မြန်မာ စီးပွားရေး အထူးဇုန်များ နဲ့ လူငယ်များအတွက် အခွင့်အလမ်း - Special Economic Zones Vs Youth Employment
29 Feb 2020 | ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီးအာလုံးပဲ မင်္ဂလာပါ။
မြန်မာနိုင်ငံမှာ စီးပွားရေး အထူးဇုန် (Special Economic Zones) ဆိုပြီးတော့ သီလဝါ၊ ထားဝယ်နဲ့ ကျောက်ဖြူ မြို့များကို ၂၀၁၅ ခုနစ်ကနေ စတင်ဖွင့်လှစ်လုပ်ဆောင်ခဲ့ပါတယ်။
အရင်ဆုံး ဘာလို့ အခုလိုမျိုး Special Economic Zone တွေ လုပ်ရတာလဲဆိုတာ ဆွေးနွေးရအောင်။
အဓိက ဦးတည်းချက်တွေကတော့ -
(က) မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထူးအကူးတစ်ခု အဖြစ်။
(ခ) မြန်မာ့ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရေး၊ ပြည်သူ့တိုင်း လူနေမှု အဆင့်အတန်း မြှင့်မြှင့် နေထိုင်မှု ရရှိရေး၊ ပြီးတော့ တိုင်ပြည် အတွက် နိုင်ငံခြား ရင်နှီးမြှပ်နှံ့မှုများ တိုးပွားလာရေး။
(ဂ) မြန်မာနိုင်ငံနဲ့ နိုင်ငံတစ်ကာ စီးပွားရေး ကူးသန်းရောင်းဝယ်ရေး ပိုမို ကောင်းမွန်လာပြီး၊ ပြည်သူများ အတွက် စီးပွားရေး လမ်းစထွန်ပေါက်လာစေရန်၊ ပြီးတော့ လိုအပ်လာမဲ့ အသိနည်းပညား အတတ်ပညာများကို တိုးတက်ပြီးနေပြီးဖြစ်တဲ့နိုင်ငံတွေကနေ တဆင့် လေ့လာနိုင်မဲ့ အခွင့်အရးများ တိုးပွားလာရေး စတာတွေကို အဓိကထားတာဖြစ်ပါတယ်။
အဲဇုန်တွေမှာ စီးပွားရေး လုပ်ငန်တွေ စတင်လုပ်ဆောင်တဲ့အခါမှာ အခွန်အခ ကင်းလွတ်ခွင့်များ ကို အထူး အကျိုးခံစားခွင့် ပေးထားတာဖြစ်ပါတယ်။ အဲဒါကတော့ အဲဇုန်တွေမှာ ရင်းနှီးမြှုပ်နှံ့မဲ့ စီးပွားရေး လုပ်ငန်းများကို အားပေးထားတဲ့ သဘောပါ။
လူငယ်များ အတွက် အဓိက ဦးစားပေး သင့်တာကတော့ ဘယ်နိုင်ငံက အများဆုံး လာရောက် ရင်းနှီးမြှုပ်နေတာလဲဆို သိဖို ရယ်၊ ပြီးတော့ လိုအပ်လာမဲ့ အသိပညာ၊ အတက်ပညာများ မိမိတို့ရှိမှာရှိနေအောင် ပြင်ဆင်ထားဖိုရယ်ပါ။
ခုလောလောဆယ် စီးပွားရေးအထူးဇုန်တွေမှာ အဓိက ရင်းနှီးမြှုပ်နှံ့နေတဲ့ နိုင်ငံတွေက Japan (သီလဝါ), Thailand(ထားဝယ်), China(ကျောက်ဖြူ) စတာ နိုင်ငံတွေက အများစုံး ဖြစ်ပါတယ်။
လာရောက်ရင်နှီးထားတဲ့ နိုင်ငံတွေနဲ့ မိမိတို့ တန်းတူ ဆက်ဆံနိုင်ရန်လူငယ်တွေ ဂျပန်၊ တရုတ်၊ အင်္ဂလိပ် စကားတွေ စတင်လေ့တာမျိုး ဖြစ်ဖြစ် မိမိတို့ အလုပ်အကိုင်း အခွင့်အလမ်းလာစေဖို့ စတင်လုပ်ဆောင်သင့်ပါတယ်။
ဒီကနေ့ မှတ်သားဖွယ် အဆို။
English Version
Every person of business should defend their staff,
for it is the staff who bring the profits.
Honor them, and they, in turn, will honor you.
Celtic Wisdom for Business
မြန်မာ ဘာသာပြန်
ဘိဇနက်သမားတိုင်း ကိုယ့်ဝန်ထမ်းကို ကာကွယ်သင့်တယ်။
အမြတ်ကို ဆောင်ကြဥ်းပေးတာ ဒီဝန်းထမ်းတွေ့မို့ပါ။
သူတို့ကို ဂုဏ်ပြုလိုက်၊ သူတို့က ခင်ဗျားကို ပြန်ဂုဏ်ပြုပြလိမ့်မယ်။
Celtic စီးပွားရေး အဆို
အကိုးအကား -
- ASIAN ECONOMICINTEGRATIONREPORT 2015: How Can Special Economic Zones Catalyze Economic Development?
- Myanmar Special Economic Zone Law, 2014
- Myanmar SEZ Assessment Publications Reports 2017
- SEZs and Value Extraction from the Mekong
တို့မှ ကောက်နှုတ်တင်ပြသည်။