ဒီတခါမှာတော့ ကြီးကျယ်မြင့်မြတ်လှစွာသော အမေရိကန်တစ်နိုင်ငံလုံး 2008 ခုနှစ်မှာ ဒုက္ခရောက်ခဲ့တဲ့ အကြောင်းပြောမှာဖြစ်ပါတယ်။ အကြောင်းအရာအားလုံးဟာ 2001 ခုနှစ်မှာ US မှာ recession လို့ခေါ်တဲ့ စီးပွားရေးကျဆင်းမှုကြီးဖြစ်တာက စ ပါတယ်။ ဒီအခြေနေကို ထိန်းပြီး နိုင်ငံအတွင်း စီးပွားရေးတိုးတက်လာစေဖို့ US ရဲ့ ဗဟိုဘဏ်ဟာ 2001 မှ 2007 အထိ အတိုးနှုန်း ကို သိသိသာသာ လျှော့ချလိုက်ပါတယ်။
ရည်ရွယ်ချက်ကတော့ လူတွေ ဘဏ်မှာ အတိုးယူပြီး ငွေစုမဲ့ အစား အခြားရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်လာရန်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လဲ အတိုးသက်သက်သာသာ နဲ့ငွေချေးယူပြီးလုပ်ငန်းချဲ့ထွင်နိုင်ဖို့ ဖြစ်ပါတယ်။ ပိုက်ဆံချမ်းသာတဲ့ ရင်းနှီးမြုပ်နှံသူတွေဟာ အတိုးနှုန်းအလွန်နည်းတဲ့ ဘဏ်မှာငွေစုခြင်းနဲ့ အစိုးရရဲ့ငွေတိုက်စာချုပ်တွေ ဝယ်ယူခြင်းအစား အခြားအမြတ် (return) များများ ရ ပြီး risk နည်းတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရှာဖွေတော့တာပေါ့။ အဲ့ဒီအချိန်မှာ mortgage လို့ခေါ်တဲ့ အရာ တစ်ခုကို တွေ့ပါလေရော။ Mortgage ဆိုတာကတော့ အရစ်ချ ငွေပေးပြီး အိမ်ဝယ်ခြင်း တစ်မျိုးပေါ့။ အိမ်ဝယ်ချင်တဲ့သူ တွေကို ဘဏ်ကအိမ်ဝယ် ပေးထားတယ်။
အိမ်ဝယ်တဲ့သူက ဘဏ်ကို လစဥ် အရစ်ချသတ်မှတ်ငွေပမာဏ အချို့နဲ့ အတိုးပေးရတယ်။ ပုံမှန်အားဖြင့် ဒီလို mortgage ရောင်းတဲ့ အခါမှာ ဘဏ်တွေက အလွန်စိစစ်ကြတယ်။ အိမ်ဝယ်ချင်တဲ့သူဟာ ငွေပြန်ဆပ်နိုင်လောက်တဲ့ ဝင်ငွေလမ်းကြောင်းရှိရဲ့လား၊ သူဟာ အရင်က အကြွေးယူပြီးရင် သေချာ ပုံမှန်ပြန်ဆပ်ရဲ့လား စသဖြင့် credit ကောင်းသလားဆိုတာ သေချာ စိစစ်ပြီးမှ Mortgage စာချုပ်ချုပ်လေ့ရှိပါတယ်။ အဲ့ဒီတော့ investor တွေ အနေနဲ့ကြည့်ရင် ဒါဟာ အလွန်စိတ်ချရတဲ့ risk နည်းပြီး return များတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးပေါ့။
ဒါပေမဲ့ သူတို့ဟာ အိမ်ဝယ်ချင်တဲ့သူတစ်ယောက်ချင်းစီနဲ့ စာချုပ်ချုပ်၊ လစဥ်ငွေ လက်ခံ၊ စာရင်းမှတ်၊ သူတို့ကို အမြဲတမ်းစောင့်ကြည့်နေရတာမျိုး မလုပ်ချင်ဘူးပေါ့။ အဲ့ဒီအခါမှာ Investment banks လို့ခေါ်တဲ့ ရင်းနှီးမြုပ်နှံ ကုမ္ဗဏီ တွေဟာ ဒါငါတို့အတွက် အခွင့်အရေးဘဲဆိုပြီး commercial banks တွေဆီ သွား ပြီး အတိုးနည်းနည်းနဲ့ ငွေ ချေးယူပြီး mortgage တွေ အများကြီး ဝယ်ပါတယ်။
ပြီးတေ့ာ အစုရှယ်ယာ သဘောမျိုး အမျိုးအစား သုံးမျိုးခွဲ လိုက်ပါတယ်။ ပထမ တစ်မျိုးကို Equity လို့ခေါ်တယ်။ Equity ရဲ့ risk ဟာများသလို ပြန်ရမဲ့ return ကလဲ များလှတယ်။ ဒုတိယ အမျိုးအစားကတော့ Mezzanine လို့ခေါ်ပြီး သူရဲ့ risk နဲ့ return ဟာ အလယ် အလတ်လောက်ဘဲ ဖြစ်တယ်။ နောက်ဆုံး တစ်မျိုးကတော့ Senior လို့ခေါ်တယ်။ သူရဲ့ return ဟာနည်းသလို risk ကလဲ နည်းပါတယ်။ ဆိုလိုတာကတော့ investment bank ဟာ အမြတ်ရလာတဲ့ အခါ Senior ကို ဝယ်ထားတဲ့သူ တွေကို အရင် return ပေးတယ်။ ငွေကျန်သေးရင် Mezzanine ပိုင်ဆိုင်သူတွေ ကိုပေးတယ်။ တကယ်လို့ Mezzanine တွေကိုပေးပြီး ငွေမကျန်တော့ရင် Equity ဝယ်ထားတဲသူတွေ က ငွေ မရတော့ဘူးပေါ့။ အဲ့လို သုံးမျိုးခွဲထားတဲ့ ရင်းနှီးမြုပ်နှံမှု ကို Collateralized Debt Obligation (CDO) လို့ခေါ်ပါတယ်။
Investment Banks တွေက ရင်းနှီးမြုပ်နှံသူတွေ ကိုခေါ်ပြီး သူတို့မှာရှိတဲ့ CDO တွေမှာ ရင်းနှီးမြုပ်နှံ နိုင်ကြောင်းပြောတာပေါ့။ ဖြစ်ချင်တော့ အဲဒီအချိန်က အိမ်စျေးတွေကလဲ ကျခြင်းမရှိ တက်နေတဲ့ အချိန်ပေါ့။ အဲ့တော့ investor တွေကလဲ တကယ်လို့ အိမ်ဝယ်တဲ့သူတွေ ပိုက်ဆံဆက်မပေးနိုင်တော့ရင်လဲ အိမ်ကို ရောင်းလိုက်ရုံပဲဖြစ်တဲ့အတွက် risk လုံးဝမရှိတဲ့ ရင်းနှီးမြုပ်နှံမှုလို့ ယုံကြည်ပြီး လူတော်တော်များများ ရင်းနှီးမြုပ်နှံကြတာပေါ့။
တစ်ဖက်မှာလဲ ရဲ့ သက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံး ဘဏ်ဖြစ်တဲ့ Laymen Brother Bank တို့၊ နိုင်ငံပေါင်း ၈၀ ကျော်မှာ Company ခွဲတွေရှိတဲ့ အာမခံကုမ္ဗဏီ ကြီး AIG စသည် တို့ကရောင်းချတဲ့ Credit Default Swap (CDS) လို့ခေါ်တဲ့ အာမခံ အမျိုးအစား တစ်မျိုးကလည်း popular ဖြစ်နေခဲ့ပါတယ်။ CDS ဆိုတာကတော့ ရင်းနှီးမြုပ်နှံသူတွေဟာ သူတို့ဝယ်ယူထားတဲ့ bond တွေ ၊ mortgage တွေ ကို ဒိုင်းကာသဘောထား ထားတဲ့ အာမခံ တစ်မျိုးပေါ့။ CDS ကိုဝယ်ထားမယ်ဆိုရင် တကယ်လို့ အကြွေးဆပ်ရမဲ့သူတွေ ဟာ အကြွေးမပေးကြတော့လို့ investor က ငွေတွေရှုံးတော့မယ်ဆိုရင် CDS company က ရှုံးသွားတဲ့ ငွေကိုပြန်ပေးပါတယ်။ ရင်းနှီးမြုပ်နှံထားတဲ့ asset ဟာ risk များရင်များသလို CDS တန်ဖိုးကလဲများပါတယ်။ Investor တွေဟာ CDO ဝယ်ပြီးတာတဲ့ CDS ပါဝယ်ကြပါတော့တယ်။
ပထမပိုင်းမှာတော့ အိမ်ဝယ်သူတွေရော ၊ ဘဏ်တွေရော၊ investment bank တွေရော၊ investor တွေ၊ ရောင်းတဲ့ကုမဏီ တွေ အားလုံး အကျိုးအမြတ်တွေရပြီး အဆင်ပြေကြပေမဲ့ နောက်ပိုင်းမှာ တွေက investor တွေကပိုမို ရင်းနှီးမြုပ်နှံချင်လာတဲ့အခါ Investment bank တွေက commercial bank တွေကနေ mortgage တွေ ပိုဝယ်ချင်ကြောင်းပြောတာပေါ့။ ဒါပေမဲ့ credit ကောင်းတဲ့ အိမ်ဝယ်တဲ့သူတွေက မရှိတော့ဘူး။ အဲ့ဒီအချိန်မှာ ဘဏ်က mortgage တွေကို ဝယ်ပြီးတာနဲ့ Investment bank ကို ရောင်းပေးလိုက်မှာ ဖြစ်တဲ့အတွက် credit မကောင်းတဲ့ အိမ်ဝယ်သူတွေကို အိမ်ဝယ်ပေးလဲ risk ကသူတို့ မှာရှိတာမဟုတ်ဘူး ဟု ထင်ကာ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေ၊ အလုပ်မရှိတဲ့ကျောင်းသားတွေ အစ အားလုံးကို mortgage တွေ ပေးပါတော့တယ်။
Investment bank တွေကလဲ နဂို လုပ်ငန်းစဥ်အတိုင်း ဆက်လက်လုပ်ဆောင်တာပေါ့။ credit မကောင်းတဲ့သူ တွေ ကို အကြွေးပုံမှန် မဆပ်နိုင်ဖြစ်ကြပြီး အိမ်တွေကို အကြွေးရှင်တွေကို ပြန်ပေးလိုက်ကြတယ်။ Investment bank တွေ ကလဲ အဲဒီအိမ်ကို ရောင်းဖို့စျေးကွက်မှာတင်လိုက်ပါတယ်။ ဒီလိုနဲ့ လူတွေ အများကြီး အိမ်တွေပြန်အပ်လိုက်တဲ့အခါမှာ စျေးကွက်မှာ ရောင်းလိုတဲ့ အိမ်တွေများပြီး အိမ်စျေးတွေ ကျလာပါတော့တယ်။ အိမ်စျေးတွေကျလာတော့ နဂို ဒေါ်လာ 3000 တန် အိမ်တစ်လုံးဟာ စျေးကွက်မှာ 1000လောက်ဘဲရှိတော့တဲ့ အတွက် credit ကောင်းပြီး ပုံမှန်အကြွေးဆပ်နေသူများကလဲ အိမ်တွေကိုပြန်အပ်လိုက်ကြတယ်။ ဒီတော့ အိမ်စျေးဟာကျသတဲ့ ကျလာပါတော့တယ်။ ဒီလိုနဲ့ investor တွေကလဲ ရှုံးလာတော့ CDS ရောင်းတဲ့သူတွေဆီ သွားပြီး အာမခံငွေတွေတောင်းကြတော့တာပေါ့။ Mortgage မှာ ရင်းနှီးမြုပ်နှံ ထားတဲ့ Investor အားလုံးနီးပါးရှုံးတာ ဖြစ်တဲ့အတွက် CDS ရောင်းတဲ့ ဘဏ်တွေရော၊ ကုမ္ဗဏီကြီး တွေရော အာမခံငွေ မပေးနိုင်တော့ဘဲ ဒေဝါလီခံကြောင်း ကြေညာလိုက်ပါတော့တယ်။
ဒီတော့ ဘဏ်တွေက ငွေချေးပြီး mortgage လုပ်တဲ့ investment bank တွေ ကလဲ အကြွေးမ ဆပ်နိုင်၊ investor တွေကလဲ ရှုံး၊ CDS ကုမ္ဗဏီတွေကလဲ ဒေဝါလီခံနဲ့ financial institution (ငွေကြေးဆိုင်ရာ အဖွဲ့အစည်း ) တစ်ခုလုံးပြဿနာတက်သွားပြီး အလုပ်လက်မဲ့ ရာခိုင်နှုန်းဟာလဲ 7.2% အထိဖြစ်သွားခဲ့ပါတယ်။ ဒီပြဿနာဟာ US ရဲ့ နိုင်ငံတွင်းရင်းနှီးမြုပ်နှံမှုတွေ သာမက ပြည်ပရင်းနှီးမြုပ်နှံမှုတွေ အထိထိခိုက်သွားပြီး နိုင်ငံအတော်များများမှာ စီးပွားရေးထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီလို ဆိုးရွားလှတဲ့အခြေအနေ ကနေ US အစိုးရက ဘယ်လို မူဝါဒတွေနဲ့ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့သလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။ အဲ့လို ဆိုးရွားလှတဲ့အခြေအနေကနေ လွတ်မြောက်ဖို့အတွက် အစိုးရက programs တချို့ကို အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ သက်ရောက်မှုအရှိဆုံးနဲ့ အကောင်းဆုံး program ကတော့ Troubled Assets Relief Program ( TARP) ပဲဖြစ်ပါတယ်။ TARP ကို US သမ္မတ George W. Bush က Oct 8, 2008 မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ TARP ရဲ့ မူလရည်ရွယ်က်ကချက်တော့ mortgage security တွေကို ၀ယ်ယူပြီး money market နဲ့ mortgage market ရဲ့ liquidity ကို တိုးတက်လာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီကနေတဆင့် သူတို့ပိုင်ဆိုင်ထားတဲ့ institution တွေရဲ့ အရှူံးတွေကို လျော့ဖို့ပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အစိုးရက TARP ရဲ့ရည်ရွယ်ချက်ကိုအနည်းငယ်ပြောင်းလဲပြီး ဘဏ်တွေနဲ့ တခြားငွေကြေးအဖွဲ့အစည်းတွေကပါ Equity တွေကို ၀ယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီ program အတွက် ပထမ က 700 ဘီလီယံဒေါ်လာကို သတ်မှတ်ထားပြီး လက်တွေ့မှာ 420 ဘီလီယံကျော်လောက်ပဲ ကုန်ကျခဲ့ပါတယ်။ အဲ့ဒီငွေကြေးတွေကို ဘဏ်မှာ stock တွေ ၀ယ်ယူဖို့အတွက်၊ insurance ကုမ္ပဏီတွေ အတွက် ၊ ပုဂ္ဂလိကငွေကြေးအဖွဲ့အစည်းနှင့် အိမ်၀ယ်လိုသူများကို loans တွေ ပေးဖို့အတွက် အဓိကအသုံးပြုခဲ့ကြပါတယ်။ US အစိုးရက ဘဏ်တွေဆီက stock တွေကို 5% အတိုးနှုန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။ ဘဏ်တွေ အဲ့ဒီ stock တွေကို နောင်ငါးနှစ်အတွင်းပြန်လည်၀ယ်ယူစေရန်အတွက် နောင်ငါးနှစ်ကြာရင် အတိုးနှုန်းက 5% မှ 9% ထိတိုးမြှင့်မည်ဟုဆိုကာ ဘဏ်တွေကို encourage တွေ လုပ်ခဲ့ပါတယ်။
အစိုးရက သူတို့သတ်မှတ်ထားခဲ့တဲ့ funds တွေကို ဘဏ်တွေ တည်ငြိမ်မှုရှိစေဖို့အတွက် 245ဘီလီယံဒေါ်လာ၊ ပြည်သူတွေတွက် credit availability ကို တိုးမြှင့်ဖို့အတွက် 27ဘီလီယံဒေါ်လာ၊ အရှုံးပေါ်နေတဲ့ auto industry တွေအတွက် 80 ဘီလီယံဒေါ်လာ၊ Insurance Company ဖြစ်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း 80 ကျော်ပါ၀င်တဲ့ AIG ကို ပြန်လည်ကယ်တင်ဖို့အတွက် 88 ဘီလီယံဒေါ်လာ၊ အိမ်ဈေးနှုန်းတွေကို လျော့ချကာ အိမ်၀ယ်ယူတဲ့လူတွေ ငွေပြန်မဆပ်နိုင်တာတွေကို မဖြစ်စေရန် ရည်ရွယ်ပြီး 46 ဘီလီယံဒေါ်လာတို့ကို အသီးသီး အသုံးပြုခဲ့ပါတယ်။
TARP ရဲ့ program ကနေ တဆင့် ရင်းနှီးမြှပ်နှံမှုတွေအရှုံးကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး စုစုပေါင်းကုန်ကျခဲ့တာထက် 20ဘီလီယံဒေါ်လာလောက်ပိုပြီး funds တွေပြန်ရခဲ့ပါတယ်။ TARP က အမေရိကရဲ့ အရှုံးပေါ်နေတဲ့ တချို့ industry တွေကို ပြန်လည်ကယ်တင်ခဲ့ပြီး 1 မီလီယံကျော်တဲ့ jobs အခွင့်အရေးတွေကို ပြန်ပြီးယူဆောင်လာပါတယ်။ ဘဏ်တွေကိုလည်း stabalize ဖြစ်အောင် ကူညီနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သူေတွအတွက် အလွယ်တကူငွေချေးနိုင်မဲ့ credit availability တွေများအောင် ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲ့လိုနဲ့ပဲ The Great Recession လို့ခေါ်တဲ့ 2008 financial Crisis ကြီး က 2010 မှာ ပြန်လည်ပြီး recovery stage ကို ရောက်ရှိလာခဲ့ရပါတယ်။
References -
မှ ကောက်နှုတ်တင်ပြသည်။