ငွေ သံဿရာ - Money in Circulation
18 Aug 2019 | လူငယ်မှသည် လူချမ်းသာဆီသို့အားလုံး မင်္ဂလာပါ။
ပိုက်ဆံရဲ့ အခြေခံ လက္ခဏာများကို သိထားကြပြီး အရင်ကပိုစ်ကနေတဆင့် သိကြပြီးလို ထင်ပါတယ်။ ဒီအပတ်မှာတော့ မြန်မာနိုင်ငံမှာ အခုလက်ရှိ တစ်ဦးကနေတစ်ဦး လည်ပတ်နေတဲ့ ပိုက်ဆံ ပမာဏ ဘယ်လောက်ရှိသလဲ ဆိုတာကို လေ့လာကြရအောင်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Central Bank of Myanmar - CBM) မှာ December 2018 တွင် စာရင်း တင်ထားတဲ့ မှတ်တမ်းများအရ money in circulation (စုစုပေါင်း လည်ပတ်နေတဲ့) ငွေ amount- 50,892,783 million kyats ( သန်းပေါင်း 50,892,783) ရှိနေပါတယ်။ ဒီပိုက်ဆံတွေက အခုလောလောဆယ် banks တွေမှာ စုထားတာတွေပါသလို စီးပွားရေး လုပ်ငန်းတွေမှာလဲ လည်ပတ်နေပါတယ်။
ဟုတ်ပါပြီ။ အဲ့လောက် အများကြီး ပိုက်ဆံတွေကို မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ် - CBM က ဒီအတိုင်းလေ လေထဲက နေ ထုတ်လုပ်လိုက်တာလား (Does it come from thin air? )။ အဲ့လိုသာ ထုတ်လိုက်လ့ိုရမယ် ဆိုပါက ပိုက်ဆံချည်းဘဲ ထိုင်ထုတ်နေပြီး နိုင်ငံသားတိုင်းကို ချမ်းသာအောင် လုပ်ပေးနိုင်တာပေါ့ ( တကယ်လို့ နိုင်ငံတော်က လုပ်ချင်စိတ် ရှိရင်ပေါ့)။
အမှန်တော့ အဲလောက် ပမာဏရှိတဲ့ ငွေကို ထုတ်လုပ် (issued ) နိုင်ဖို့ ဆိုရင် assets လို့ခေါ်တဲ့ အာမခံ ပစ္စည်းတွေရှိနေရပါမယ်။ အဲ့လိုမှသာလျှင် တိုင်းတစ်ပါး နိုင်ငံခြားများက မိမိတို့ မြန်မာ ငွေကို appreciated ဖြစ်ပြီး လိုချင်မှာဖြစ်ပါတယ်။
မြန်မာ နိုင်ငံက ဆိုရင် သူ့ရဲ့ money supply (liability) ကို assets များဖြစ်တဲ့ IMF ကနေ ချေးငွေများ ၊ ပြီးတော့ gold reserves များ စသော အာမခံ တွေနဲ့ မြန်မာ နိုင်ငံမှ ပိုက်ဆံ က အခြေခံထားပါတယ်။
နောက်အပတ်မှာ မြန်မာနိုင်ငံရဲ့ financial (ငွေကြေးဆိုင်ရာ) နဲ့ ဆိုင်တာတွေကို ပိုမို အသေးစိတ် လေ့လာကြတာပေါ့။
အားလုံး ကျေးဇူးတင်ပါတယ်။
English:
Please read in-depth in the following reference articles.
Reference: