⛈️ ကြာတောမှရွာသောမိုး - ခင်နှင်းယု

|

ကြာတော၌ရွာသောမိုး - ပေါက္ခရဝဿမိုး - မိုးရွာသော််လည်း စွတ်စိုလိုသောသူအဖို့သာ စွတ်စိုပြီး မစွတ်စိုလိုသောသူအဖို့ မစွတ်စိုချေ

ဘဝဟူသည် ရယူခြင်းမဟုတ်၊ ပေးဆပ်နေရခြင်း ဖြစ်သည်။

(ပေးဆပ်ရခြင်း ဝတ္ထုတိုမှ)

မုန်တိုင်းတစ်ခုထန်လာလျှင် သစ်ပင်အမြင့်ကိုင်းပေါ်တွင် ရှိနေသူမှာ အောက်ဆုံးအကိုင်းတွင် နေသောသူထက် အကျနာသည်ဟု ဆိုကြသည်။ အထက်က နေသူဖြစ်၍ ပိုနာမည်ဟု ရုတ်တရက် ထင်ဖွယ်ရှိသော်လည်း သဲတွင်မက ပိုက်ရော၊ လဲမွေ့ရာ ထူထူရော အောက်မှ ခံပေးမည်သူရှိ၍ ကျပင်ကျသော်လည်း သစ်ပင်အမြင့်ကိုင်းပေါ်တွင် ရှိသူများအဖို့ မနာလှ။

(မတူလေခြင်း ဝတ္ထုတိုမှ)

လူပြည့်ဆိုတာ ငယ်တုန်း ရွယ်တုန်းရအောင် ရှာကြဖွေကြ၊ ကြီးလာတော့ ရှာပြီးသာတွေ စွန့်နိုင်အောင် တစ်ခါကြိုးစားရ၊ ပြတ်ရာပြတ်ကြောင်း တရားရှာရပြန်ရော၊ အဲဒါ လူ့ပြည်ပဲ။

လူ့ပြည်ဆိုတာက လိုအပ်သလောက်လည်း စွမ်းအားထုတ်ရမှာပဲ၊ လျှောက်ဝတ်ရုံလောက်လည်း ခြိုးခြံရမှာပဲ၊ ပြီးတော့လည်း စိတ်နှလုံး အေးအေးချမ်းချမ်းနေနိုင်အောင် သင့်တော်တဲ့ ခြိုးခြံမှုကို မလုပ်ရင် ကိုယ်ရဲ့ အိုမင်းချိန်မှာ ဘယ်လိုအနားယူမလဲ၊ အလုပ်လုပ်ပြီး သေဖို့ လူတွေ မွေးလာတာ မဟုတ်ဘူး။ အလုပ်လည်း လုပ်ကြရမယ်၊ သူတို့ရဲ့ စိတ်နှလုံးဟာ လောကီမှာရော တမလွန်မှာရော ချမ်းငြိမ်းစွာနားဖို့ တရားအသိလေးဝင်စားဖို့ မွေးလာကြတာ၊ စိတ်မနားရရင်လေ ဘယ်သူဌေးဖြစ်ဖြစ် မနားရဘူးမှတ်ပေတော့…။

(လူ့ပြည်ဆိုသည်မှာ ဝတ္ထုတိုမှ)

လောကကြီးကလည်း ဘာမှ ပုံသေကားကျ မှတ်၍မရ၊ တစိမ်းကောင်းသည်ဆိုသည်မှာ ဆွေမျိုးအိပ်နေသလောက်ရှိသည်ဟု စကားပုံရှိပေမယ့် သူမှာတော့ တစိမ်းက ကောင်းနေတော့သည်။

(ဓမ္မရက္ခိတ ဝတ္ထုတိုမှ)

သားသမီး ၁၀ ယောက်ကို မိဘနှစ်ယောက်က ကျွေးမွေးနိုင်တာ၊ မိဘနှစ်ယောက်ကို သားသမီးဆယ်ယောက်က ပြန်မကျွေးနိုင်ဘူ။

တက်သစ်စနေခြည်နှင့် ရွှင်ကြည်ထွန်းပ၍ - အုံးပျသော မိုးတိမ်တိုက်ဖြင့် ဖုံးလွှမ်းနေသလော

(တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ ဝတ္ထုတိုမှ)

လူကိုထူထောင်ရာတွင် ကျောက်ဆစ်ထုသလို ထုရမည်ကို ကျွန်မလက်ရွံ့၏။ သူ့အတွေးအခေါ် သူ့စိတ်ကူးစိတ်သန်းကလေးများကို လွတ်လွတ်လပ်လပ် ဖော်ပြတတ်သော လူသားသမီးလေးကို ကျွန်မလိုချင်သည်။ လူ့ပျားကောင် လူ့ပုရွတ်ဆိတ်များ မဖြစ်စေချင်။

ပုရွက်ဆိတ်နှင့် ပျားကောင်သည် အလုပ်ကို ထထကြွကြွနှင့် တိတိကျကျတော့ လုပ်ကြသည်။ ခေါင်းဆောင်နောက်ကို တသဝေမတိမ်းလိုက်ကြသည်။ သို့သော် ဟုတ်မဟုတ် ရာမရာတွေးခေါ်သော အသိဉာဏ်မှု သူ့တိုခေါင်းတွင် မရှိကြပေ။

(ဦးပုံစံနှင့် သမီးလေးမတိကျ)

အထီးကျန်ခဲ့ရမှာကို ကျွန်မသိပ်ကြောက်တာပဲ၊ ဒါပေမယ့် အဲဒီကြောက်ရတဲ့ အချိန်တွေ များလာတော့လည်း တဖြည်းဖြည်း ကြောက်ကြောက်နဲ့ နေတတ်လာခဲ့ရတယ်။

(မိန်းမတို့အကြောင်း)

သဘောသက်ဝင်ကာလေတည့်မှ …. နှမြောချစ်ကြင်နာ…။

မိန်းမ၏အလိုနိုင်ငံသို့ မလွန်ဆန်နိုင်၍ လိုက်လျောရလေသတည်း။

(နှမြောချစ်ကြင်နာ)

ကျောင်းပြောင်ပြောင် ဝင်ခေါင်းခေါင်း

မသိခြင်း၊ မတတ်ခြင်းနှင့် ဆင်းရဲခြင်းတို့သည် အညမည ဆက်သွယ်၍များ နေလေသလား။

(ရှေ့နေလိုက်ခြင်း ဝတ္ထုတိုမှ)