လူငယ် နှင့် ငွေကြေး စီမံခန့်ခွဲမှု ဆိုင်ရာ အကြံအဉာဏ် (Young adults - Millennials Vs Financial Advice)

|

၁။ ဘာတွေဖြစ်နေတာလဲ။

OpenMoney (ငွေကြေး စီမံခန့်ခွဲမှု ဆိုင်ရာ အကြံအဉာဏ် ပေး ကုမ္ပဏီ) မှ ကောက်ခံ ထားတဲ့ စစ်တမ်း အရ ငွေရေးကြေးရေးဆိုင်ရာ အကြံအဉာဏ် ပေးတဲ့ ပညာရှင်များသည် လူငယ်များ၏ရင်းနှီးမြှုပ်နှံခြင်းများအပေါ် စိတ်ဝင်စားမှု နည်းပါကြောင်း တွေ့ရှိ။

၂။ ဘာကို ဆိုလိုချင်တာလဲ။

ငွေရေးကြေးရေးဆိုင်ရာ အကြံအဉာဏ် ပေးတဲ့ ပညာရှင်များက လူငယ်များသည် သူတို့ရဲ့ ဝန်ဆောင်ခ (Service fees) ကို ပေးဆောင်ရန် မတတ်နိုင်ကြောင်း ပြောပါတယ်။ ဒါအပြင် လူငယ်များ၏ လစဉ် ဝင်ငွေအဆင့်(Income Level) သည် မိမိတို့ ပေးဆောင်နေသော ဝန်ဆောင်မှု (Service)များ နှင့် ကိုက်ညီမှု မရှိဘူး လို့ ပြောထားကြောင်း OpenMoney Survey က ထုတ်ပြထားပါတယ်။

၃။ ဘာလို့ စိတ်ဝင်စားမှု ပေးရမှာလဲ။

လူငယ်တော်တော်များများ သည် လမကုန်ခင် အရင်လမှ ရတဲ့ လစား ကုန်သွားသည်မှာ အမြဲ ဖြစ်နေကျပါ။ အမြဲတမ်းလိုလို မိမိတို့ မိသားစု နဲ့ သူငယ်ချင်းတွေ စီကနေ ပိုက်ဆံ ချေးယူ သုံးစွဲ ကြသူများ ဖြစ်ကြပါတယ်။ စာဖတ်သူများ သည် မိမိ လဲ ထိုအဖြစ်မျိုး ကြုံမိကောင် ကြုံမိနိုင်ပါတယ်။ အဲဒီလိုဖြစ်ခြင်းရဲ့ အဓိက အရင်းခံမှာ မိမိတို့၌ ပိုက်ဆံကို ဘယ်လို ကိုင်တွယ် ထိန်းချုပ်ရမယ်ဆိုသော အသိ သို့မဟုတ် ဗဟုသုတ နည်းပါးသေးလို ဖြစ်နိုင်ပါတယ်။ ထို အသိပညာများကို ဖြန့်ဝေးပေးမှု သည်လည်း မြန်မာ နိုင်ငံ၌ ယနေ့ထိတိုင် အရမ်း နည်းပါးနေပါသေးတယ်။

ဒီကနေ့ မှတ်သားဖွယ် အဆို။

English Version

If a child is given everything,
then the child will grow to maturity knowing the value of nothing.
But if the child is given nothing,
then he too will grow to maturity knowing the value of nothing.
So, Give Something!
Celtic Wisdom for Business

မြန်မာ ဘာသာပြန်

ကလေးတစ်ယောက်ကို အစစပေးလိုက်ရင်
ဘာတန်ဖိုးမှ မသိဘဲ အရွယ်ရောက်လာလိမ့်မယ်။
ဘာတစ်ခုမှ မပေးပြန်ရင်လည်း
ဘာတန်ဖိုးမှ သိမှာ မဟုတ်ပြန်ဘူး။
ဒီတော့ ပေးသင့်သလောက်ပေး။
Celtic စီးပွားရေး အဆို

Reference -

  1. Young adults - Millennials Vs Financial Advice
  2. Young adults - Millennials Vs Financial Advice-2
  3. open-money

မှ ကောက်နှုတ်တင်ပြသည်။