Covid-19 နဲ့ ပတ်သက်ပြီး နိုင်ငံတကာ Central Banks တွေက ဘာတွေလုပ်နေကြလဲ - The Covid-19 vs Central Banks around the World
08 Mar 2020 | ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီးခုတစ်လော အားလုံး သိတဲ့အတိုင်း Covid-19 နဲ့ ပတ်သက်ပြီး နေရာတိုင်းမှာ မကြားချင်းမှအဆုံး သတင်းအစုံးပါပဲ။ အထူးသဖြင့် စျေးဝယ်စင်တာတွေမှာ ပစ္စည်း လက်ကျန်းတွေ မရှိတော့တာတဲ့ ပတ်သက်ပြီး ပုံတွေ လိုင်းပေါ်မှာ တက်လာပြီးကြောင့် လူတော်တော်များများကို အလန်းတကြာ ဖြစ်စေပါတယ်။
Covid-19 နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံမှာတော့ တရုတ်ကနေ ပစ္စည်းယူပြီး အလုပ်နေရတဲ့ လုပ်ငန်းတွေ အလုပ်ပျက်နေတာကလွဲပြီး တစ်ခြား ဘာမှ ထွေးထွေးထူးထူး သိပ်မရှိပါဘူး။ ဒါပေးမဲ့ တစ်ခြားနိုင်ငံတွေမှာတော့ ပိုင်းရစ်နဲ့ ပတ်သက်ပြီး ဆိုးရိမ်းမှုတွေများတာကြောင့် လုပ်ငန်းအများစု လည်းပတ်ဖို့ အခက်အခဲ့ ကြုံ့နေရပါတယ်။
အဲဒါတွေက Supply Shock လို့ ခေါ်တဲ့ ကုန်းပစ္စည်းလက်ကျန်းက နည်းနေပြီးတဲ့အပြင် ကုန်းထုတ်လုပ်မှုတွေကလဲ ရပ်ဆိုင်ထားခံရတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ပိုင်းရစ်ကြောင့် တရုတ်ကနေပစ္စည်း ယူပြီး အလုပ်လုပ်နေရတဲ့ စက်ရုံးအများစုက ပိတ်ထားရတာကြောင့် global supply chain တစ်ခုလုံး အခုလို ခယက်ရိုက်ထပ်နေတာ ဖြစ်ပါတယ်။
နိုင်ငံအများစုက သူတို့နိုင်ငံရဲ့ စီးပွားရေး ပုံမှန် ပြန်လည် လှည်ပတ်စေဖို့ အတွက် သူတို့ ဗဟိုဘဏ်တွေမှာ ငွေချေးရင် ပေးရတဲ့ အတိုးနှုန်း များကို လျှော့ကျမှုတွေ လုပ်လာကြပါတယ်။ US, Australia နဲ့ India နိုင်ငံတွေ က policy rate (သို့) interest rate လို့ ခေါ်တဲ့ ဗဟိုဘဏ်ကနေ့ ပုဂ္ဂလိက ဘဏ်နဲ့ အစိုးရ ဘဏ်တွေ ငွေချေးရင် မယ်ဆိုရင် ပေးရတဲ့ အတိုးနှုန်း ကို အခုလို လျှော့ချနေကျတာ ဖြစ်ပါတယ်။ အဲဒါရဲ့ အဓိက ရည်ရွယ်ချက်က ကုန်ထုတ်လုပ်မှုတွေ ပိုမို မြန်မြန် ဆန်ဆန်း ပြန်လည် နလှံ ထူးလာစေဖိုအတွက် ဖြစ်ပါတယ်။
ဒါပေးမဲ့ စီးပွားရေး ပညာရှင်း အများစုက အဲဒီလို့ လုပ်ဆောင်ချက်က စီးပွားရေး ပြန်လည်း လည်းပတ်လာဖို့ အထောက်အကူ ပေးချင်းမှ ပေးမှာ ဖြစ်မယ်လို့လဲ ပြောနေကြပါတယ်။ ဘာလိုလဲ ဆိုတော့ အဓိက ပြဿနာက လုပ်ငန်းလည်ပတ်ဖို့ ငွေ မရှိတာထက် virus ကြောင့် အလုပ်သမားတွေ အလုပ်ဆင်းဖို့က အဆင်မပြေ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။
ဒီကနေ့ မှတ်သားဖွယ် အဆို။
English Version
How many know the price of a thing,
But not its value!
And there are some things which have no price and
Are beyond value.
Celtic Wisdom for Business
မြန်မာ ဘာသာပြန်
စျေးနှုန်းကို သိတဲ့လူ များပေးမဲ့၊
တန်ဖိုးကို သိတဲ့လူ ရှားလိမ့်မယ်။
တချို့အရာတွေဟာ စျေးနှုန်းအရ ဘာမှမရှိပေးမဲ့
တန်ဖိုး မဖြတ်နိုင်ဘူး။
Celtic စီးပွားရေး အဆို
အကိုးအကား -