📈 Economics (ဘောဂဗေဒ) အခြေခံကို လူတိုင်း လေ့လာဖို့

|

ဘောဂဗေဒသည် လူတို့၏နေ့စဥ်ဘဝနဲ့ တိုက်ရိုက် (သို့) သွယ်ဝိုက်သောအားဖြင့် ပါဝင်နေသော ဘာသာရပ် ဖြစ်ပါသည်။

မြန်မာနိုင်ငံရဲ့ အထက်တန်းပညာရေး စနစ်သည် ကျောင်းသား၊ ကျောင်းသူ လူငယ်တို့အဖို့ economics ခေါ် ဘောဂဗေဒ ဘာသာရပ်ကို အထင်သေး၊ အလွန် အရေးမပါသော ဘာသာရပ်တစ်ခု ဖြစ်သည်ဆိုသည့် အမြင်ကို ရိုက်သွင်ပေးသလိုဖြစ်နေပါသည်။ ကျောင်းသား၊ ကျောင်းသူတို့မှာ နဝမတန်းတွင်် bio နှင့် eco ဘာသာရပ်နှစ်ခုထဲက တစ်ခုခုကို ရွေးချယ်ရသည်။ ထို့ ရွေးချယ်မှု ကို ပြုလုပ်ရာ အကယ်၍ ဘောဂဗေဒကို ရွေးယူမိလျှင် သူများ အထင်သေး အမြင်သေး ခံရနိုင်ချေများပါသည်။

တကယ်တော့ ဘောဂဗေဒ ဘာသာရပ်သည် လူတို့၏ နေ့စဥ်ဘဝနှင့် အနီးစပ်ဆုံး၊ လူတို့၏ စိတ်ခံစားချက်ကို အလှုံ့ဆော်နိုင်ဆုံး ဘာသာရပ် တစ်ခုဖြစ်သည်။ လူတို့၏ အပြုအမူများကို လေ့လာသော ဘာသာရပ် တစ်ခုလည်း ဖြစ်သည်။ လူများကြီးပွားချမ်းသာရေးအတွက် ရည်ရွယ်သော သာသာရပ်ဖြစ်ပြီး လူတိုင်း၏သည်းခြေကြိုက် ‘ငွေ’နှင့် ဆက်စပ်နေသည်။

ဘောဂဗေဒ သာသာရပ်တွင် အကြမ်းဖျဥ်း အာဖြင့် -

  • မိသားစု စီမံခန့်ခွဲခြင်း

  • ကုန်စည်နှင့် ဝန်ဆောင်မှု များကို မည်သို့ထုတ်လုပ်၍ မည်သို့ခွဲဝေ အသုံးပြုကြသည်ကို လေ့လာခြင်း

  • လူတို့၏လိုအင်ဆန္ဒများကို အများဆုံးဖြည့်စွမ်းရန်အတွက် အကန့်အသတ်ဖြင့် သာရရှိနိုင်သော ထုတ်လုပ်မှု အရင်းအမြစ်များကို မည်သို့ စီမံခန့်ခွဲ၍ အသုံးပြုသည်ကို လေ့လာခြင်း

  • လူတို့၏အပြုအမူကို လေ့လာခြင်း (behavioral economics)

  • စျေးကွက်တစ်ခုချင်းစီကိုလေ့လာခြင်း (micro-economics)

  • စီးပွားရေး အဆောက်အအုံ တစ်ခုလုံး၏ စီးပွားရေးဆိုင်ရာ အပြုအမူများအား လေ့လာခြင်း (macro-economics)

  • နိုင်ငံတစ်ခုနှင့်တစ်ခု စီးပွားရေးဆိုင်ရာဆက်သွယ်မှုများအား လေ့လာခြင်း (international-economics)

တို့ ပါဝင်ကြသည်။

အထက်ပါ ဖော်ပြချက်များမှ အဓိက highlight လုပ်ထားတဲ့ သုံးချက်မှာ လူတိုင်း နီးပါး လေ့လာမိဖို့ လိုအပ်ပါသည်။အထူးသဖြင့် လူတို့အကြောင်း နံ့နံ့ စပ်စပ် သိချင်လေလေ ဘောဂဗေဒကို ပိုမို လေ့လာသင့်လေလေ ဖြစ်သည်။ ဥပမာ တစ်ခု အနေနှင့် ပြောရမည်ဆိုလျှင် မိမိတို့ တစ်ဦးတစ်ယောက်စီတိုင်းသည် မိမိတို့ စိတ်ပါဝင်စားမှု၊ မိမိတို့အကျိုးကို မျှော်ကိုးပြီး အကောင်းဆုံးသော ဆုံးဖြတ်မှုကို ပြုလုပ်ကြသည် (optimizing individual) ဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် rational ဖြစ်ကြသည်ဟုဆိုခြင်းဖြစ်သည်။ သို့သော်လည် behavioral economics သည် ထိုအချက်ကို မဟုတ်မှန်ကြောင်း၊ လူအများစုမှာ irrational ဖြစ်သော ဆုံးဖြတ် ချက်များစွာကို ပြုလုပ်နေကြသည်ဟု ထောက်ပြထားပါသည်။ economics ကို လေ့လာခြင်းအားဖြင့် မိမိကိုယ်မိမိ နားလည်မှု ကိုလဲ တိုးတက်လာစေပါသည်။

ဘောဂဗေဒနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Thinking, Fast and Slow ဆိုတာလေကို သဘောကျလို့ ရှယ်ပေးလိုက်ပါတယ်။

ယနေ့ခေတ်တွင် လူအများစုလိုလို ကြီးပွားချမ်းသာလိုကြသည်သာ ဖြစ်သည်။ အကောင်းဆုံးသော ရင်းနှီးမြုပ်နှံ့မှုတွေ လုပ်နိုင်ဖို့ရာ ဘောဂဗေဒကို လေ့လာဖို့ လိုပါလိမ့်မည်။ ဘောဂဗေဒကို လေ့လာခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စျေးကွက်တစ်ခုတင်မက တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ စီးပွားရေး အမြင်တွေကိုပါ တိုးတက်စေနိုင်ပါတယ်။ အထူးသဖြင့် ယခုလို အချိန်မျိုး စီးပွားရေး ကျပ်တည်းမှုတွေ အများစု ကြုံနေရတဲ့ အချိန်အခါမျိုးမှာ ကမ္ဘာရဲ့ စီးပွားရေးအခြေအနေကို ပိုမို သိရှိဖို့လိုပါတယ်။ အဲဒါကြောင့်မို့လို့ မိမိတို့လူငယ်တွေ ဘယ် နယ်ပယ်ကိုပဲ လေ့လာလိုက်စားနေစေကာမှု ဘောဂဗေဒကို အခြေခံကို လေ့လာလိုက်စားဖို့ တိုက်တွန်းလိုက်ပါသည်။

Lifelong learner

တစ်ရက်နည်းနည်းစီတဖြေးဖြေးအတူတူလေ့လာကြစို့။

အဲလက်စ်စနိုး
ဟေလ်ဒစ်(စ်)ဟိုင်း၊ ဒွိုင်(ခ်ျ)လန်(ဒ်)