ဗြိတိန်ရဲ့ဝန်ကြီးချုပ်အသစ် Boris Johnson

|

၁။ ဘာတွေဖြစ်နေတာလဲ။

Britain သည် သူရဲ့ လက်ရှိ European Union (EU) ကနေ အောက်တိုဘာလ ၃၁ ရက်( October 31st) တွင် အပြီး ထွက်နိုင်ဖို့ လုပ်ဆောင်နိုင်မယ်လို့ ယူဆတဲ့ ဝန်ကြီးချုပ်အသစ် ကို တင်လိုက်ပါတယ်။

၂။ ဘာကို ဆိုလိုချင်တာလဲ။

အခုဆိုရင် EU ရဲ့ membership(အသင်းဝင်) က နေ ထွက်ဖို့ ကို လုပ်ဆောင်နေသည်မှာ ၃ နှစ် ခန့် ရှိတော့မယ် ဖြစ်ပါတယ်။

ဒါပေမဲ့ အခုချိန်အထိ အရင် ဝန်ကြီးချုပ်ဖြစ်တဲ့ Theresa May က စေ့စပ်ဆွေးနွေးထားတဲ့ deal (စီးပွားရေး ဆိုင်ရာ သဘောတူညီချက်) ကို သဘော မကျ သည့် အခြေအနေမှာ ရှိနေပါတယ်။ အဲဒါကြောင့်မို့လို အခုလို့ new deal ကို ဆက်လက်စေ့စပ်ဆွေးနွေးနိုင်ဖို့ ဝန်ကြီးချုပ် အသစ်ကို သူ့တို့ရဲ့ parliament (ပါလီမန်လွှတ်တော်) က တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။

၃။ ဘာလို့ စိတ်ဝင်စားမှု ပေးရမှာလဲ။

အပြင်ပန်းကနေ ကြည့်မယ် ဆိုရင် Britain က ဝန်ကြီးချုပ် ကိစ္စက မြန်မာ ပြည်သူတွေ ဖြစ်တဲ့ မိမိ တို့ လူငယ်တွေ နဲ့ ဘာမှ မဆိုင်ဘူးလို ထင်ကောင်းထင်မိနိုင်ပါတယ်။ ဒါပေမဲ့ politics(နိုင်ငံရေး) နေရာကနေ မကြည့်ပဲ leadership နေရာကနေ ကြည့်မယ်ဆိုရင် မိမိတို့ လို အထက်ကို အမြဲတမ်း report တင်နေရတဲ့ လခစား လူငယ်တွေ အတွက် leader တစ်ယောက် ပြောင်းတာနဲ့ မိမိတို့ ဘက်နေက အခြေအနေ ကြည့် ပြီး ပြင်ဆင် သင့်တာ ပြင်ဆင်နိုင်ဖို့ အရမ်း အရေးကြီးပါတယ်။

ဘာလို့လဲ ဆိုတော့ leader တစ်ယောက်ချင်းစီမှာ သူတို့ ကိုယ်ပိုင် သူတို့ strategy တွေရှိကြပါတယ်။ မိမိ တို့ဘက် က အတက်နိုင်ဆုံး သူတို့ strategy နဲ့ align လုပ်နိုင်ဖို့လိုပါတယ်။

နောက်ဆုံး မိမိ တို့ ရဲ့ survival က မိမိတို့ ပေးထားတဲ့ commitment တွေ ရဲ့ အရေးကြီးဆုံး နေရာမှာ ရှိနေလို့ ဖြစ်ပါတယ်။

ဒီကနေ့ မှတ်သားဖွယ် အဆို။

English Version

Give freely without the expectation of a return,
Then you will never be disappointed,
But you will often be surprised.
Celtic Wisdom for Business

မြန်မာ ဘာသာပြန်

တုံ့ပြန်မှု ကို မမျှာ်လင့်ဘဲ စိတ်ရှင်းရှင်း နဲ့ ပေးလိုက်ပါ။
ဘယ်တော့မှ စိတ်မပျက်စေရဘူး။
အံ့ဩစရာတောင် ကြုံရလိမ်ဦးမယ်။
Celtic စီးပွားရေး အဆို

Reference -

  1. ditching-the-gags-and-his-enemies-boris-johnson-claims-his-prize

မှ ကောက်နှုတ်တင်ပြသည်။