ဗိုင်းရပ်စ် ရဲ့ စီးပွားရေး ဆိုင်ရာ အကျိုးဆက်များ - Virus outbreak Vs Economic Impact

|

၁။ ဗိုင်းရပ်စ် က ဘယ်လုပ်ငန်းများကို အရင်ဆုံး ရှုံးဆုံးမှုတွေ ဖြစ်စေပါသလဲ။

ဗိုင်းရပ်စ် တစ်ခု ဖြစ်လာပြီးဆိုရင် လူတွေက အရင်ဆုံး မိမိတို့စီ ရောဂါပိုး ကူးဆက်လာမှု မရှိအောင် စလုပ်ဆောင်လာကြပါတော့မယ်။ အထူးသဖြင့် အိမ်းအတွင်းမှာ ပဲ နေပြီး အပြင်ကို တက်နိုင်သလောက် မသွားဖြစ်မဖြစ် လောက်သာ သွားလာကြပါတော့မယ်။ လူတွေက အပြင်မထွက်၊ ဒီကနေ့လုပ်စရာ ရှိတာကို နောက်တစ်ရက် ရွှေ့လာနေပြီးဆိုရင် အရင်ဆုံး အဲဒါတွေကို မှီးခိုးနေတဲ့ ခရီးသွားလားရေး လုပ်ငန်းများက အဓိက အထိနားမှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒါအပြင့် လူအများ ပုံမှန် စုကားမဲ့နေရာတွေ ဖြစ်တဲ့ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ၊ ပြီးတော့ စားသောက်ဝန်းဆောင်မှု ပေးတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ စားသောက်ဆိုင်တွေ အတွက်လဲ ဆုံးရှုံးမှုတွေ၊ အရောင်းကျဆင်မှု တွေ ဖြစ်တာပါမယ်။

အားလုံး သိတဲ့အတိုင်း အရေးအခဲ တစ်ခုခု ဖြစ်လာပြီး ဆိုပါက လူတွေက အဓိက လိုအပ်တဲ့ စာသောက်ကုန်များ ကိုသာ ဦးစားပေးလာတော့မှာ ဖြစ်တဲ့အတွက် ဇိမ်ခံပစ္စည်းများ အတွက်လဲ ရောင်းအား ကျဆင်မှုများ ဖြစ်လာနိုင်ပါတယ်။

၂။ ဗိုင်းရပ်စ် က ဘယ်လုပ်ငန်းများအတွက် အခွင့်အလမ်း တွေ ဖန်တီးပေးနိုင်ပါသလဲ။

စီးပွားရေးအရ ကြည့်မယ် အရင်ဦးဆုံး အကျိုးအမြတ်ပေးတာကတော့ ကားကွယ်ရေးအတွက် အရေးပါတဲ့ မျက်နှာဖုံး လို့ ပစ္စည်းများရောင်းတဲ့ ဆေးဆိုင်တွေပါပဲ။ အကျိုးအမြတ် အဖြစ်ဆုံးကတော့ ဆေးလုပ်ငန်းတဲ့ ဆိုင်တဲ့ စီးပွားရေးနဲ့ ဆေးခန်းတွေ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကို တိုက်ဖြတ်နိုင်လောက်မဲ့ ဆေးဝါးမျိုး ပထမဆုံး ထုတ်လုပ်နိုင်တဲ့ လုပ်ငန်းရှင်းက အကျိုးအမြတ် အများဆုံး ရရှိမှာ ဖြစ်ပါတယ်။

ပြီးတော့ စားသောက်ကုန်းခြမ်း များ ရောင်းချတဲ့ ဆိုင်တွေ အတွက်လဲ ရောင်းအား တိုးလာမှာဖြစ်ပါတယ်။

၃။ မိမိတို့ကရော ဘယ်လို့တိုက်ရိုက် အကျိုးဆက်တွေ ကြုံလာနိုင်ပါလဲ။

ဗိုင်းရပ်စ် က အရမ်းအခြေးအနေဆိုးလာပြီး global food supply chain တွေကို ပါ ထိလာပြီးဆိုရင် မိမိတို့ စားသုံးသူတွေက အရာရာကို စျေးနှုန်းပုံမှန်း ပိုပေးပြီး ဝယ်ရတော့မှာ ဖြစ်ပါတယ်။

ဒါအပြင် စီးပွားရေးလုပ်ငန်းများ က ပုံမှန်ထက် အချိန် ပိုမို ကျန်ကြားနှောင့်နေ မှုတွ ဖြစ်လာနိုင်ပါတယ်။

အားလုံးပဲ မိမိကိုယ်မိမိ ဂရုစိုက်ပြီး ဗိုင်းရပ်စ်ကနေ ကားကွယ်နိုင်ကြပါစေ။

ဒီကနေ့ မှတ်သားဖွယ် အဆို။

English Version

He who seeks for a friend without a fault will never find him.
But friends are blind to the faults of their companions.
Celtic Wisdom for Business

မြန်မာ ဘာသာပြန်

စင်းလုံးချော မိတ်ဆွေကိုမှ ရှာမယ်ဆိုရင် ဘယ်တော့မှ တွေ့မှာမဟုတ်။
ဒါပေမဲ့ မိတ်ဆွေဆိုတာ သူ့အပေါင်းအသင်းရဲ့ အားနည်းချက်ကို
မျက်ကွယ်ပြု ပေးတတ်ပါတယ်။

Celtic စီးပွားရေး အဆို

References -

  1. China Virus Outbreak May Wallop Economy, Financial Markets
  2. Coronavirus: Could it damage the global economy?
  3. World braces for economic impact of Wuhan coronavirus outbreak
  4. How China’s Virus Outbreak Could Threaten the Global Economy

တို့မှ ကောက်နှုတ်တင်ပြသည်။