COVID-19 စီးပွားရေး ကုစားမှု အစီအစဥ် မှာပါတဲ့ ငွေကြေးဆိုင်ရာ နဲ့ ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်မှု အစီအစဥ်များ - Monetary and Fiscal Stimulus Package in Covid-19 Economics Relief Plans

|

၁။ Monetary နဲ့ Fiscal Stimulus ဆိုတာ ဘာကို ပြောတာဖြစ်ပါသလဲ။

ခုလောလောဆယ်ဆယ် နာမည်ကြီးနေတဲ့ ကိုမြင့်နိုင် (Covid-19) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲ့ စီးပွားရေး လုပ်ငန်းများနဲ့ ပြည်သူများ အကျိုးအလိုငှာ လက်ရှိ လုပ်ဆောင်သွားဆဲ နှင့် နောက်ထပ် လုပ်ဆောင်သွားမဲ့ Action Plans များကို COVID-19 Economic Relief Plan (CERP) ဆိုပြီး ပြည်သူ့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့အထဲမှာဆိုရင် မိမိတို့ လူငယ်တွေ လေ့လာစရာ သင်ယူစရာတွေ အများအပြားကို ပါရှိနေတာကို တွေ့မိပါတယ်။ အထူးသဖြင့် အဓိကတွေ့ရတဲ့ အထဲမှာ Monetary Policy ( ငွေကြေးဆိုင်ရာ မူဝါဒ) များကို သုံးထားတဲ့ လုပ်ဆောင်ချက်များနှင့်တကွ Fiscal Policy (ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ) ကိုပါ အသုံးပြုထားတဲ့ လုပ်ဆောင်ချက်တွေတော်တော်များများ ပါနေတာ ကို သတိထားမိပါတယ်။

ဒီတော့ Monetary Policy ( ငွေကြေးဆိုင်ရာ မူဝါဒ) နဲ့ Fiscal Policy (ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ) ဆိုတာ ဘာတွေကို ပြောတာလဲ ဆိုတာ အရင်ဆုံး လေ့လာကြည့်ကြရအောင်။

Monetary Policy ( ငွေကြေးဆိုင်ရာ မူဝါဒ) ဆိုတာက သူရဲ့ လုပ်ဆောင်ချက်တွေကို အဓိက ချုပ်ကိုင်ထားတဲ့ Central Bank (ဗဟိုဘဏ်) ကနေပြီးတော့ ချမှတ်လုပ်ဆောင်ပေးတဲ့ မူဝါဒတွေကို ပြောတာဖြစ်ပါတယ်။

Fiscal Policy (ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ)ဆိုတာ ကတော့ ပြည်သူ့အစိုးရ ကိုယ်တိုင် ပါဝင် ဦးဆောင်ပြီး သူတို့ရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်များကို အသုံးချပြီးတော့ ချမှတ်ပေးထားတဲ့ လုပ်ဆောင်ချက်များ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

၂။ COVID-19 စီးပွားရေး ကုစားမှု အစီအစဥ် မှာပါတဲ့ Monetary Stimulus Package (ငွေကြေးဆိုင်ရာလှုံ့ဆော်မှု အစီအစဥ်) တွေက ဘာတွေလဲ။

ငွေကြေးဆိုင်ရာ လှုံ့ဆော်မှု အစီအစဥ် နဲ့ ကြည့်မယ်ဆိုရင် အောက်ပါအစီအစဥ်များကို တွေ့ရမှာ ဖြစ်ပါတယ်။

  • Lower Interest Rates ( လုပ်ငန်းများတွင် ငွေကြေးမှုတွေ လုပ်ဆောင်တဲ့ နေရာများ အတိုးနှုန်း သက်သက်သာသာ ရစေရန်)
  • Allow the band around the reference rate to align more with market conditions (Bank တွေ Central bank နဲ့ settlement clearing လုပ်တဲ့ နေရာမှာ အသုံးပြုတဲ့ reference rate ကို အခြေအနေနဲ့အချိန်အခါအလျှောက် ပိုမို ကိုက်ညီမှု ရှိလာစေရေး)
  • Lower Minimum Reserve Requirement on Banks (Bank တွေ central bank မှာ ထားဖို့လိုအပ်တဲ့ ကနဦး မ, တည်ငွေ နှုန်း ကို စီးပွားရေးလုပ်ငန်းများထံ ချေးငွေ များ ပိုမိုရောက်ရှိစေအလိုငှာ အရင်ကနှုန်း ထက် လျှော့ချပေးလိုက်ခြင်း ) စတဲ့ လုပ်ဆောင်တွေက ပြောရမယ်ဆိုရင် Monetary Stimulus Package များ အနေနဲ့ လုပ်ဆောင်ပေးနေခြင်းပဲ ဖြစ်ပါတယ်။

၃။ COVID-19 စီးပွားရေး ကုစားမှု အစီအစဥ် မှာပါတဲ့ Fiscal Stimulus Package တွေကရော ဘာတွေလဲ။

ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်မှု အစီအစဥ် နဲ့ ကြည့်မယ်ဆိုရင် အောက်ပါအစီအစဥ်များကို တွေ့ရမှာ ဖြစ်ပါတယ်။

  • Tax/Fees Deferral or Waiver (Fiscal Stimulus) (လုပ်ငန်းရှင်များ နှစ်စဥ် ပေးဆောင်ရမဲ့ အခွန်အခ ကောက်ခံမှုကို ဆိုင်ငံ့ထားပေးခြင်း)
  • Tax Credits (Fiscal Stimulus) (အခွန်အခနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးလုပ်ငန်းအတွက် အောက်က လုပ်ဆောင်ချက် ၄ ရပ်ကို လုပ်ဆောင်ပေးခြင်း)

    • Provide 10% non-refundable tax credits on the incremental wage bill (လစာပေါ်တွင် ဝင်ငွေခွန် 10 % သက်သာခွင့် ပေးခြင်း)
    • Allow for a deduction equal to 125% of wages paid (ပေးချေရသည့် လုပ်အားခ၏ 125 % နှင့် ညီမျှသော အခွန်လျှော့ချမှု ခွင့်ပြုခြင်း)
    • Provide 10% non-refundable tax credits for incremental investments on capital equipment (ထပ်တိုးရင်းနှီးမြှုပ်နှံမှု အတွက် ဝင်ငွေခွန် သက်သာခွင့် 10 % ပေးခြင်း)
    • Allow for a one-time increase in depreciation equal to 125% of the depreciation for the current year (လက်ရှိနှစ်အတွက် တန်ဖိုးလျော့မှု၏ 125 % နှင့်ညီမျှသော တန်ဖိုးလျှော့ချမှုကို တစ်ကြိမ်ခွင့်ပြုခြင်း)

စတဲ့ လုပ်ဆောင်တွေက ပြောရမယ်ဆိုရင် Fiscal Stimulus Package များ အနေနဲ့ လုပ်ဆောင်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ ဟုတ်ပါပြီး။ အခုဆို သူတို့ နှစ်ခုရဲ့ ကွဲပြာခြားနားမှုကို နည်းနည်းပိုမြင်လာ ကြမယ် ထင်ပါတယ်။

ဒီကနေ့ မှတ်သားဖွယ် အဆို။

English Version

If something needs to be done, it will be done,
But first one must have the desire to do it.
Otherwise, there will only be excuses.
Celtic Wisdom for Business

မြန်မာ ဘာသာပြန်

လုပ်စရာရှိရင်၊ လုပ်လိုက်ပါ။
ပထမဆုံး လုပ်ချင်တဲ့ ဆန္ဒရှိဖို့တော့ လိုလိမ့်မယ်။
မဟုတ်ရင် ဆင်ခြေတွ များနေမှာ။
Celtic စီးပွားရေး အဆို

References -

  1. COVID-19 Economic Relief Plan - English
  2. COVID-19 Economic Relief Plan - Burmese

မှ ကောက်နှုတ်တင်ပြသည်။