တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ ကြာချိန် - How long it takes to start a business legally

|

အာလုံးပဲ မင်္ဂလာပါ။

မကြာသေးခင်က World Bank သည် ကမ္ဘာတဝှမ်းမှာ ဘယ်နိုင်ငံတွေက တရားဝင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ဖို့ ပုံမှန်ကြာချိန် ဘယ်လောက်ကြာသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်မှု (rankings) တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အဲထုတ်ပြန်ချက်အရ ထိပ်ဆုံးမှာ ရှိနေတာကတော့ China, India နဲ့ Saudi Arabia တို့ပဲ ဖြစ်ပါတယ်။

အဲ ထုတ်ပြန်ချက်ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ ကမ္ဘာတဝှမ်းမှာ စီးပွားရေးလုပ်ရတာ ဘယ်လောက် လွယ်ကူလဲ ဆိုတာ သိဖို့ ဖြစ်ပါတယ်။ ဘာတွေနဲ့ တိုင်းတာလဲဆိုတော့ -

၁။ လုပ်ငန်းအတွက် လိုအပ်တဲ့ လျှပ်စစ်မီး ရဖို့က ပုံမှန် ဘယ်လောက်ကြာတာလဲ ဆိုတာ၊ (How easy it would be for a company to obtain an electricity connection.)

၂။ စီးပွားရေး အရ အသုံးပြုဖို့ ဂိုဒေါင်တို့ ဘာတို့ ဝယ်ယူတဲ့အခါ က ပိုင်ဆိုင်မှုဆိုင်ရာ လွှဲပြောင်းမှု တွေ လုပ်တာက ဘယ်လောက်ကြာတယ် ဆိုတာရယ်၊ (Transfer the title of a warehouse.)

၃။ တရား၀င် လုပ်ငန်း စတင်လည်ပတ်ဖို့ လိုအပ်တဲ့ ငွေချေးငှားရန် အကြွေးစာချုပ်ပြဌာန်ခြင်း၊ (Enforce a debt contract.)

၄။ ပြီးတော့ လုပ်ငန်းက ရတဲ့ အမြတ်အစွန်း အတွက် ပေးဖို့ လိုအပ်တဲ့ အခွန်တွေ ပေးဆောင်ဖို့ လုပ်ဆောင်ရာမှာ ဘယ်လောက်မြန်လဲဆိုတာ၊ (Pay its taxes)

စတာတွေ ဖြစ်ပါတယ်။

ပြည်သူတွေ ဘဏ်ကို ယုံကြည်မှု မရှိတဲအခါဝယ် - When A Country Doesn't Trust Its Banks

|

အာလုံးပဲ မင်္ဂလာပါ။

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာဆိုရင် တစ်ရက်ပြီး တစ်ရက်၊ တစ်နေပြီး တစ်နေ အသစ် အသစ် တွေ နဲ့ အမြဲမပျက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူငယ်တွေ အတွက်တော့ တစ်နေတာ ဘဝ ကို ရုန်ကန်း ဖြတ်သန်နေတာနဲ့တင် မိမိတို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ အချိန်၊ စိတ်စွမ်းအားများ လည်း အထူးတလည် ရှိမနေတတ်ပါဘူး။

တစ်နေတစ်နေ့ များပြားလွန်းကဲတဲ့ သတင်းအချက်လတ်တွေနဲ့ ဘယ်အရာကို မိမိတို့ လူငယ် တွေ အချိန်ပေးသင့်သလဲ ဆိုတာကိုတောင် ဝေခွဲရခက်နေတဲ့ အခြေအနေးမျိုး ရောက်နေတဲ့ ခေတ်ကြီးဖြစ်တဲ့အတွက် မိမိတို့ လူငယ်တွေ အချိန်မပေးချင်းတာလဲ အပြစ်တော့မဟုတ်ပြန်ပါဘူး။

ဒါပေမဲ့ မိမိတို့ လူငယ်တွေမှာ တစ်ရက်ကို နည်းနည်းစီး မိမိ တို့ သိချင် တက်ချင်တာလေများကို ရှားဖွေး ဖတ်တတ်တဲ့ အကျင့်ကောင်းလေးများလဲ ရှိနေတာလေကိုလဲ သတိပြုမိပါတယ်။

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ရဲ့ အရေးပါမှု - No Poverty: Why it matters

|

၁။ ဘာလို ကမ္ဘာ့နေရာတော်တော်များများမှာ ဆင်ရဲနွမ်းပါးမှု က အခုအချိန် အထိ ရှိနေတာလဲ။
Why is there so much poverty in the world?

ဆင်ရဲနွမ်းပါးမှု ရဲ့ အကြောင်းအရင်ခံတွေက ပုံစံ အမျိုးမျိုး ရှိပါတယ်။ အဓိက အကြောင်းခံတွေက တော့

  • အလုပ်အကိုင်မရှိတာ
  • လူမှုအဖွဲအစည်မှာ နေရာဖယ်ထားခံရတာ
  • သဘာဝ ဘေးဒုက္ခတွေ ဖြစ်မှုများတာ
  • ရောဂါဘေးဆိုးစိုက်ရောက်တာ
  • စိတ်အေးလက်အေး အလုပ် လုပ်ကိုင်ခွင့် နည်းတာ စတာ တွေက လူအများစု ကို ဆင်းရဲနွမ်းပါးမှု ကနေ ရုန်ထွက်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။

Poverty has many dimensions, but its causes include unemployment, social exclusion, and high vulnerability of certain populations to disasters, diseases and other phenomena that prevent them from being productive.