ငွေဝင်္ကပါ (အပိုင်း ၁) - The mystery of money (1)
21 Jul 2019 | လူငယ်မှသည် လူချမ်းသာဆီသို့အားလုံး မင်္ဂလာပါ။
မြန်မာနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ လူငယ်များရဲ့ အလုပ်စစ ဝင်ခြင်း လစာ (fresh graduate ) က ၁ သိန်းက နေ ၃ သိန်း လောက် ရပါတယ်။
ဥပမာ ဆိုပါစို့
မိမိ တစ်လ ကို ၃ သိန်း ဝင်ငွေ ရှိတယ်။ အသုံးစရိတ် တွေ တစ်ခြားလိုအပ်တဲ့ စရိတ် တွေကို နှုတ်ပြီး တစ်လကို မိမိ တို့ ၂၀ ရာခိုင်နှုန်း စုနိုင်တယ် ဆိုပါစ့ို။ ၃၀၀၀၀၀ x ၂၀ % = ၆၀၀၀၀ ပျမ်းမျှ အားဖြင့် တစ်လကို စုနိုင်မှာ ဖြစ်ပါတယ်။ အဲ့လို ၁ လ ၆ သောင်းနှုန်းဆို တစ်နှစ်ကို မိမိတို့ ဆီမှာ အနည်းဆုံး ၇ သိန်း ၂ သောင်း စုမိနိုင်ပါတယ်။
ဟုတ်ပါပြီ။ အဲ့လို စုဆောင်းထားတဲ့ ငွေ တွေကို မိမိ တို့ ဘာဆက်လုပ်သင့်လဲ။
ဘဏ်မှာထားပြီး တစ်လကို အခု မြန်မာနိုင်ငံရဲ့ အတိုးနှုန်းဖြစ်တဲ့ ၈ ရာခိုင်နှုန်းနဲ့ ဒီအတိုင်းထည့်ထားမှာလား?
ပြီးတော့ အဲ့လို ထည့်ထားလိုက်တယ်ပဲထား… ကုန်ဈေးနှုန်း မြင့်တက်လာမှုက မိမိရမဲ့ အတိုးနုန်း အတိုင်းဆိုရင်တောင် မိမိတို့အတွက် ဘာမှ ကောင်းကျိုးကို မသယ်လာပေးနိုင်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းဟာ အားလုံးသိတဲ့ အတိုင်း အနည်းဆုံး ၈ ရာခိုင်နှုန်းထက် မနည်းပါဘူး။
အဲ့ဒီတော့ မိမိတို့ လူငယ်တွေ ဘာတွေ လုပ်သင့်လဲ။ ဒီထက်ကောင်းတဲ့ နည်းလမ်းတွေများ ရှိနိုင်မလား ဆိုတာကို အားလုံး တူတူ လေ့လာ ကြပါစို့။
ပထမဆုံးအနေနဲ့ ဘာလို့ ဟိုးအရင် တုန်းကလူတွေက ငွေ ကို တီထွင်ခဲ့သလဲဆိုတာ ကြည့်ရအောင်။
ဘာလို့လဲဆိုတော့ money ဆိုတာလဲ human invention တစ်ခုဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းဖို့ လွယ်ကူအောင်လို့သာ လူတွေက ဖန်တီးတီထွင်ခဲ့တာ ဖြစ်ပါတယ်။
ရှေးရှေးတုန်းကဆို လူတွေက သူတို့ ပစ္စည်းတစ်ခုနဲ့ တစ်ခု အလဲအလည် လုပ်တဲ့အခါမှာ ကြားခံပစ္စည်း တစ်ခုမဟုတ် တစ်ခုကို အသုံးပြု ကြပါတယ်။ နေရာပေါ် မူတည်ပြီး ဘယ် material ကို သုံးလဲ ဆိုတာတော့ မတူကြပါဘူး။ တစ်ချို့ နေရာတွေမှာ gold metal ကို သုံးသလို အချို့နေရာတွေမှာတော့ silver metal၊ ပြီးတော့ ဆေးရွက်ကြီးကိုတောင် တစ်ချို့နေရာမှာ ငွေအဖြစ် အသုံးပြုကြပါတယ်။
အဲ့ဒီလို ပစ္စည်း အလဲအလည် လုပ်တဲ့နေရာ (trading) မှာ လွယ် ကူစေဖို့ တစ်ယောက်ကနေ နောက်တစ်ယောက်စီ ရောက်သွားတဲ့ အခါမှာ တန်းဖိုးပြောင်းလဲ မသွားတဲ့ ကြားခံ (media) တစ်ခု အနေနဲ့ money က လုပ်ဆောင်ပေးပါတယ်။
ဟုတ်ပြီ။ အဲ့လို ကြားခံ (median) ကောင်းကောင်း တစ်ခုဖြစ်ဖို့ သူရဲ့ လိုအပ်ချက်တွေကရော ဘာတွေလဲ။ ဘာလို့ Tobacco ကို ပိုက်ဆံအဖြစ် အခုခေတ်မှာ အသုံးမပြုကြ တော့တာလဲ။ ပြီးတော့ ဘာလို့ gold တို့ silver လိုမျိုး မိမိတို့ စားသုံးလို့ မရတဲ့ အရာတွေကိုရော ငွေ နည်းနည်းများများ ရှိတာနဲ့ လူတွေ ဝယ်စုနေကြတာလဲ။
အဲ့လို့ မေးခွန်းတွေ အများကြီးကို လူတော်တော်များများ က ခေါင်းစားခံပြီး စဉ်းစားကြမှာ မဟုတ်ပါဘူး။
နောက်အပတ်မှာ အဲ့ဒီ questions ကို အဖြေထုတ် ပေးမှာပါ။ လူတွေဘာလို့ အဓိက လိုအပ်တဲ့ (necessary) ကို ပိုမဝယ်ကြပဲ ornament metal တွေ ဖြစ်တဲ့ gold တို့ silver တို့ ကို ဝယ်စုကြပါလဲဆိုတာ အခု စာဖတ်နေသူများကိုလည်း စဉ်းစားကြည့်စေချင်ပါတယ်……။
စာဖတ်သူအားလုံးကိုကျးဇူးတင်ပါတယ်။
English
Please read the reference article. Thank you.
Reference -