်းအား အနည်းအများမဆို ခံရမှာပါ။ အခုလို Germanyအား တိုက်တွန်းလိုက်ခြင်းသည် တစ်နည်းအားဖြင့်ပြောရမည်ဆိုပါက Germany နိုင်ငံ၏စီးပွားရေးကို အနည်းအများ ဆိုသလို IMFမှ ထိန်းချုပ်နေခြင်းပင် ဖြစ်ပါတယ်။
ဒီကနေ့ မှတ်သားဖွယ် အဆို။
English Version
The rich can afford compassion;
the poor give of it freely.
Celtic Wisdom for Business
မြန်မာ ဘာသာပြန်
လူချမ်းသာဟာ ရိုင်းပင်း ကူညီနိုင်သူပါ။
ရက်ရက်ရောရော ကူညီပေးတာကတော့ ဆင်းရဲသားများသာ။
Celtic စီးပွားရေး အဆို
Reference -
- https://www.ft.com/content/e18f8952-7895-11e9-bbad-7c18c0ea0201
- https://www.imf.org/en/Countries/DEU တို့မှ ကောက်နှုတ်တင်ပြသည်။
Reference -
မှ ကောက်နှုတ်တင်ပြသည်။