တစ်မိုးသောက်တော့ ရောက်လာမှာပါ

|

ဖြတ်ရမည့်လမ်း ခရီးကြမ်းနှင့်
စမ်းတဝါးဝါး လျှိုမြောင်ကြားကို
အားကိုးရာမဲ့ သွားတော့တဲ့လား။

ထားခဲ့ပါကွယ်
ဘယ်ဝယ်တောင်မြောက် လမ်းစ ပျောက်လည်း
တစ်ယောက်တည်းပဲ နေရဲပါ့မယ်။

ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ

|

‘ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ’ ဆိုတဲ့ စကားလုံးတွေ ဘယ်လိုဖြစ်ပေါ်လာလဲ ဆိုတာ သင်သိပါသလား။

စမ်းသပ်မှုတစ်ခုရှိခဲ့ဖူးတယ်။ မျောက် ၅ ကောင်ကို အခန်းငယ် တစ်ခုထဲ ထည့်ထားတယ်။ အခန်းရဲ့ ဒေါင့်တစ်နေရာမှာ ငှက်ပျောတစ်ခိုင်ကို ချိတ်ဆွဲထားတယ်။ စမ်းသပ်မှု လုပ်တဲ့ သူက ငှက်ပျောခိုင်ထားတဲ့နေရာမှာ ရေထွက်တဲ့ ပိုက်ကြီး တစ်ခု ထားထားတယ်။

ဘဝခရီးလမ်း ၊ ရွှေစည်းကမ်း (Golden Rules for living)

|
  • သင် (တံခါး ) ဖွင့်ခဲ့တာလား ၊ တံခါး ပြန်ပိတ်သွား။
  • သင် ခလုတ်ဖွင့်တာလား ၊ ခလုတ်ပြန်ပိတ်သွား။
  • သင် သော့ဖွင့်ခဲ့တာ လား ၊ သော့ ပြန်ခတ်သွား။
  • သင် ချိုးဖောက်ခဲ့တာလား ၊ ဝန်ခံသွားပါ။
  • သင် မပြင်တတ်ဘူးလား ၊ နားလည်သူခေါ်လိုက်ပါ။
  • သင် ချေးငှားထားတာလား ၊ ပြန်ပေးသွားပါ။