Hyperinflation ဆိုတာဘာလဲ
22 Jun 2021 | ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီးအခု လက်ရှိ ATM အရှေ့မှာ လူတွေတန်းစီပြီး စောင့်ခဲ့သလို Zimbabwe ဆိုတဲ့နိုင်ငံမှာလဲ 2000 ခုနှစ်လောက်မှာ လူတွေ မနက် ၂ နာရီလောက် ထပြီး ATM အရှေ့မှာ စောင့်ခဲ့ကြတယ်။ ကံကောင်းတဲ့နေ့ဆို US$1-$2 နဲ့ ညီမျှတဲ့ Zimbabwe ဒေါ်လာ ပမာဏ ထုတ်လိုရမယ်။ ကံဆိုးရင်တော့ အိပ်ရေးပျက် အလုပ်ပျက်ရုံဘဲ အဖက်တင်တယ်။ အဲ့လိုတွေ ဘာကြောင့် ဖြစ်လာခဲ့လဲဆိုတော့ Hyperinflation လိုခေါ်တဲ့ ပြဿနာကြောင့် ဖြစ်တယ်။
Hyperinflation ဆိုတာဘာလဲ?
Phillip Cagan လိုခေါ်တဲ့ ဘောဂဗေဒ ပညာရှင်ကြီး ဟာ ၁၉၅၆ ခုနှစ်မှာ Hyperinflation ဆိုတဲ့ စကားလုံးကို စတင်မိတ်ဆတ်ခဲ့တယ်။ နိုင်ငံတစ်နိုင်ငံမှာ ကုန်စျေးနှုန်းဟာ တစ်လအတွင်း ၅၀%နဲ့ အထက် တက်ခဲ့မယ်ဆိုရင် Hyperinflation (ငွေကြေးအလွန်ဖောင်းပွခြင်း) ဖြစ်နေပြီ ဟုသတ်မှတ်ခဲ့တယ်။
ကဲ Hyperinflation ရဲ့အဓိပ္ပါယ်ကိုသိပြီဆိုတော့ ဘယ်အရာတွေက Zimbabwe မှာ Hyperinflation ဖြစ်စေခဲ့လဲ ဆိုတာစပြောရအောင်။ 1980 ခုနှစ်မှာ Zimbabwe ဟာ ဗြိတိသျှ အစိုးရ လက်အောက်မှ လွတ်လပ်ရေးရခဲ့တယ်။ အဲ့ဒီအချိန်မှာ နောင်တချိန် ကို နိုင်ငံ့စီးပွားရေးကို ဖျက်စီးပစ်ပြီး နိုင်ငံကိုဆင်းရဲမွဲတေသွားအောင်လုပ်မဲ့ အာဏာရှင် Robert Mugabe ဟာ နိုင်ငံရဲ့ အကြံပေးအနေနဲ့တာဝန်ထမ်းဆောင်ပြီး 1987မှာ သမ္မတဖြစ်လာခဲ့တယ်။ Mugabe ဟာအမျိုးသားစိတ်ဓာတ် ပြင်းထန်နေပြီး လူဖြူတွေကို မုန်းတီးနေတဲ့ ပြည်သူတွေကို သူ့အာဏာတည်မြဲရေးအတွက် အသုံးချခဲ့သည်။ နိုင်ငံရဲ့ လယ်မြေ အများစုကို ပိုင်ဆိုင်ထားတဲ့ လူဖြူကို မောင်းထုတ်သတ်ပုတ်ပြီး ထိုလယ်မြေများကို Zimbabwe သား များအား မျှဝေပေးခဲ့သည်။ ဒီ အပြုအမူကြောင့် ပြည်သူအများစုဟာ Mugabe ကို သူရဲကောင်းမျိုးချစ် ခေါင်းဆောင်ကြီး အဖြစ် ထင်မှတ်သွားကြပြီး သူရဲ့ ထောက်ခံသူများ ဖြစ်လာခဲ့သည်။ ဒါပေမဲ့ လယ်ယာမြေနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ မရှိတဲ့ လယ်သမားအသစ်တွေကြောင့် 2000-2009 ခုနှစ် အတွင်း လယ်ယာ ထုတ်ကုန် ထုတ်လုပ်မှုဟာ ထက်ဝက် ခန့် ကျဆင်းခဲ့တယ်။ အကျိုးဆက် အနေနဲ့ food supply ဟာ ကျဆင်းလာပြီး အခြားတိုင်းပြည် က စားသောက်ကုန် များ တင်သွင်းရပြီး အစိုးရဘတ်ဂျတ် ကျဆင်းခဲ့သည်။ ဒီ အခြေအနေကို ထိန်းချုပ်ဖို Mugabe ဟာ နိုင်ငံခြားရင်နှီးမြုပ်နှံ သူတွေကို အခွန်မတရား ကောက်ခံခဲ့သည်။ ရင်းနှီးမြုပ်နှံသူတွေ နည်းလာတဲ့အတွက် ထုတ်ကုန်များကျဆင်းရုံ သာမက အလုပ်လက်မဲ့ဦးရေ ပါ ထိုးတက်လာခဲ့ရသည်။ ကုန်ထုတ်လုပ်မှုကျဆင်းပြီး ဝယ်လိုအားတိုးများလာမှုကြောင့် ကုန်စျေးနှုန်း မတရားတက်လာခဲ့ပြီး ငွေကြေးဖောင်းပွလာခဲ့သည်။ Economic theory အရ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို အစိုးရအနေနဲ့ Money supply ကိုလျှော့ချရမည် (သိုမဟုတ်) ပြည်သူတွေကို နိုင်ငံရဲ့ ငွေကြေးဟာ တန်ဖိုးရှိကြောင်း ယုံကြည်လာအောင် ဆောင်ရွက်ရမည်ဟု ပြောကြားထားသော်လည်း Mugabe ဟာ ငွေကြေးဖောင်းပွမှုကို ရေတိုအလွယ်ဖြေရှင်းနည်း ငွေကြေးအသစ်တွေကို ထပ်မံပုံနှိပ်ခြင်း (printing money) နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။ Mugabe ဟာ အာဖရိက Congo စစ်ပွဲကို ထောက်ပံဖို ၊ သူ့စစ်တပ်အင်အား ထောင့်တင်းရန် စစ်အရာရှိများကို လစာတိုးပေးရန် ငွေကြေး ကို 100 ထရီလီယန်တန် Zimbabwe ဒေါ်လာ အထိထုတ်လုပ်ခဲ့သည်။ ပြည်သူအားလုံးက ၄င်းတို၏ငွေကြေးအပေါ် ယုံကြည်မှုနည်းပါးလာကာ ငွေကြေးဆက်လက်ဖောင်းပွအုန်းမည် ဟု ဆက်လက်မျှော်လင့်နေမှုကြောင့် ငွေကြေး ပိုမိုဖောင်းပွလာခဲ့သည်။ 2008 ခုနှစ်တွင် ငွေကြေးဖောင်းပွမှု 7.9 ဘီလီယံရာခိုင်နှုန်း နေ့စဥ် ၉၈% အထိတိုးမြှင့်လာခဲ့သည်။ ကုန်စျေးနှုန်းသည်လည်း ယနေ့ ဆီတပုလင်းကို ၂၀၀၀ ကျပ်ဆိုလျှင် မနက်ဖြန် ၄၀၀၀ စသဖြင့် တိုးမြှင့်ခဲ့သည်။ ဘဏ်များကလည်း ငွေကြေးတန်ဖိုး ကျဆင်းမှုကြောင့် ငွေချေးလုပ်ငန်းတွင် အရှုးနဲ့ရင်ဆိုင်လာရလေသည်။ လုပ်ငန်းများချေးငွေမရရှိမှုကြောင့် အရှုးပေါ်လာခဲ့ပြီး အလုပ်လက်မဲ့ဦးရေဟာလဲ 80% အထိ ဖြစ်လာခဲ့သည်။
လူအများစု စုဆောင်းထားတဲ့ငွေတွေဟာလည်း တန်ဖိုးမရှိတော့ဘဲ lost saving တွေဖြစ်လာခဲ့တယ်။ ဒီလို အခြေအနေကို ပြည်သူတွေက ဘယ် လို တုန့်ပြန်ခဲ့လဲ ဆိုတာကို ဆက်လေ့လာ ကြည့်ရအောင်… အဲ့လိုငွေကြေးဖောင်းပွလာမှုကို ဖြေရှင်းဖိုအတွက် အစိုးရက နည်းလမ်းတချို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ကုန်ပစ္စည်းတွေရဲ ဈေးနှုန်းတွေက အဆမတန်တိုးပွားနေတဲ့အတွက်ကြောင့် အစိုးရက ပစ္စည်းတွေကို ဈေးတင်ရောင်းတဲ့လူတွေကို arrest လုပ်မယ်ဆိုပြီး law တစ်ခုထုတ်လိုက်တယ်။ ဒါပေမဲ့လည်း အဲ့ဒါက effective ဖြစ်တဲ့ နည်းလမ်းမဟုတ်ခဲ့ပါဘူး။ ဈေးကွက်ထဲမှာက ၀ယ်လိုအားများပြီး ရောင်းလိုအားက ကျဆင်းနေတဲ့အတွက် ဈေးနှုန်းက ပုံမှန်အတိုင်းရှိဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဲ့ဒါနဲ့ စီးပွားလုပ်ငန်းရှင်တော်တော်များများ ဈေးနှုန်းတွေကို ပြောင်းလဲမြင့်တင်တဲ့ အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ပိုပြီးတော့ ရောင်းလိုအားတွေက ကျဆင်းလာခဲ့ပြီး inflation တွေက ပိုပြီးမြင့်နက်လာခဲ့တယ်။ 2008 နောက်ပိုင်းမှာ နောက်ထပ်နည်းလမ်းတမျိုးကို ထပ်ပြီး implement လုပ်ပါတယ်။ Zimbabwe ရဲ့ Reserve Bank က ဈေးကွက်ထဲမှာရှိတဲ့ ဆိုင်ပေါင်း 1000 ကျော်လောက်ကို Zimbabwe dollars အစား တခြား foreign currencies တွေကို အသုံးပြုဖို့ လိုင်စင်တွေထုတ်ပေးခဲ့ပါတယ်။ အဲ့ဒါနဲ့ ပြည်သူတွေကလည်း နိုင်ငံခြားက currencies တွေ daily life မှာ အသုံးပြုလာကြတယ်။ အဲ့နည်းလမ်းက အဆင်ပြေတော့ ဈေးကွက်ထဲမှာ foreign currency တွေက ပိုပြီး လိုအပ်လာတယ်။ တခြားများစွာသော စီးပွားရေးတွေနဲ့ ဈေးသည်တွေအထိ လိုင်စင်မရှိပဲ ဆက်လက်အသုံးပြုခဲ့ကြတယ်။အဲ့လိုနဲ့ ငွေကြေးမှောင်ခိုဈေးကွက် (black market) တွေက ပိုပြီးကျယ်ပြန့်လာတယ်။ အဲ့မှောင်ခိုဈေးကွက်ကနေတဆင့်ပဲ ပြည်သူတွေ နေ့စဉ်လိုအပ်တဲ့ ကုန်းပစ္စည်းတွေကို ရရှိနိုင်ခဲ့တယ်။ ဘာဖြစ်လိုလဲဆိုတော့ Zimbabwe dollars က တရက် တရက် အဆမတန်ထိုးထွက်နေတော့ လိုအပ်တဲ့ပစ္စည်းကို ရှိတဲ့ပိုက်ဆံနဲ့ ၀ယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။ ဈေးကပုံမှန်ဆိုရင်တောင် Zimbabwe dollars နဲ့သွား၀ယ်မယ်ဆို ဆိုင်ရှင်တွေက inflation နှုန်းထက် ဈေးပိုခေါ်ကြပါတယ်။ အဲ့ဒါကြောင့်ပဲ မှောင်ခို ဈေးကွက်က foreign currency တွေကို ရယူပြီး နေ့စဉ်ဘ၀လိုအပ်ချက်တွေ ဖြည့်စည်းခဲ့ရတယ်။
နောက်ပိုင်းမှာတော့ အစိုးရက သူတို့ price control တဲ့ နည်းလမ်းတွေက implementation တွေက အလုပ်မဖြစ်တဲ့အတွက် foreign currency တွေကို ပဲ officially တနိုင်ငံလုံးအသုံးပြုဖို့ ခွင့်ပြုလိုက်တယ်။ အစိုးရ standardized လုပ်ထားတဲ့ currency တွေကတော့ US dollar, Euro dollar နဲ့ South African Rand တွေပဲဖြစ်ပါတယ်။ အဲ့ထဲမှာ US dollar က လူသုံးအများဆုံးဖြစ်ပါတယ်။ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ ဖွဲ့စည်းထားတဲ့ Common Monetary Area ဆိုတဲ့ constitution ကို ၀င်join ပြီး African Rand တွေကို trade လုပ်ဖို့ အသုံးပြုခဲ့ပါတယ်။ 2009နောက်ပိုင်းမှာ Zimbabwe dollars ကို လုံး၀ဖျက်သိမ်းလိုက်ပါတယ်။ 2014 မှာတော့ အစိုးရက ထပ်ပြီး Zimbabwe bonds note တွေကို ထပ်ပြီး ထုတ်လုပ်ခဲ့တယ်။ one bond note က အမေရိကန် dollar နဲ့ value ညီမျှတယ်လို ပြောသော်လည်း ပြည်သူတွေက အစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့တာကြောင့် အဲ့ note တွေကို လက်မခံပဲ foreign currency ကိုပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတယ်။ အဲ့လိုနဲ့ inflation rate တွေက တဖြည်းဖြည်းနဲ့ ကျဆင်းလာခဲ့ပြီး 2018 မှာ inflation က one digit လောက်ထိကို ကျဆင်းသွားပါတယ်။ဒါပေမဲ့လည်း 2019 မှာ အစိုးရက RTGS လို့ ခေါ် တဲ့ new Zimbabwe dollars ကို အသုံးပြုဖို့တွက်ပြန်ကြေညာလိုက်ပါတယ်။ စနစ်မကျတဲ့နည်းလမ်းတွေကြောင့်ပဲ inflation rate တွေ ပြန်ပြီး three digit လောက်ကို ပြန်ပြီးတက်လာပါတယ်။
အဲ့ဒါကြောင့် နိုင်ငံတနိုင်ငံဖွံ့ဖြိုးရေးမဖွံ့ရေးဟာ အစိုးရရဲ့ interventions တွေ နည်လမ်းတွေ စနစ်ကျမှု မကျမှုအပေါ်မှာ မူတည်နေပါတယ်။ဒါကြောင့် မြန်မာနိုင်ငံကြီးလည်း အဲ့လိုအခြေအနေမျိုးမရောက်အောင် Hope for the best ပေါ့နော်😉
References -
မှ ကောက်နှုတ်တင်ပြသည်။