၁။ အောင်နိုင်သူဟာ စကားကို အလုပ်နဲ့ သက်သေပြတက်တယ်။ ရှုံးနိမ့်သူက ဆင်ခြေဆင်လက်နဲ့ ကာကွယ်တယ်။
၂။ အောင်နိုင်သူဟာ ဘဝကို တာဝန်ယူပြီး တည်ဆောက်တယ်။ ရှုံးနိမ့်သူ က မတည်နိုင်တဲ့ ကတိတွေကိုပဲ ပေးနေတတ်တယ်။
၃။ အောင်နိုင််သူက အပြစ်ပေးခံရမှာ မကြောက်ဘဲ စွန့်စားပြီး ဆုကိုရအောင် ယူတယ်။ ရှုံးနိမ့်သူက မတရားနည်းလမ်းတွေနဲ့ ပရိယာယ်တွေသုံးပြီး ဆုနောက်ကို အရှက်နည်းစွာ နဲ့ လိုက်တယ်။
၄။ အောင်နိုင်သူဟာ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကူညီဆောင်ရွက်ပြီး မြင့်မားတဲ့ အဆင်းအတန်းကိုရယူတယ်။ ရှုံးနိမ့်သူက အဆင့်အတန်းကို ကိုးကွယ်ပြီး နောက်ဆုံး အရှက်တကွဲ အကျိုးနည်းဖြစ်ရတယ်။
၅။ အောင်နိုင်သူက အမှားတစ်စုံတစ်ရာ လုပ်မိရင် အမှား ဝန်ခံတယ်။ ရှုံးနိမ့်သူဟာ ညည်းတွားရင်း သူများကို အပြစ်လိုက်တင်တယ်။
၆။ အောင်နိုင်သူရဲ့နှုတ်မှာ အမှန်တရားတွေ ပြည့်နေပေမယ့်။ ရူံးနိမ့်သူရဲ့ နှုတ်ဖျား မှာတော့ ဆင်ခြေဆင်လက်တွေ ပြည့်နေတယ်။
၇။ အောင်နိုင်သူက ဟုတ်တယ် ၊ မဟုတ်ဘူးလို့ဘဲ ပြောတယ်။ ရှုံးနိမ့်သူက ဖြစ်ချင်း ဖြစ်မယ်လို့ပြောတယ်။
၈။ အောင်နိုင်သူက ကလေးငယ်တစ်ဦးကို တောင်းပန်ဖို့ ဝန်မလေးဘူး။ ရှုံးနိမ့်သူက လူကြီးသူမကို အရိုအသေ ပေးဖို့ ခက်နေတယ်။
၉။ အောင်နိုင်သူက ကျတယ်။ ပြန်ထတယ် ။ ရှေ့ကို မျက်နှာမူတယ်။ ရှုံးနိမ့်သူက နောက်ပြန်လည့်တော့တာပဲ။
၁၀။ အောင်နိုင်သူအတွက် တစ်နေ့ မှာ (၂၅) နာရီ ရှိတယ် ။ ရှုံးနိမ့်သူ အတွက် (၂၃) နာရီပဲ ရှိတယ်။
၁၁။ အောင်နိုင်သူက အလုပ်ကိုကြိုးစားလုပ်တယ်။ ပြီးတော့မှ အနားယူတယ်။ ရူံးနိမ့်သူဟာ အလုပ်ကိုအရင်စလုပ်တယ်။ ပြီးတော့ အချိန်ကို ဖြုန်းပစ်တယ်။
၁၂။ အောင်နိုင်သူဟာ အချိန်ကို စီးနင်းမောင်းနှင်သူ ဖြစ်တယ်။ ရှုံးနိမ့်သူက အောင်ပွဲကို မယုံရဲသူ ဖြစ်တယ်။
၁၃။ အောင်နိုင်သူဟာ အောင်ပွဲကိုရဖို့ အတွက် အလုပ်လုပ်တယ်။ ရှုံးနိမ့်သူက အလုပ်မလုပ်ဘဲ အောင်ပွဲ ကို ရချင်းတယ်။
၁၄။ အောင်နိုင်သူဟာ တိမ်တွေကို ကျော်ပြီး နေကိုပဲ မြင်တယ်။ ရှုံးနိမ့်သူက တိမ်တွေထဲက မိုးသားတွေကိုပဲ မြင်တယ်။
၁၅။ အောင်မြင်သူက လဲကျပြီး ပြန်ထရတဲ့အရသာကို နှစ်ခြိုက်တယ်။ ရှုံးနိမ့်သူဟာ လဲကျရခြင်းအတွက် ကံဆိုးလေစွလို့ ညည်းညူ တတ်တယ်။