အားလုံး မင်္ဂလာပါ။
ဒီအပတ်မှာတော့ မြန်မာနိုင်ငံတော့်ဗဟိုဘဏ် (Central Bank of Myanmar - CBM) ရဲ့ policy interest rate လို့ခေါ်တဲ့ ဘဏ်တွေ CBM ကနေ ငွေချေးရင်ပေးရတဲ့ အတိုးနှုန်း အကြောင်း ဆွေးနွေးကြတာပေါ့။
အခု လက်ရှိ မြန်မာ နိုင်ငံ ရဲ့ policy interest rate ( ဘဏ်အချင်းချင်း ချေးတဲ့ အတိုးနှုန်း) က တနှစ်လျှင် ၁၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပြီးတော့ ဘဏ်မှာ ပိုက်ဆံ သွားစုရင် အနည်းဆုံး တစ်နှစ်ကို ၈ ရာခိုင်နှုန်း ပေးရမယ် ဆိုပြီး ပြောထားပါတယ်။
ဥပမာ ဆိုပါစို့..။
ဘဏ် တစ်ခု က ဗဟိုဘဏ် စီကနေ တစ်နှစ်ကို အတိုးနှုန်း ၁၀ ရာခိုင်နှုန်းနဲ့ ချေးယူပြီး စီးပွားရေး လုပ်ငန်းရှင်တွေကို တစ်နှစ်ကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနှင့် ပြန်ချေးပါတယ်။ အဲ့လိုဆိုတော့ စီးပွားရေး လုပ်ငန်းရှင်တွေကလဲ သူတို့ ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှု စတာ တွေ စားသုံးသူများထံ ဖြန့်တဲ့ နေရာမှာ အဲ့ဒီ ပေးရမဲ့ အတိုးအပေါ် မူတည်ပြီးတော့ ဈေးနှုန်း သတ်မှတ်ကြပါတယ်။
အဲတော့ ဗဟိုဘဏ်က အတိုးနှုန်းကို တိုး လိုက်ရင်ရော ဘာတွေဖြစ်လာနိုင်မလဲ။ လျှော့လိုက်မယ် ဆိုရင်ရော ဘာတွေ တွေ့ကြုံလာနိုင်မလဲ ဆိုတာ စဉ်းစားကြည့်ရ အောင်။
ပထမဦးဆုံး ဗဟိုဘဏ်က အတိုးနှုန်းကို တင် လိုက်တယ်ဆိုပါစို့။ ၁၀ ရာခိုင်နှုန်းက နေ ၁၂ ရာခိုင်နှုန်း ပဲထား။ အဲ့လိုဆို လုပ်ငန်းရှင်တွေကလဲ သူတို့ ကုန်ကျ မှုက များလာ ပြီး မိမိတို့ လို စားသုံးသူတွေစီကို ရောင်းချရာတွင် ဈေးနှုန်းမြင့်တင့်လာကြပါတော့မယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လဲ အတိုးနှုန်းမြင့်လာတဲ့အတွက် လူအများစု က ဘဏ်တွေမှာ ငွေတွေ သွားစုကြပါတော့မယ်။
အဲ့လိုမှ မဟုတ်ပဲ ဗဟိုဘဏ်က အတိုးနှုန်းကို လျှော့ချလိုက်တယ် ဆိုပါစို့။ ၁၀ ရာခိုင်နှုန်း ကနေ ၈ ရာခိုင်နှုန်းပေါ့။ အဲ့လိုဆိုရင် ငွေချးရတာ အတိုးနှုန်း သက်သာ လာတဲ့ အတွက် ပေးရတဲ့ ကုန်ဈေးနှုန်းလဲ သက်သာလာပါလိမ့်မယ်။ တစ်ဖက်ကလဲ လူတွေက ဘဏ်မှာ သွားစုဆောင်ထားမဲ့ အစား တစ်ခြား စီးပွားရေးတွေ မှာ ရင်းနှီးမြှုပ်နှံ့ မှု တွေ ပိုမို လုပ်လာ ကြပါတော့မယ်။
ဟုတ်ကဲ့။ အခုဆို ဘဏ်အတိုးနှုန်း ရဲ့ အရေးပါမှုကို လူငယ် တို့ နည်းနည်း နားလည်လာပြီး လို့ ထင်ပါတယ်။ နောက်အပတ် တစ်ခြား ခေါင်းစဉ်တွေ ဆက်လေ့လာကြတာပေါ့။
အားလုံး ကျေးဇူးတင်ပါတယ်။
English:
Please read in-depth in the following reference articles.
Reference: