What exactly do you mean by 'Money'?
25 Dec 2020 | လူငယ်မှသည် လူချမ်းသာဆီသို့Money ဆိုတဲ့ဝေါဟာရက ကျွန်ုပ်တို့ နေ့စဉ် daily life မှာ အမြဲပြော အမြဲအသုံးပြုနေတဲ့ စကားလုံးဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အရာ၀တ္ထုတွေကို ၀ယ်ဖို့ပိုက်ဆံကို အသုံးပြုတယ်။ ပိုက်ဆံတွေများများရဖို့ အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစာရတယ်။
အနာဂတ်မှာ ဖူလုံမှုရှိဖို့နဲ့အေးအေးချမ်းချမ်းနေနိုင်ဖို့ ပိုက်ဆံတွေကို ကြိုတင်စုဆောင်းရတယ်။ အဲ့ဒါကြောင့် ပိုက်ဆံကို ဘယ်လိုတွေ အဓိပ္ပာယ်သတ်မှတ်ကြလဲ၊ ပိုက်ဆံရဲ့လုပ်ဆောင်ချက်တွေက ဘာတွေလဲဆိုတာ ကျွန်ုပ်တို့သိထားသင့်တယ်လို ထင်ပါတယ်။ အဲ့တော့စာလေးကို အဆုံးထိဆက်ဖတ်ပေးဖို့တိုက်တွန်းပါတယ် ☺️☺️။
Money ကို လူတွေက အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပေမဲ့ စီးပွားရေးပညာရှင်တွေက တော့ပိုက်ဆံဆိုတာ ကုန်စည်မှုတွေနဲ့၀န်ဆောင်မှုကို ၀ယ်ယူတဲ့အခါမှာအသုံးပြုတဲ့ payment system တစ်မျိုးအဖြစ် define လုပ်ပါတယ်။ ဘယ်လို payment system မျိုးမှာမဆို coin ပဲဖြစ်ဖြစ်၊ paper money ပဲ ဖြစ်ဖြစ်၊ digit payment system ပဲဖြစ်ဖြစ် payment system တွေအားလုံးဟာ အဓိက functions သုံးခုအနေနဲ့ တည်ရှိကြတ။
အဲ့တာတွေက -
- Medium of Exchange
- Unit of Account
- Store of Value တို့ပဲ ဖြစ်ပါတယ်။
အဲ့ဒါတွေနဲ့ပတ်သတ်ပြီး အသေးစိတ်ကို အောက်မှာရှင်းပြထားပါတယ်။ ☺️
Medium of Exchange
ကျွန်ုပ်တို့ ဟိုအရင်အရင် နှစ်ပေါင်းများစွာ ရာစုနှစ်တွေ သမိုင်းတွေကို ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် Money ဆိုတဲ့ payment system ဆိုတာ မရှိခဲ့ပါဘူး အဲ့တာဆိုရင် သူတို့ goods and services တွေကို ဘယ်လိုexchage လုပ်လဲ ဘယ်လို၀ယ်ပြီးဘယ်လိုရောင်းကြလဲဆိုတာ စဉ်းစားစရာပါ။ အဲ့ဒီ အချိန်တုန်းက ကုန်ပစ္စည်းတွေကို ဖလှယ်ခြင်း(Barter system) ကို အသုံးပြုခဲ့ကြပါတယ်။ ဥပမာပေးရမယ်ဆိုရင် ဖိနပ်ချုပ်သမားက အသီးအနှံတေံကို လိုချင်တယ်ဆိုရင် လယ်သမားဆီမှာ အသီးအနှံတွေကို ဖိနပ်နဲ့ အလဲအလှယ်လုပ်ပြီး ၀ယ်ယူရပါတယ်။ အဲ့လို case တွေမှာ နှစ်ဦးနှစ်ဖက်လုံးက satisfied ဖြစ်ဖို့အလွန်အရေးကြီးပါတယ်။
Barter System ကို အသုံပြုဖို့အတွက် အခြေနေနှစ်ရပ်နဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သင်လိုချင်တဲ့ ကုန်ပစ္စည်းတွေကို ရောင်နိုင်စွမ်းရှိတဲ့လူကို ရှာနိုင်ရပါမယ်။ ဒုတိယအနေနဲ့ အဲ့ရောင်းနိုင်စွမ်းရှိတဲ့လူကလည်း သင်ဆီမှာရှိတဲ့ သင်လဲလှယ်မဲ့အရာကို အလိုရှိတဲ့လူ ဖြစ်ရပါမယ်။ အဲ့လိုအခြေအနေမျိုးနဲ့ကြုံမှ Barter System က အထမြောက်မှာ ဖြစ်ပါတယ်။ ဥပမာ ဖိနပ်ချုပ်သမားက အသီးအနှံများများစားစား လိုအပ်တယ်ဆိုရင် ဖိနပ်များများနဲ့လဲလှယ်ရပါမယ်။
ဒါပေမယ့်လယ်သမားက သူတစ်ယောက်တည်း ဖိနပ်အများကြီးမလိုအပ်တဲ့ အခြေအနေနဲ့ ကြုံနိုင်ပါတယ်။ အဲ့လိုအချိန် တွေမှာ Barter System က အဆင်မပြေနိုင်ပါဘူး။ ပြီးတော့ ဖိနပ်များများလိုအပ်မယ့်လူ လိုက်ရှာဖို့လိုအပ်တာကြောင့် အချိန်ကို လည်း အများကြီးအသုံပြုရပါတယ်။ အဲ့လိုမျိုး အဆင်မပြေမှုတွေ Barter System မှာ အများကြီးထပ်မံတွေ့ရှိရပါတယ်။ ဖိနပ်ဘယ်နှစ်ရံက အသီးအနံဘယ်လောက်နဲ့ညီမျှလည်းဆိုတာကို တွက်ချက်တဲ့နေရာတွေများအခက်အခဲတွေရှိလာပါတယ်။ နောက်ပြီးတော့ သင်က ဆီတွေ ဆန်တွေ ကို ရရှိဖို့အတွက် သင်မှာနွားတွေပဲရှိတော့ နွားနဲ့ အဲ့ဒါကို လဲလှယ်ရမယ်ဆိုရင် သင့်အတွက် မျှတမှုမရှိနိုင်ပါဘူး။
အဲ့ဒါကြောင့် Barter System က အဆုံးသတ်ခဲ့ပြီး သတ္တုတွေ၊ gold,silver, copper coin တွေကနေ အဆင့် paper money တွေကို goods and services တွေကို exchange လုပ်ဖို့ အသုံးပြုလာခဲ့တယ်။ ဘာလိုလဲ ဆိုတော့ Money က အဲလိုအဆင်မပြေမှုတွေ အားလုံးကို ကိုင်တွယ်ဖြေရှင်းပေးပါတယ်။ Money ကို သင်ဘယ်သွားသွား ပေါ့ပေါ့ပါးပါးသယ်ဆောင်သွားလို့ရတယ်။ ကိုယ်လိုချင်တာရဖို့အတွက် အချိန်ကုန်ခံပြီး ကိုယ်ပစ္စည်းနဲ့ လဲလှယ်မဲ့လူ ကို စောင့်စရာမလိုဘူး။ ဘယ်ပစ္စည်းတွေ ဘယ်လောက်တန်လဲ ဆုံးဖြတ်တဲ့နေရာမှာ လွယ်ကူလာတယ်။ ကိုယ်လိုအပ်သလောက် amount ကိုပဲ ကိုယ်စိတ်တိုင်းကျ၀ယ်ယူနိုင်တယ်။ အခက်အခဲတော်တော်များများကို ဖြေးရှင်းနိုင်ခဲ့ပြီး အခုချိန်မှာဆိုရင်တော့ paper cash တွေကတဆင့် digital payment system အထိကို ရောက်ရှိနေတာဖြစ်ပါတယ်။
Unit of Account
Money ရဲ့ ဒုတိယ function အကြောင်းမပြောခင် Barter System ရဲ့ နောက်ထပ်ပြဿတစ်ခုကို ဆက်လေ့လာကြည့်ရအောင်။ အထက်မှာပြောခဲ့သလိုဘဲ ဒီစနစ်မှာဆိုရင် ကုန်ပစ္စည်းတစ်မျိုး၏နှုန်းထားသည် လဲလှယ်မည့်ပစ္စည်းပေါ်မူတည်၍ ကွဲပြားပါတယ်။ ဥပမာ စျေးတခုမှာ အသား၊ ငါး၊ နို့စတဲ့ကုန်သုံးမျိုး လဲလှယ်ကြတယ်ဆိုပါစို့။ ငါးတစ်ဆယ်သား၏ တန်ဖိုးသည် နို့ဖြင့်လဲလှယ်လျှင် နို့တပိဿ၊ အသားဖြင့်ဆိုလျှင် အသားတစ်ဆယ်သားစသည်ဖြင့်ကွဲပြားနိုင်ပေသည်။ လက်တွေ့ဘဝတွင်မူ ကုန်ပစ္စည်း သောင်းချီမကရှိရာ လဲလှယ်နှုန်းထား မြောက်မြားစွာထားရှိရပေမည်။ ထိုသို့ဆိုပါက သင်စျေးဆိုင်တွင် က်ဥတစ်လုံးမည်မျှနည်းဟု မေးလျှင် စျေးသည်က လဲလှယ်နှုန်းမြောက်မြားစွာကိုရွတ်ပြရပေမည်။
Money ကို အသုံးပြုခြင်းဖြင့် ကြက်ဥတစ်လုံးတန်ဖိုးကို လဲလှယ်နှုန်းမြောက်မြားစွာအစား ၂၀၀ကျပ်ဟု သတ်မှတ်ထားနိုင်သည်။ ထိုသို့သတ်မှတ်ထားနိုင်ခြင်းသည် money ၏second function “unit of account” ပင်ဖြစ်ပါတယ်။ Unit of account ဆိုတာကတော့ အလေးချိန်ကို ပိဿ၊ကျပ်သား တို့ဖြင့် ယူနစ်သတ်မှတ်ထားသကဲ့လို့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတို့၏တန်ဖိုး ကိုလည်း money (ကျပ်)ဆိုသော unit ဖြင့်သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
Store of Value
Money ရဲ့တတိယ function ဖြစ်တဲ့ “store of value” ဆိုတာကတော့ money ကို ပစ္စုန်ပ္ပန်တွင်သာမက အနာဂတ်တွင်အသုံးပြုနိုင်ရန်သိမ်းဆည်းထားနိုင်ခြင်းကိုဆိုလိုပါတယ်။ အထက်မှာပြောခဲ့တဲ့ Barter System မှာဆိုရင် အသား၊ငါးစတဲ့ကုန်ပစ္စည်းတွေဟာ ပုတ်သိုးလွယ်တဲ့အတွက် နောင်၁၀နှစ်၊ အနှစ်၂၀သိမ်းဆည်းထားရန်မဖြစ်နိုင်ပေ။
ဒါပေမဲ့ money ကတော့သိမ်းဆည်းထားနိုင်ပါတယ်။ သို့သော် money ကတစ်ခုတည်းသော store of value မဟုတ်ပါဘူး။ အိမ်၊ခြံ၊မြေ၊ကား စတဲ့သင့်ရဲ့ပိုင်ဆိုင်မှုတွေကလဲ အနာဂတ်တွင် ပြန်လည်အသုံးပြုနိုင်တဲ့ သိမ်းဆည်းထားခြင်းတွေဖြစ်ပါတယ်။ money နဲ့ ထိုဥစ္စာဓနများ၏ကွဲပြားချက်ကတော့ money က liquidate အဖြစ်ဆုံးပါ။
Liquidate ဖြစ်တယ်ဆိုတာကတော့ သင်ကုန်ပစ္စည်းတစ်ခုအလိုရှိလျှင် money ရှိလျှင်ချက်ချင်း ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အခြားပိုင်ဆိုင်မှုမှုတွေကိုတော့ money အနေနဲ့တစ်ဆင့်ပြောင်းလဲရပါသေးတယ်။ ထိုအခါ ဝယ်သူမရှိပါက ကာလရှည်စွာစောင့်ဆိုင်းရခြင်း၊ စျေးနိမ်ခံရခြင်း စတဲ့ပြဿနာများရှိပါတယ်။
ကဲ… ဒါဆိုရင်တော့ money ကိုလူတွေဘာကြောင့်တီထွင်ခဲ့သလဲ နှင့် money ရဲ့ အသုံးဝင်ပုံတွေကို နားလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။😊
#YaminOo👯