အမေရိက နှင့် Huawei

|

၁။ ဘာတွေဖြစ်နေတာလဲ။

US သည် တရုတ်နိုင်ငံ ၏ ဖုန်းနှင့် နည်းပညာ ဆိုင်ရာ ပစ္စည်း များကို အဓိက ထုတ်လုပ်နေသော Huawei (ကုမ္ပဏီအမည်) အား သူ နိုင်ငံအတွင်း ပစ္စည်း ရောင်းချခွင့် ပိတ်ပင်း။

၂။ ဘာကို ဆိုလိုချင်တာလဲ။

Huawei သည် US တွင် ပစ္စည်း ရောင်းချခွင့် ပိတ်ပင်ခံရသည့် အပြင် သူရဲ့ လိုအပ်သော ပစ္စည်းများကို ဝယ်ယူနေကြ (supplier)ဖြစ်သည့် US က Qualcomm (ကုမ္ပဏီအမည်) ထံမှ ပစ္စည်းဝယ်ခွင့်ကိုပါ ပိတ်ခြင်းခံလိုက်ရပါသည်။

၃။ ဘာလို့ စိတ်ဝင်စားမှု ပေးရမှာလဲ။

မြန်မာ နိုင်ငံသည် Huawei ထုတ် ဖုန်းများကို ဝယ်ယူသုံးနေသည့် နိုင်ငံဖြစ်ပါသည်။ အကယ်၍ Huawei သည် မိမိ ထုတ်လုပ်ရန် လိုအပ်သည့် ပစ္စည်း များ ရရန် အခက်အခဲ ဖြစ်နေပါက မြန်မာနိုင်ငံသို့ Huawei ဖုန်း တင်သွင်းနှုန်း လျှော့ကျသွားနိုင်ပါသည်။

ဒီကနေ့ မှတ်သားဖွယ် အဆို။

English Version

Waste neither time nor advice on the fool.
They will not listen,
They will not heed,
And they do not care.
Celtic Wisdom for Business

မြန်မာ ဘာသာပြန်

အရူးအတွက် အချိန်မပေးနဲ့၊
အကြံလည်း မပေးပါနဲ့။
အရူးက နားမထောင်၊
သတိမထား၊ ဂရုမစိုက်။
Celtic စီးပွားရေး အဆို

Reference -

  1. US vs Huawei

မှ ကောက်နှုတ်တင်ပြသည်။