ကပ်ဘေးကြောင့် ပြောင်းလဲလာမည့် လူတွေရဲ့ အပြုအမူများ - Consumers behavior in pandemics
13 Apr 2020 | ၃ မိနစ် အတွေးအမြင်၁။ ဒီကပ်ဆိုး ဖြစ်နေတဲ့ကာလအတွင်းမှာ လူတွေရဲ့ အပြုအမူတွေ ဘယ်လို ပြောင်းလဲလာနိုင်သလဲ။
အားလုံးလဲ သိတဲ့အတိုင်း ခုအချိန်ဟာဆိုရင် မိမိတို့အားလုံး ဒီကပ်ဆိုးကြီးထဲမှာနေ နေရတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ဒီတော့ လူတွေရဲ့ အပြုအမူများကလဲ အခြေအနေ အချိန်အခါအရ ပြောင်းလဲလာမှုတွေ ကမ္ဘာတဝှမ်းမှာ ဖြစ်ပေါ်လျှက် ရှိပါတယ်။ အထူးသဖြင့် အသက်ရှင်နေထိုင်ဖို့အတွက် အဓိက လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းများ ပတ်သက်ပြီးတော့ပေါ့။ ကမ္ဘာတဝှမ်းမှာ လူတွေ စားသောက်ကုန် ပစ္စည်း အလုအယက် ဝယ်နေကြတဲ့ အပြုအမူတွေဟာဆိုရင် အသစ်အဆန်းလို ဖြစ်နေပါတယ်။
အဲဒါတင်မက တစ်ခြား ပြောင်းလဲလာတဲ့ လူတွေရဲ့ အပြုအမူတွေ အမြောက်အများကိုလဲ တွေ့ရပါသေးတယ်။ ထူးခြားတာလေး တစ်ခုအနေနဲ့ ဒီကပ်ဆိုး စတင်ဖြစ်ပေါ်လာသော နေရာဒေသ ဖြစ်တဲ့ တရုတ်နိုင်ငံ က တရုတ်နိုင်ငံသားများကို ကမ္ဘာတဝှမ်းမှာရှိတဲ့ လူအများစုက ခွဲခြား ဆက်ဆံနေမှုတွေကိုလဲ တွေ့မြင်ရပါတယ်။ ဒါတင်မက နိုင်ငံခြားကနေ မိမိနိုင်ငံကို ပြန်လာတဲ့ ပြည်တော်ပြန်များနဲ့ ပတ်သက်ပြီးတော့လဲ အရင်တုန်းကရှိခဲ့ဖူးတဲ့အမြင်နဲ့ ယှဥ်ရင် အခုအချိန်မှာ ရှိတဲ့ အမြင် က အရမ်းကို ကွာခြားလာတာကို သတိထားမိနိုင်ပါတယ်။
၂။ စီးပွားရေး အရရော လူတွေရဲ့ အပြုအမူတွေ ဘယ်လို ပြောင်းလဲလာမှုတွေ ရှိလာသလဲ။
စီးပွားရေးအရ ကြည့်မယ်ဆိုရင် လူတွေက ကျန်းမာရေးနဲ့ ပတ်သက်နေတဲ့ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေ ဝယ်ယူသုံးဆောင်ရာမှာ အရင်တုန်းက စျေးထက် စျေးပိုမိုပြီး ပေးဆောင်ဖို့ ဝန်မလေးတော့တာကိုလဲ တွေ့ရှိလာရပါတယ်။ ဒါအပြင် ကုန်ထုတ်မှုနဲ့ ပတ်သက်တဲ့ နေရာမှာဆိုရင် မိမိတို့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများကို နိုင်ငံခြားက တင်သွင်းလာတဲ့ ပစ္စည်းများထက် ပိုမို အလေးပေးလာမှုတွေလဲ တွေ့ရပါတယ်။ ဒါတင်မက လူတွေက အရင်တုန်းကလို စားသောက်ဆိုင်များမှာ သွားရောက် စားသုံးမှုတွေထက် အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုတွေကို ပိုမို ဦးစားပေး အသုံးပြုလာမှုတွေပါ မြင်နေရပါတယ်။
၃။ ဒီကပ်ဆိုးထဲမှ အဆိုးကနေ အကောင်းဆိုသလိုမျိုး ပြောင်းလဲလာတဲ့ အပြုအမူကောင်းတွေကရော ဘာတွေဖြစ်ပါသလဲ။
အဆိုးထဲက အကောင်းအနေနဲ့ ပြောရမယ်ဆိုရင် ပညာရေးနဲ့ဆိုင်တဲ့အပိုင်းမှာ လူအများစုက ပိုပြီး အချိန်ပေး သင်ယူဖြန့်ဝေမှုတွေ များပြားလာတာကိုလဲတွေ့ရပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်တွေမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ လေ့လာလိုက်စားလာမှုတွေဟာဆိုရင် လူငယ်များအကြားမှာ ခေတ်စားလာတာကို တွေ့မြင်ရပါတယ်။ ဒါအပြင် ကုမ္ပဏီ အများစုကလဲ အရင်လုပ်ငန်း လည်ပတ်ပုံများနဲ့ မတူတဲ့ နည်းလမ်းသစ်များဖြင့်လဲ လုပ်ငန်းများ စဥ်ဆက်မပြတ် လည်ပတ်မှုရှိနေအောင် လုပ်ဆောင်နေမှုများကိုလဲ တွေ့ရှိရပါတယ်။
ဒီကနေ့ မှတ်သားဖွယ် အဆို။
English Version
Better to know than to be told.
Better to learn than to acquire.
Celtic Wisdom for Business
မြန်မာ ဘာသာပြန်
ပြောလို့သိတာထက်၊ အလိုလိုသိတာက ပိုကောင်းတယ်။
အလိုလိုရတာထက်၊ လေ့လာယူတာက ပိုကောင်းတယ်။
Celtic စီးပွားရေး အဆို
References -
- Consumer Behavior in pandemics
- Consumer Behavior in the Global Marketplace in the Time of Coronavirus
မှ ကောက်နှုတ်တင်ပြသည်။