လစဉ် ဝင်ငွေ ထွက်ငွေ စာရင်း - Monthly Budgeting

|

အားလုံး မင်္ဂလာပါ။

အခုဆိုရင် လူငယ်တို့ မိမိတို့တွေ Financial Freedom ကိုရအောင် နည်းလမ်းရှာ လုပ်ဆောင်ကြတော့မယ် ဖြစ်ပါတယ်။

အရင်ဆုံး အနေရဲ့ ပထမဆုံး ခြေလှမ်းကတော့ မိမိတို့ အနေနဲ့ မိမိတို့ ရဲ့ Financial Situation ကို သုံးသပ်ကြည့်ရှု (Analyse) ဖို့ လိုအပ်ပါတယ်။

ဥပမာ ဆိုပါစို..။ လကုန် သွားပါက မိမိတို့ ပိုက်ဆံ စုဖြစ်ရဲ့လာ ..? ဒါမှမဟုတ် သူများစီက နေ ချေးဌား ယူသုံး နေရတုန်းလာ..? မိမိ တို့ ဘယ်နေရာတွေမှာ မလိုအပ်တာတွေ သုံးနေတာလဲ ..?

တစ်ချို့ သော expense တွေက မိမိတို့ လူငယ်တွေ မလိုအပ်မှန်း သိသိကြီးနဲ့ ကို ရေရှည်ကို မတွေးမိလိုက်ပဲ သုံးလိုက်တာတွေ ရှိတတ်ပါတယ်။ အဲလိုတွေ သုံးဖြစ်သွားပါကလဲ နောက် ပြန်လည် တွေးတဲ့အခါ ဘာကြောင့် ဘာလို့ သုံးလိုက်မှန်း ဆိုတာတွေ ကို မမှတ်မိတော့တာ တွေများပါတယ်။

အဲလိုအခြေအနေမျိုး ကိုယ်တိုင်လဲ ကြုံခဲ့ ဖူးပါတယ်။

အဲဒါ ကြောင့်မိုလို မိမိ တို့ expense တွေ income တွေကို track စာရင်းလုပ်ဖို့ အရမ်း အရေးကြီးပါတယ်။

ဒီကနေ Monthly Budgeting (တစ်လ တာ ဝင်ငွေ ထွက်ငွေ) အကြောင်းရယ်၊ ဖုန်းကနေ ဘယ်လို့ လုပ်လို့ ရနိုင်မယ် ဆိုတာကိုပါ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၁။ Monthly Budgeting ဆိုတာ ဘာကို ပြောတာပါသလဲ။

ပထမဆုံး expenses (အသုံးငွေ) တွေဖြစ်တဲ့ monthly Transportation expenses ( အလုပ်အသွားအပြန် ကားခ) နဲ့ food expenses (အစားအသောက်အတွက် ကုန်ကျစရိတ်) တွေ နဲ့ တစ်ခြား အသုံးစရိတ် တွေ ဘယ်လောက် ဆိုတာကို အရင်းဆုံး သိဖို့ လိုအပ်ပါတယ်။

ဒုတိယ က မိမိ တို့ လစဉ်း ဝင်ငွေး (income) ဘယ်လောက် ဝင်လဲ ဆိုတာကိုပါ သိဖို့လိုအပ်ပါတယ်။

အဲ နှစ်ခုကို သိပါက လတစ်လ ရဲ့ အစကနေ budgeting လုပ်ထားလိုရမယ် ဖြစ်ပါတယ်။

မိမိတို့ Transportation Expenses က တစ်ရက်ကို 400 MMK x 30 days = 12000 ကျပ်

မိမိတို့ Food expenses( အိမ်းက ဈေးဖိုး) က ဘယ်လောက် ဆိုတာရယ် ထည့်တွက် ပြီး ရမယ်ဖြစ်ပါတယ်။

ဒါအပြင် Mobile bills (ဖုန်းဘေး ) ထည့်တာတေ ွ ဘာတွေ အားလုံး တစ်လ စာ ထည့် တွက် သင့်ပါတယ်။ အဲဒါ တွေ အပြင် မိမိ တို့ လစဉ် shopping (အဝတ်အစာဝယ်) အတွက် ဘယ်လောက် သုံးတယ်ဆိုတာကိုပါ တွေးပြီး ထည့်တွက်သင့်ပါတယ်။

မိမိတို့ Income - Expenses = Saving လုပ်လိုက်မယ်ဆိုရင် အဲဒါ ထွက်လာမယ် ဖြစ်ပါတယ်။

အနည်းဆုံး လတစ်လ ရဲ့ အစမှာ ထည့် တွက်လိုက်တာ ဖြစ်တဲ့ အတွက် အကြမ်း ဖျင်း မိမိ တို့ ဘယ်လောက်သုံးနေတယ် ဆိုတဲ့ ငွေ amount (ပမာဏ) ပေါလာမှာဖြစ်ပါတယ်။

အဲကနေ ပြီးတော့ တစ်လ ကို မိမိတို့ ဘယ်လောက် စု နိုင်လိမ့် မလဲ ဆိုတာကိုပါ မြင်လာပါလိမ့်မယ်။

၂။ နည်းလမ်း သိတာ တော့ ဟုတ်ပါပြီး။ တကယ့် apply လုပ်ဖို့ ဆိုတာကရော တကယ်လွယ်ပါသလား။

အဲလိုမျိုး လစဉ် လုပ်ဖို့ ဆိုတာကလဲ မိမိတို့လို လူငယ် တွေ က အပန်ကြီးတယ်လို့ မြင်ကြမှာ အသေးအချာပါပဲ။ စာရင်း လုပ်ရတယ် ဆိုတာ ကတော့ အပြော ကတာ လွယ်တာပါ။ တကယ် လက်တွေ့ ပုံမှန် လုပ်ဖို့ ဆိုပါက မိမိ တို့ ကိုယ် မိမိတို့ force (အား တစ်ခု) ထည့်ပြီးတော့မှ ရတာပါ။

နည်းသိပါသော်လည်း တစ်ကယ် apply မလုပ်ပါက မသိသေးတာနဲ့ ဘာမှ မခြားပါဘူး။

အဲဒီတော့ မိမိတို့ လူငယ်တွေ မိမိ ဘဝ တိုးတက်ရေး လို့ စိတ် ဆုံးဖြတ် ပြီး လုပ်ဖို့ တိုက်တွန် လိုက်ပါတယ်။

၃။ ဖုန်းက နေ ဘယ်လို့ အလွယ် monthly budgeting လုပ်လို့ ရမလဲ။

မိမိဖုန်းက နေပြီး Google Excel ဖြင့် template ကိုရွေး ပြီး လစဉ်း လုပ်ဆောင်နိုင်ပါတယ်။

အောက်က ပုံတွေမှာ အသေစိတ် ပုံဖြင့် ပြထားပါတယ်။

အားလုံး ကျေးဇူးတင်ပါတယ်။