ပြည်သူတွေ ဘဏ်ကို ယုံကြည်မှု မရှိတဲအခါဝယ် - When A Country Doesn't Trust Its Banks

|

အာလုံးပဲ မင်္ဂလာပါ။

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာဆိုရင် တစ်ရက်ပြီး တစ်ရက်၊ တစ်နေပြီး တစ်နေ အသစ် အသစ် တွေ နဲ့ အမြဲမပျက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူငယ်တွေ အတွက်တော့ တစ်နေတာ ဘဝ ကို ရုန်ကန်း ဖြတ်သန်နေတာနဲ့တင် မိမိတို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ အချိန်၊ စိတ်စွမ်းအားများ လည်း အထူးတလည် ရှိမနေတတ်ပါဘူး။

တစ်နေတစ်နေ့ များပြားလွန်းကဲတဲ့ သတင်းအချက်လတ်တွေနဲ့ ဘယ်အရာကို မိမိတို့ လူငယ် တွေ အချိန်ပေးသင့်သလဲ ဆိုတာကိုတောင် ဝေခွဲရခက်နေတဲ့ အခြေအနေးမျိုး ရောက်နေတဲ့ ခေတ်ကြီးဖြစ်တဲ့အတွက် မိမိတို့ လူငယ်တွေ အချိန်မပေးချင်းတာလဲ အပြစ်တော့မဟုတ်ပြန်ပါဘူး။

ဒါပေမဲ့ မိမိတို့ လူငယ်တွေမှာ တစ်ရက်ကို နည်းနည်းစီး မိမိ တို့ သိချင် တက်ချင်တာလေများကို ရှားဖွေး ဖတ်တတ်တဲ့ အကျင့်ကောင်းလေးများလဲ ရှိနေတာလေကိုလဲ သတိပြုမိပါတယ်။

အဲဒါကြောင့်မို့လို့ စီးပွားရေး၊ ငွေရေးကြေးရေးနဲ့ ဆိုင်တဲ့ ပြီးတော့ လူငယ်တွေ အတွက် အကျိုးရှိလောက်မဲ့လို့ ထင်ရတဲ့ အခုလောလောဆယ် ကျွန်တော်တို့ နေတဲ့ ကမ္ဘာကြီးမှာ ဖြစ်ပြတ်နေတဲ့ အကြောင်းအရာများကို ‘The world we live in: ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီး’ ဆိုတဲ့ စာစဥ်နဲ့ တက်ဆက်သွားဖို့ ရည်းရွယ်ထားပါတယ်။

ပထမ ဦးဆုံး ခေါင်စဥ် အနေနဲ့ ဟိုတစ်လောလေက ဖြစ်သွားတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ခေါင်းဆောင်တစ်ယောက်ရဲ့ ပြောဆိုချက်ကြောင့် လူတွေ အလန်တကြား ဘဏ်မှာ မိမိတို့ စုဆောင်ငွေတွေကို အပြေးအလွှာ သွားထုတ်ကြတာလေကို သတိရလာပါတယ်။ အဲဒါလေးနဲ့ ပတ်သတ်ပြီး ဘာလို ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံက လူတွေ အထူသဖြင့် မြန်မာ ပြည်သူပြည်သားတွေ အခုလို လုပ်ဆောင်ကြတာလဲဆိုတာ နဲ့ ဆိုင်တာကို ရေးဖို စဥ်စားမိပါတယ်။

မြန်မာနိုင်ငံဟာဆိုရင် အရင်စနစ်ဟောင်းတွေရဲ့ ဆိုးကျိုးများကြောင့် ပြည်သူအများစုက အခုအချိန်အထိ မိမိ တို့ ချွေးနည်းစားများကို ဘဏ်မှာ သွားသိမ်းတာထက် မိမိတို့ နေထိုင်ရာအိမ်းမှာ စုဆောင်နေကြတုန်ပါပဲ။ အဲလို သိမ်းထားတာက အမှန်မှန်ဆို မိမိတို့ရဲ့ ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းမဟုတ်မှန် သိလျှက်နဲ့ကို မလွှဲသာလို့သားလို့သာ အဲနည်းလမ်းကို အခုအချိန်အထိ အသုံးပြုနေတုန်ပဲ ဖြစ်ပါတယ်။

ပြည်သူတွေ ဘဏ်တွေ အပေါ်ယုံကြည်မှု မရှိတာက တိုင်ပြည်စီးပွားရေး တိုးတက်မှု အတွက် အတားအဆီး တစ်ခုဖြစ်ပါတယ်။ တကယ်လို့ သာ အဲစုဆောင်ငွေတွေက ဘဏ်စုငွေမှာဆိုပါစို့။ ဘဏ်တွေ အဲစုငွေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေ ချေးငှားမှုတွေ လုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။ အဲဒီ စုဆောင်းထားသူတွေ အနေဖြင့်လဲ ဒီအတိုင် အိမ်းမှာ အိပ်နေ့မဲ့ ငွေအစား သင်လျှော်တဲ့ အတိုးနှုန်းများကိုလဲ အကျိုးခံစားခွင့် ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းများ ချဲ့ထွင့်မှု ဖြစ်ပေါ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းမှာလည် ပိုမိုများပြာလာကြမှာနိုင်ပါတယ်။

အဲဒါတွေကြောင့် နိုင်ငံစီးပွားရေး တိုးတက်အောင် လုပ်ဆောင်ရာမှာ ဘဏ် (banks)တွေကို လူတွေ စိတ်ချယုံကြည်မှု ရှိဖို့က အရမ်းကို အရေးပါးပါတယ်။အခုလို့ ပြည်သူတွေစီက တုန့်ပြန့်မှုတွေဟာ အမှန်မှန်တော့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး စနစ် (Financial System) ကို ပိုမို ပြည်သူတွေ ယုံကြည်မှု ရှိလာအောင် လုပ်ဆောင်ဖို့ လိုအပ်နေသေးကြောင်းကို ပြနေတာပါ။

အားလုံး ကျေးဇူးတင်ပါတယ်။

ဒီကနေ့ မှတ်သားဖွယ် အဆို။

English Version

The beggar will lay not be troubled by a thief.
Celtic Wisdom for Business

မြန်မာ ဘာသာပြန်

သူတောင်းစားမှာ သူခိုးရန်မကြောက်ပါ။
Celtic စီးပွားရေး အဆို

References -

  1. When A Country Doesn’t Trust Its Banks
  2. What Explains Trust in Banks? The Role of Consumer Governance

မှ ကောက်နှုတ်တင်ပြသည်။