ကုန်ဈေးနှုန်း မြင့်တက်မှု နှင့် လုပ်အားခ တိုးမြင့်မှု (Price Inflation Vs Wage Growth)

|

၁။ ကုန်ဈေးနှုန်း မြင့်တက်လာတာ နဲ့ လစာ တိုးလာတာက ဘယ်လိုစပ်ဆပ်မှု ရှိတာလဲ။

အခု အချိန်မှာ ဆိုရင် တစ်နှစ်ပြီး တစ်နှစ် လစား နည်းနည်းစီ တိုးလာနေသလို့ ဈေးနှုန်းတွေ ကလဲ တစ်ဖြည့်ဖြည့် ပိုပိုပြီး မြင့် တက်လာနေပါတယ်။ အထူးသဖြင့် မြန်မာ နိုင်ငံမှာဆိုရင် ကုန်ဈေးနှုန်း မြင့်တက်လာမှု က လစားတိုး လာထက် အဆ ပိုမို မြင့်မာ နေပါတယ်။ ကုန်ဈေးနှုန်း မြင့်တက်လာလိုက် လစားလေ နည်းနည်းတိုးလာလိုက်နဲ့ အဲ့ နှစ်ခု ဟာ ဆိုရင်ဖြင့် တစ်လှည့်စီ တစ်ခုက တစ်ခု ကို ပိုမို မြင့်တက်လာအောင် (positive correlation ) လုပ်ဆောင်နေ ပါတယ်။

၂။ ကုန်ဈေးနှုန်း မြင့်တက်လာတာ က ကောင်းတဲ့ လက္ခဏာ ဖြစ်ပါသလာ။

ကုန်ဈေးနှုန်း မြင့်တက်လာတာ က ပုံမှန် သာမာန် လူတော်တော် များများက မကောင်းတဲ့ အရာ တစ်ခု လို့ တွေးမြင် ထားကြပါတယ်။ အမှန်တကယ်တော့ အဲလို မဟုတ်ပါဘူး။ ဈေးကျတိုင်လဲ မကောင်းသလို ဈေး အရမ်းကြီး တက်နေရင်လဲ မကောင်းပါဘူး။ အရမ်းကြီး ဈေးနှုန်းကျသွားပါက ဈေးကွက် ပျက်တာ (Price destruction) ဖြစ်ပြီး စီးပွားရေး လုပ်ငန်း တော်တော်များများ ရပ်ဆိုင်သွား (ဒေဝါလီခံ) နိုင်ကျပါတယ်။

၃။ မိမိတို့ လူငယ်တွေ အတွက်က ရော ဘယ်လိုသက်ရောက်မှု ရှိတာလဲ။

အဲလို အဖြစ်မျိုး ကြုံလာခဲ့ပါက နောက်ဆုံး အကျိုး သက်ရောက်မှု (effect) ကို ခံရမည့် လခစား သည့် မိမိတို့လို လူငယ်များသာ ဖြစ်ပါတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ competition လို့ ခေါ်တဲ့ စီးပွားရေး အရ ပြိုင်ဆိုင်မှုတွေ လျှော့ကျ သွားပါက hyperinflation လို ခေါ် တဲ့ ဈေးနှုန်း အသကုန် မြင့်တက်လာမှု ကို ခံစားလာရနိုင်ပါတယ်။ အဲဒါကြောင့် မို့လို စီးပွားရေး ကောင်းမွန် မှု ရှိတဲ့ နိုင်ငံတိုင်းသည် price inflation နှင့် wage growth မျှတမှု ရှိအောင် (Inflation targeting) ကို လုပ်ဆောင် ကြပါတယ်။ ပုံမှန် စီးပွားရေး ကောင်းမွန်တဲ့ နိုင်ငံ တစ်ခုမှာ ဆိုရင် ကုန်ဈေးနှုန်း နဲ့ လစား တိုမြင့်မှု ကို အသင့်အသင့် သဟစာတ ဖြစ်နေ အောင် နိုင်ငံရဲ့ ဗဟိုဘ် ဘဏ် က အဓိက ထားပြီး ညှိစပ်ပေးရမှာ ဖြစ်ပါတယ်။

ဒီကနေ့ မှတ်သားဖွယ် အဆို။

English Version

Beware the man who offers you his ideas without charge,
for they are worth as much.
Beware the man who will charge you for developing your ideas,
for he has none of his own.
Celtic Wisdom for Business

မြန်မာ ဘာသာပြန်

အခကြေးငွေ မယူဘဲ အိုင်ဒီယာ ပေးသူကို သတိထား။
သိပ်တန်လို့။
သင့်အိုင်ဒီယာကို ဖွံ့ဖြိုး စေဖို့
သင့်ဆီမှာ အခကြေးငွေ တောင်သူကိုလည်း သတိထား။
သူ့ကိုယ်ပိုင် ဘာမှ မရှိလို့။
Celtic စီးပွားရေး အဆို

Reference -

  1. the-rich-world-needs-higher-real-wage-growth
  2. Price Inflation Vs Wage Growth
  3. ကုန်ဈေးနှှုန်း တက်ခြင်း၊ ကျခြင်း နှင့် တန့်ခြင်း (ဒေါက်တာ ခင်မောင်ညို အ တွေးအမြင် စာစဉ် ၁၇၈ )

မှ ကောက်နှုတ်တင်ပြသည်။