💪 သူတစ်ပါးကို ကူညီးခြင်းသည် ဝင်ငွေရှာဖွေခြင်း ဖြစ်သည်။

|

ထုတ်လုပ်နိုင်စွမ်းရည်၊ ကြိုက်နှစ်သက်မှုများ၊ အခွင့်အလမ်းများ၊ အထူးပြုကျွမ်းကျင်မှု၊ စွန့်စားလုပ်ကိုင်လိုစိတ်၊ ကံအကျိုးပေး စသည်တို့တွင် လူတစ်ဦးနှင့်တစ်ဦး များစွာ ခြားနားတတ်ကြသည်။ ယင်းခြားနားချက်များသည် လူတစ်ဦးချင်းစီ၏ ဝင်ငွေရရှိမှုအပေါ် သက်ရောက်မှုရှိသည်။ အကြောင်းမှာ ယင်းခြားနားမှုတို့မှ အခြားသူများကို ပံ့ပိုးပေးသော ကုန်စည်များနှင့် ဝန်ဆောင်မှု၏ တန်ဖိုးအား ပြောင်းလဲစေသောကြောင့် ဖြစ်သည်။

စျေးကွက်စီးပွားရေးစနစ်တွင် ဝင်ငွေအမြောက်အများ ရှာဖွေသူများသည် အခြားသူများ တန်ဖိုးထားသည့် အရာများစွာကို ပံ့ပိုးပေးသည်ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍သာ ယင်းပုဂ္ဂိုလ်အသီးသီးတို့သည် စားသုံးသူများ တန်ဖိုးထားသည့် ကုန်ပစည်များ၊ ဝန်ဆောင်မှုများကို မဖန်တီးခဲ့သည်ရှိသော် စားသုံးသူများအနေဖြင့် ရက်ရောစွာ ဝယ်ယူသုံးစွဲကြမည် မဟုတ်ပေ။ ဤနေရာတွင် ကျင့်ဝတ်တစ်ခုရှိသည်။ ယင်းမှာ မိမိအနေဖြင့် ဝင်ငွေကောင်းကောင်းရလိုလျှင် အခြားသူများအား မည်သို့ အကောင်းဆုံးကူညီရမည်ကို နားလည်ထားရမည် ဖြစ်သည်။ တနည်းပြောရလျှင် မိမိက အခြားသူများကို မကူညီနိုင်လျှင် ကူညီလိုစိတ် မရှိလျှင် မိမိဝင်ငွေလည်း နည်းမည် ဖြစ်သည်။

အခြားသူများအား ကူညီမှုနှင့် ဝင်ငွေရရှိမှုတို့အကြား တိုက်ရိုက်ဆက်စပ်မှုရှိခြင်းသည် မိမိတတို့ တစ်ဦးချင်၏ ကျွမ်းကျင်မှု ရရှိ၍ အရည်အချင်းမြှင့်တင်ပြီး တန်ဖိုးရှိသော ကုန်စည်များနှင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် ကြီးမားသောဆွဲဆောင်မှုတစ်ခု ဖြစ်စေပါသည်။ ကော်လိပ်ကျောင်းသားများသည် ဆရာဝန်းများ၊ ဓာတုပညာရှင်များ၊ စာရင်းကိုင်များ၊ အင်ဂျင်နီယာများ ဖြစ်လာရန် နာရီများစွာ စာကျက်ကြသည်၊ စိတ်ဖိစီးမှုများ ကြံ့ကြံ့ခံကြသည်၊ ကျောင်းစရိတ်များစွာ အကုန်အကျခံကြသည်။ အချို့ပုဂ္ဂိုလ်များမှာ လျှပ်စစ်ပညာရှင်များ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်သားများ သို့မဟုတ် ကွန်ပြူတာ ပရိုဂရမ်မာများ ဖြစ်လာစေရန် အထောက်အကူဖြစ်မည့် သင်တန်းနှင့် အတွေ့အကြုံများကို သင်ယူကြသည်။ အချို့ပုဂ္ဂိုလ်များမှာ လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံခြင်း၊ လုပ်ငန်းတစ်ရပ်ကို စတင်တည်ထောင်ခြင်းများ ပြုလုပ်ကြသည်။ အဘယ်ကြောင့် ယင်းသို့ အသီးသီး လုပ်ဆောင်နေကြပါသလဲ။

အချို့သောပုဂ္ဂိုလ်များမှာ မိမိတို့နေထိုင်ရာ ကမ္ဘာလောကကြီးကို တိုးတက်ကောင်းမွန်စေလိုသည် စိတ်ဆန္ဒပြင်းပြမှုဖြင့် ဆောင်ရွက်ကြသည်။ လူပုဂ္ဂိုလ်တို့သည် ကမ္ဘာလောကြီး တိုးတက်လာအောင် စိတ်မဝင်စားသည့်တိုင် ဝင်ငွေရရှိလိုမှုကြောင့် ကိုယ်ပိုင်ကျွမ်းကျင်မှုများကို မြှင့်တင်၍ အခြားသူများ အဖိုးတန်သည့် ကိစ္စရပ်များကို လုပ်ဆောင်ရန် ဆွဲဆောင်မှုရှိနေသည်။ အခြားသူတို့ တန်ဖိုးထားသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ ပံ့ပိုးခြင်းကြောင့် ဝင်ငွေကောင်းကောင်း ရရှိပါသည်။ ချမ်းသာကြွယ်ဝလိုသူများသည် အခြားသူများ လိုချင်သည့် အရာများအား အထူးအာရုံစိုက်နိုင်လျှင် အကျိုးရှိမည် ဖြစ်ပါသည်။

အချို့က ဝင်ငွေမြင့်မားသူများသည် အခြားသူများအပေါ် အမြတ်ထုတ်သူများ ဖြစ်ရမည်ဟု ထင်တတ်ကြသည်။ သို့သော် စျေးကွက်တွင် ဝင်ငွေများများ ရှာဖွေနိုင်သူများသည် ယေဘုယျအားဖြင့် လူများစွာ၏ ကောင်းကျိုးကို ဆောင်ကြဥ်းပေးကြသူများဖြစ်သည်။ လူသန်းပေါင်းများစွာက အော်ပရာဝင်းဖရေး၏ အစီအစဥ် ကြည့်ရှုရသည်ကို နှစ်သက်ကြသည်။ ထို့ကြောင့် သူမမှာ ဝင်ငွေအမြောက်အမြား ရရှိနေသလို ကြော်ငြာများမှလည်း ဝင်ငွေရရှိသေးသည်။ စီလိုင်းဒီယွန်ဆိုလျှင် သူမ၏ ဂီတအား လူများစွာ နားဆင်လိုသောကြောင့် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေနေသူ ဖြစ်သည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် သူတို့၏ ထုတ်ကုန်များကို စားသုံးသူ သန်းပေါင်းများစွာ ဝယ်ယူ သုံးစွဲလာနိုင်စေခြင်းဖြင့် အောင်မြင်နေကြခြင်း ဖြစ်သည်။ ဝေါမတ်တည်ထောင်သူ ဆမ်ဝေါတန်သည် များပြားလှသည့် ပစ္စည်းအမျိုးအမည်များကို မည်ကဲ့သို့ ထိရောက်စွာ စီမံရမည်၊ နာမည်ပေါက်ပြီးသား ကုန်ပစ္စည်းများကို စျေးချိုချိုဖြင့် အမေရိကန်ပြည်ထောင်စုတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ မိုက်ခရိုဆော့ တည်ထောင်သူနှင့် ဥက္ကဌ ဘီဂိတ်သည် ကွန်ပြူတာများ၏ စွမ်းရည်တိုးစေပြီး လိုက်ဖက်မည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့သည့်အတွက် ဖို့ဘ်မဂ္ဂဇင်းမှ သတ်မှတ်သော ထိပ်တန်းချမ်းသာသူများ ၄၀၀ စာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဝေါတန် သို့မဟုတ် ဘီဂိတ်ကို မကြားဖူးသည့် သန်းပေါင်းများစွာသော စားသုံးသူများပင်လျှင် သူတို့၏ ဉာဏပစ္စည်းများနှင့် ချိုသာသောကုန်ပစ္စည်းများမှ အကျိုးကျေးဇူးများ ခံစားကြရသည်။ ဝေါတန်နှင့် ဘီဂိတ်တို့သည် လူသန်းပေါင်းများစွာကို ကူညီခဲ့သည့်အတွက် ငွေကြေးအမြောက်အများ ရှာဖွေနိုင်ခဲ့ကြသည်။

မြန်မာ စကားပုံ

“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်။”
– A good tree can lodge ten thousand birds.

မှတ်ချက်။