ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်မှာ စုငွေတွေကို ဘယ်လိုထိန်းသိမ်းမလဲ

|

ယခုကဲ့သို့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေတဲ့အချိန်မှာ ကိုယ့်ရဲ့ အနှစ်နှစ်အလလစုဆောင်းလာတဲ့ စုဆောင်းငွေ (saving) တန်ဖိုးမှာလဲ မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှုသာမလုပ်ခဲ့ဘူးဆိုရင် တန်ဖိုးကျဆင်းသွားမှာလဲ အသေအချာပါပဲ။ အဲ့တော့ ဒီလိုချိန်မှာ ကိုယ့်ရဲစုငွေတန်ဖိုးမကျအောင် ဘယ်လိုကာကွယ်နည်းတွေ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်သင့်သလဲဆိုတဲ့ topicကို လူတိုင်းစိတ်၀င်စားကြမယ်လို့ထင်ပါတယ်။

Commodities

Commodities လို့ခေါ်တဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ငွေကြေးဖောင်းပွမှု အပေါ်လိုက်ပြီး မြင့်တက်သွားတဲ့အတွက်ကြောင့် သင့်ရဲ့ saving ပမာဏပေါ်မူတည်ပြီး commodities တွေ၀ယ်ယူစုဆောင်းသင့်ပါတယ်။ သင့်လက်ထဲ ငွေပမာဏ အနည်းငယ်တာရှိမယ်ဆိုရင် စားသောက်ကုန်ကဲ့သို့သော ကုန်ပစ္စည်းများကို တစ်နှစ်စာတန်စေ ၀ယ်ယူစုဆောင်းပါ။ ထို့ထက်ပိုလျှံစွာရှိရင်တော့ ရွှေကဲ့သို့သော hard commodities တွေကို စုဆောင်းသင့်ပါတယ်။

Real Estate

အကယ်၍ သင်ဟာ ငွေကြေးတက်နိုင်တယ်ဆိုရင်တော့ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ခြံမြေဟာ ငွေကြေးဖောင်းပွမှုနဲ့ အတူ အမြဲတမ်း တန်ဖိုး‌ထိုးတက်နေလို့ပါ။ ဒါကြောင့် ဒီလိုချိန်မှာ Real Estate လို့ခေါ်တဲ့ အိမ်ခြံမြေလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုဟာ သင့်ရဲ့ saving မှ value ကို ကာကွယ်ပေးနိုင်ရုံသာမက သင့်အနေနဲ့ အိမ်ငှားခ အနေနဲ့ အပို၀င်ငွေတိုးစေနိုင်ပါတယ်။

Cryptocurrency

Cryptocurrency လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးဟာလည်း ထိန်းချုပ်ထားတဲ့ အစိုးရမရှိတဲ့အပြင် သတ်မှတ်ထားတဲ့ အကန့်အသတ် ပမာဏအထိသာ mining လုပ်လို့ရတာဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပညာရှင်တွေက cryptocurrency ကလဲကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှုလို့ဆိုကြပါတယ်။ ဒီလိုရင်းနှီးမြုပ်နှံဖို့ကလဲ Crypto နဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေ သိရှိနားလည်ဖို့လိုအပ်တာကြောင့် လူတိုင်းတွက်တော့ လွယ်ကူမယ်လို့ မထင်ပါဘူးရှင်။

Invest in Yourself

နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ invest in Yourself ပါ။ အကယ်၍ သင့်မှာ များစွာသော စုဆောင်းငွေတွေလဲ ရှိမနေဘူးဆိုရင်တော့ ဒီအချက်ကအသုံးအ၀င်ဆုံးဖြစ်မှာပါ။ ကမ္ဘာကျော် Billionaire ကြီးဖြစ်တဲ့ Warren Buffett ပြောသလိုပါပဲ ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်နေတဲ့အချိန်မှာ သင့်ရဲစုငွေဟာ အနည်းနဲ့ အများတော့ တန်ဖိုးကျဆင်းမှာပါပဲ။ ဒီလိုချိန်မှာ သင့်ရဲ ကိုယ်ရည်ကိုယ်သွေးကို မြင့်တင်ခြင်းဟာ အကောင်းဆုံ investment ပါဘဲ။ ထိုသို့ ပြုခြင်းအားဖြင့် သင်ဟာ အရည်အချင်းပိုမိုမြင့်လာတဲ့အတွက် ၀င်ငွေလဲတိုးတက်လာနိုင်ပြီး ငွေကြေးတန်ဖိုးတည်ငြိမ်သွားချိန်မှာလဲ တိုးတက်လာတဲ့ ၀င်ငွေတွေနဲ့ တခြားရင်နှီးမြုပ်နှံမှုများစွာ ပြုလုပ်နိုင်ပြီူ ဥစ္စာဓာန ပိုမိုတိုးတက်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ Saving level ပေါ်မူတည်ပြီး အကျိုးရှိရှိ ဆုံးရှုံးမှုတွေကို အတက်နိုင်ဆုံးလျော့ချနိုင်မယ့် decisions ကောင်းကောင်းလေးတွေချနိုင်မယ်လို့ မျော်လင့်ရင် ဒီ topic လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။