တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ ကြာချိန် - How long it takes to start a business legally
30 Oct 2019 | ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီးအာလုံးပဲ မင်္ဂလာပါ။
မကြာသေးခင်က World Bank သည် ကမ္ဘာတဝှမ်းမှာ ဘယ်နိုင်ငံတွေက တရားဝင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ဖို့ ပုံမှန်ကြာချိန် ဘယ်လောက်ကြာသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်မှု (rankings) တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အဲထုတ်ပြန်ချက်အရ ထိပ်ဆုံးမှာ ရှိနေတာကတော့ China, India နဲ့ Saudi Arabia တို့ပဲ ဖြစ်ပါတယ်။
အဲ ထုတ်ပြန်ချက်ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ ကမ္ဘာတဝှမ်းမှာ စီးပွားရေးလုပ်ရတာ ဘယ်လောက် လွယ်ကူလဲ ဆိုတာ သိဖို့ ဖြစ်ပါတယ်။ ဘာတွေနဲ့ တိုင်းတာလဲဆိုတော့ -
၁။ လုပ်ငန်းအတွက် လိုအပ်တဲ့ လျှပ်စစ်မီး ရဖို့က ပုံမှန် ဘယ်လောက်ကြာတာလဲ ဆိုတာ၊ (How easy it would be for a company to obtain an electricity connection.)
၂။ စီးပွားရေး အရ အသုံးပြုဖို့ ဂိုဒေါင်တို့ ဘာတို့ ဝယ်ယူတဲ့အခါ က ပိုင်ဆိုင်မှုဆိုင်ရာ လွှဲပြောင်းမှု တွေ လုပ်တာက ဘယ်လောက်ကြာတယ် ဆိုတာရယ်၊ (Transfer the title of a warehouse.)
၃။ တရား၀င် လုပ်ငန်း စတင်လည်ပတ်ဖို့ လိုအပ်တဲ့ ငွေချေးငှားရန် အကြွေးစာချုပ်ပြဌာန်ခြင်း၊ (Enforce a debt contract.)
၄။ ပြီးတော့ လုပ်ငန်းက ရတဲ့ အမြတ်အစွန်း အတွက် ပေးဖို့ လိုအပ်တဲ့ အခွန်တွေ ပေးဆောင်ဖို့ လုပ်ဆောင်ရာမှာ ဘယ်လောက်မြန်လဲဆိုတာ၊ (Pay its taxes)
စတာတွေ ဖြစ်ပါတယ်။
အဲဒီအထဲမှာဆိုရင် အရင်နှစ်နဲ့ အခု မှာ Saudi Araba က တိုးမြင့်လာမှု အမြင့်ဆုံးပဲဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ သူ့နိုင်ငံမှာ လုပ်ငန်းအတွက် လိုအပ်တဲ့ လျှပ်စစ်မီးရဖို့ ဆို ၃၅ ရက်ပဲ စောင့်ရပါတယ်။ ပြီးတော့ သူ့အစိုးရက စီးပွားရေးသမား စွန်ဦးသူတွေအတွက် online one-stop-shop center တစ်ခုကို တည်ထောင်ထားလိုက်လို့လဲ ပါပါတယ်။ အဲလို လုပ်လိုက်တာက စီးပွားရေး လုပ်ငန်း တစ်ခု စတင်ရန် လိုအပ်တာတွေ လုပ်ဖို့ကို ဝန်ကြီးရုံး တွေ တစ်ခုပြီး တစ်ခု လိုက်သွားစရာ မလိုတော့အောင် ဖြစ်ပါတယ်။
ဟုတ်ပါပြီး။
မြန်မာ နိုင်ငံက ရော၊ အဲဒီ ranking ထဲမှာ ဘယ်နေရာမှာ ရှိနေတာလဲဆိုတာ ကြည့်ရအောင်။
အခုနှစ်မှာ တော့ World Bank ရဲ့ ထုတ်ပြန်ချက်အရ မြန်မာက အရင်နှစ် ၂၀၁၈က အတိုင်း နံပါတ် ၁၇၁ နေရာမှာပဲ ရှိနေပြီး ခုနှစ် မှာ ၁၆၅ နေရာ ရောက်ရှိတာ ဖြစ်တဲ့အတွက် ယခင်နှစ်ထက် အဆင့်ခြောက်ဆင့်တိုလာပါတယ်။ ဒါအပြင် နောက်ထပ် သတင်းကောင်းအနေနဲ့ မြန်မာနိုင်ငံဟာ ဆိုရင် တိုးတက်လာနေတဲ့ ပထမဆုံး နိုင်ငံ ၂၀ (top-20 improvers) ထဲမှာ ပါနေပါတယ်။
မြန်မာ နိုင်ငံ က အဓိက အားဖြင့် အောက်ဖော်ပြပါ အစပျိုးမှု လုပ်ဆောင်မှုတွေကြောင့် အခုလို့ top-20 improvers နိုင်ငံတွေမှာ ပါနေတာကြောင်း ပြောထားပါတယ်။
၁။ ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေးဆိုင်ရာ စည်မျဥ်းချက်များကို အဆောက်အဦးတွေ အရည်းအသွေး ပိုမို တိုးလာစေရန် မြင့်တင်လာမှု၊ (The city of Yangon strengthened construction quality control by imposing stricter qualification requirements for architects and engineers.)
၂။ ရေနဲ့ တစ်ခြား အခြေခံကြတဲ့ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံခဲ့မှု၊ (Myanmar invested in its water and sanitation infrastructure.)
၃။ ကုမ္ပဏီတွေ အလွယ်တကူမှတ်ပုံတင်နိုင်ဖို့ အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်ပလက်ဖောင်းစတင်ခဲ့မှု၊ (Nationally, Myanmar launched an online company registry platform, thereby merging several procedures and reducing the need for in-person interaction - DICA )
၄။ လုပ်ရပ်မှတ်ပုံတင်ခြင်းနှင့် အကဲဖြတ်ခြင်းများ ဖြင့် အိမ်ခြံမြေမှတ်ပုံတင်မှု လွယ်ကူချောမွေ့လာစေခြင်း။ (Myanmar also made property registration faster by streamlining deed registration and appraisal.)
၅။ ရင်းနှီးမြှုပ်နှံသူများနဲ့ ကုမ္ပဏီများအကျိုးအလိုငှာ ကုမ္ပဏီအက်ဥပဒေသစ် ကို ထုတ်ပြန်လိုက်ခြင်း စတာတွေ ကြောင့် ဖြစ်ပါတယ်။ (Myanmar courts started publishing performance measurement reports, and a new company law strengthened minority investor protections by mandating greater disclosure of transactions with interested parties, increasing director liability and requiring greater corporate transparency.)
အားလုံး ကျေးဇူးတင်ပါတယ်။
ဒီကနေ့ မှတ်သားဖွယ် အဆို။
English Version
You cannot do good to other people without doing good to yourself.
Celtic Wisdom for Business
မြန်မာ ဘာသာပြန်
ကိုယ့်ကိုယ်ကိုမှ ကောင်းအောင်မလုပ်နိုင်ရင်၊
သူများ အတွက်လည်း ကောင်းအောင်လုပ်နိုင်မှာ မဟုတ်။
Celtic စီးပွားရေး အဆို
References -
- The remarkable influence of the World Bank’s business rankings
- Myanmar Among World Bank’s Top 20 for Business Ease Improvements
- Top-20 improvers in Doing Business 2020
- စီးပွားရေးလုပ်ရလွယ်ကူမှု အဆင့်ညွှန်းကိန်းတွင် မြန်မာအဆင့်တက်ရန် ကြိုးနီစနစ်များပြင်မည်
တို့မှ ကောက်နှုတ်တင်ပြသည်။