04 May 2020
|
ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီး
၁။ Monetary နဲ့ Fiscal Stimulus ဆိုတာ ဘာကို ပြောတာဖြစ်ပါသလဲ။
ခုလောလောဆယ်ဆယ် နာမည်ကြီးနေတဲ့ ကိုမြင့်နိုင် (Covid-19) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲ့ စီးပွားရေး လုပ်ငန်းများနဲ့ ပြည်သူများ အကျိုးအလိုငှာ လက်ရှိ လုပ်ဆောင်သွားဆဲ နှင့် နောက်ထပ် လုပ်ဆောင်သွားမဲ့ Action Plans များကို COVID-19 Economic Relief Plan (CERP) ဆိုပြီး ပြည်သူ့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အဲ့အထဲမှာဆိုရင် မိမိတို့ လူငယ်တွေ လေ့လာစရာ သင်ယူစရာတွေ အများအပြားကို ပါရှိနေတာကို တွေ့မိပါတယ်။ အထူးသဖြင့် အဓိကတွေ့ရတဲ့ အထဲမှာ Monetary Policy ( ငွေကြေးဆိုင်ရာ မူဝါဒ) များကို သုံးထားတဲ့ လုပ်ဆောင်ချက်များနှင့်တကွ Fiscal Policy (ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ) ကိုပါ အသုံးပြုထားတဲ့ လုပ်ဆောင်ချက်တွေတော်တော်များများ ပါနေတာ ကို သတိထားမိပါတယ်။
13 Apr 2020
|
၃ မိနစ် အတွေးအမြင်
၁။ ဒီကပ်ဆိုး ဖြစ်နေတဲ့ကာလအတွင်းမှာ လူတွေရဲ့ အပြုအမူတွေ ဘယ်လို ပြောင်းလဲလာနိုင်သလဲ။
အားလုံးလဲ သိတဲ့အတိုင်း ခုအချိန်ဟာဆိုရင် မိမိတို့အားလုံး ဒီကပ်ဆိုးကြီးထဲမှာနေ နေရတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ဒီတော့ လူတွေရဲ့ အပြုအမူများကလဲ အခြေအနေ အချိန်အခါအရ ပြောင်းလဲလာမှုတွေ ကမ္ဘာတဝှမ်းမှာ ဖြစ်ပေါ်လျှက် ရှိပါတယ်။ အထူးသဖြင့် အသက်ရှင်နေထိုင်ဖို့အတွက် အဓိက လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းများ ပတ်သက်ပြီးတော့ပေါ့။ ကမ္ဘာတဝှမ်းမှာ လူတွေ စားသောက်ကုန် ပစ္စည်း အလုအယက် ဝယ်နေကြတဲ့ အပြုအမူတွေဟာဆိုရင် အသစ်အဆန်းလို ဖြစ်နေပါတယ်။
08 Mar 2020
|
ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီး
ခုတစ်လော အားလုံး သိတဲ့အတိုင်း Covid-19 နဲ့ ပတ်သက်ပြီး နေရာတိုင်းမှာ မကြားချင်းမှအဆုံး သတင်းအစုံးပါပဲ။ အထူးသဖြင့် စျေးဝယ်စင်တာတွေမှာ ပစ္စည်း လက်ကျန်းတွေ မရှိတော့တာတဲ့ ပတ်သက်ပြီး ပုံတွေ လိုင်းပေါ်မှာ တက်လာပြီးကြောင့် လူတော်တော်များများကို အလန်းတကြာ ဖြစ်စေပါတယ်။
Covid-19 နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံမှာတော့ တရုတ်ကနေ ပစ္စည်းယူပြီး အလုပ်နေရတဲ့ လုပ်ငန်းတွေ အလုပ်ပျက်နေတာကလွဲပြီး တစ်ခြား ဘာမှ ထွေးထွေးထူးထူး သိပ်မရှိပါဘူး။ ဒါပေးမဲ့ တစ်ခြားနိုင်ငံတွေမှာတော့ ပိုင်းရစ်နဲ့ ပတ်သက်ပြီး ဆိုးရိမ်းမှုတွေများတာကြောင့် လုပ်ငန်းအများစု လည်းပတ်ဖို့ အခက်အခဲ့ ကြုံ့နေရပါတယ်။