A Rich Man's World (လူချမ်းသာတို့ စုဝေးရာ)
30 Jun 2019 | ၃ မိနစ် အတွေးအမြင်၁။ Why rich become richer?
လူတွေတော်တော်များများက မိမိတို့ကတော့ ဆင်းရဲမြဲ ဆင်းရဲနေပြီးတော့ လူချမ်းသာတွေက ဘာလို့ ကျိကျိတက် ချမ်းသာသထက် ချမ်းသာလာနေကြပါသလဲ လို့ တွေးမိကောင်းတွေးမိ ကြမှာပါ။
သူတို့ ချမ်းသာမူကို အသာထား ၊ တကယ်မေးသင့်တဲ့ ဘာလို့ ပိုပို ချမ်းသာလာနေကြပါသလဲ လို့ တွေးမိတဲ့ သူတွေ အလွန်ကို နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်။
သေချာ တွေးကြည့်မယ်ဆိုရင် အဓိက အကြောင်းအရင်းခံဖြစ်တဲ့ သူတို့ ရဲ့ ဝင်ငွေ (income)ကို သူတို့ ဘယ်လို ပြန်လည် အသုံးချ နေလဲ ဆိုတဲ့ နေရာမှာ ဆင်းရဲသူများနဲ့ မတူညီကြောင်းကို တွေ့ရှိရမှာပါ။
၂။ Shortcut vs Rich-Dream?
ဒါအပြင် လူတော်တော်များများက အလွယ်နည်းလမ်းများဖြစ်တဲ့ quick rich နည်းလမ်းများနဲ့ ချမ်းသာနိုင်တယ်လို့ တွေးနေကြပါသေးတယ်။
ထီတစ်ခါ ပေါက်ဖူးသူက နောက်တစ်ခါ ထီထပ်ပေါက်ပြီး ချမ်းသာလာနိုးနိုး၊ လောင်းကစား တစ်ခါနိုင်ပြီး အလွယ်ပိုက်ဆံ ဝင်လာမှု ကို သဘောကျသူက လောင်းကစားဖြင့် မိမိတို့ ချမ်းသာတော့မယ် လို့ တွေးနေကြပါသေးတယ်။
၃။ How about ‘Us’ - Youth?
မိမိတို့ လူငယ်တွေကျ တော့ရော? ချမ်းသာမှု ဆိုတာကြီးက သူဋ္ဌေးသားသမီးတွေ အတွက်သာ ဖြစ်တယ်လို့ တွေးမိကောင်း တွေးမိမယ်ထင်ပါတယ်။
မိမိတို့လို အရာရာကို ယှဉ်ပြိုင်ယူနေရတဲ့ ခေတ်မှာ ချမ်းသာဖို့ဆိုတာကြီးကို ဘယ်လို စပြီး နည်းလမ်းရှာရမယ် ဆိုတာကို စဉ်းစားဖို့ အချိန်တောင် ရှိချင်မှ ရှိပါလိမ့်မယ်။
ဘယ်အရာကမှ လွယ်လွယ်နဲ့ ရမယ် မဟုတ်ဘူး ဆိုတာကိုတော့ မိမိ တို့ လူငယ်တွေ ကောင်းကောင်း နားလည်ကြပါတယ်။
အကောင်းဆုံးက မိမိတို့ လိုချင်တာ တစ်ခုခု ရှိပါက အမြဲတမ်း နည်းလမ်း တစ်ခုမဟုတ် တစ်ခု ရှိမှာပဲ ဆိုတဲ့ အတွေး လူငယ်တွေမှာ ရှိနေဖို့သာ အရေးအကြီးဆုံး ဖြစ်ပါတယ်။
ဒီကနေ့ မှတ်သားဖွယ် အဆို။
English Version
There are only three habits that lead to success:
Patience,
Application, and
Vision.
Celtic Wisdom for Business
မြန်မာ ဘာသာပြန်
အောင်မြင်မှုကို ဦးတည်နိုင်တဲ့ အကျင့်သုံးခု ရှိပါတယ်။
- စိတ်ရှည်မှု
- ကြိုးပမ်းအားထုတ်မှုနဲ့
- လားရာအမြင်။
Celtic စီးပွားရေး အဆို
Reference -
မှ ကောက်နှုတ်တင်ပြသည်။