အောင်နိုင်သူ နှင့် ရှုံးနိမ့်သူ အပိုင်း (၂)

၁၆။ အောင်နိုင်သူဟာ နှင်းခဲတွေပေါ်မှာ လမ်းလျှောက်တယ်။ ရှုံးနိမ့်သူက ပရိသတ်ထဲမှာ ထိုင်စရာ နေရာ ရှာနေဆဲဖြစ်တယ်။

၁၇။ အောင်နိုင်သူဟာ မိမိအမှားကို ပြင်ဆင်ဖို့ သိမ်းထားတယ်။ ရှုံးနိမ့်သူဟာ အောင်မြင်မူကို အမှိုက်ပုံးထဲ လွှင့်ပစ်တတ်တယ်။

၁၈။ အောင်နိုင်သူက လေလာတဲ့ အချိန်မှာ ရွက်တင်တယ်။ ရှုံးနိမ့်သူဟာ လေလာမှ ရွက်ချတတ်တယ်။

၁၉။ အောင်နိုင်သူဟာ ငွေကြေးရဲ့ အရှင်သခင်ဖြစ်ပြီး ရှုံးနိမ့်သူက ပိုက်ဆံရဲ့ ကြေးကျွန် ဖြစ်တယ်။

၂၀။ အောင်နိုင်သူ က စိတ်ကူးတွေကို အကောင်းအထည်ဖော်ဖို့ သိမ်းထားတယ်။ ရှုံးနိမ့်သူ ဟာ စိတ်ကူးယဉ်ပြီး လောဘ တက်နေတတ်တယ်။

၂၁။ အောင်နိုင်သူက နောက်တစ်ကြိမ် ကြိုးစားကြစို့ လို့ ဆိုတယ်။ ရှုံးနိမ့်သူက ထူးတော့မှာ မဟုတ်ပါဘူး လို့ ဆိုတယ်။

၂၂။ အောင်နိုင်သူဟာ အပြစ်ရှိပေမယ့် အပြစ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တယ်။ ရှုံးနိမ့်သူဟာ အပြစ်မရှိသည့်တိုင် သူရဲဘောကြောင်နေတယ်။

၂၃။ အောင်နိုင်သူဟာ ချွေးသံထွက်ခြင်းမှာ ယုံကြည်မူ ရှိသလောက် ရှုံးနိမ့်သူဟာ ကံကောင်းမယ့် အချိန်ကို စောင့်နေတယ်။

၂၄။ အောင်နိုင်သူက အာရုံကို နိုးထစေပြီး ရှုံးနိမ့်သူ ကတော့ အာရုံလာပြီး နိုးထရတယ်။

၂၅။ အောင်နိုင်သူဟာ ရှေ့သို့သွားရင်း တွက်ချက်တယ်။ ရှုံးနိမ့်သူက ဘာမှမလုပ်ခင် တွက်ချက်နေတယ်။

၂၆။ အောင်နိုင်သူဟာ သူများ ပြောစကားကို နားထောင်တယ်။ ရှုံးနိမ့်သူက ပြောရမည့်အလှည့်ကို စောင့်နေတယ်။

၂၇။ အောင်နိုင်သူဟာ သိမ်မွေ့ရိုးသားတယ်။ ရှုံးနိမ့်သူဟာ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်တယ်။

၂၈။ အောင်နိုင်သူဟာ လမ်းများစွာကို ထွင်ပြီး စဉ်းစားတယ်။ ရှုံးနိမ့်သူဟာ တစ်လမ်းတည်း သွားတယ်။

၂၉။ အောင်နိုင်သူဟာ မိမိထက်သာသူထံမှ သင်ယူဖို့ စဉ်းစားတယ်။ ရှုံးနိမ့်သူကတော့ ဝန်တိုမှုတွေနဲ့ ပြည့်ကျပ်နေတယ်။ သူ့ထက်သာသူရဲ့ ကိုယ်ကျပ်အကျီထဲ လစ်ဟာမယ့် အပေါက်ကနေ ဓားနဲထိုးဖို့ ချောင်းနေတယ်။

၃ဝ။ အောင်နိုင်သူဟာ ကိုယ့်ထက် နိမ့်ကျသူနဲ့ တွေ့တဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာနဲ့ ပေါင်းသင်းတယ်။ ရှုံးနိမ့်သူက မိမိထက် နိမ့်ကျသူကို အနိုင်ကျင့်စေခိုင်းတတ်တယ်။