ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ
04 Jan 2015 | မှတ်စုများ‘ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ’ ဆိုတဲ့ စကားလုံးတွေ ဘယ်လိုဖြစ်ပေါ်လာလဲ ဆိုတာ သင်သိပါသလား။
စမ်းသပ်မှုတစ်ခုရှိခဲ့ဖူးတယ်။ မျောက် ၅ ကောင်ကို အခန်းငယ် တစ်ခုထဲ ထည့်ထားတယ်။ အခန်းရဲ့ ဒေါင့်တစ်နေရာမှာ ငှက်ပျောတစ်ခိုင်ကို ချိတ်ဆွဲထားတယ်။ စမ်းသပ်မှု လုပ်တဲ့ သူက ငှက်ပျောခိုင်ထားတဲ့နေရာမှာ ရေထွက်တဲ့ ပိုက်ကြီး တစ်ခု ထားထားတယ်။
အကယ်၍ မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးကို ယူဖို့ ကြိုးစားတာနဲ့ အဲ့ဒီ့ ပိုက်ထဲက ရေထွက် လာပြီး အဲ့ဒီ့ မျောက်တွေ အားလုံးကို ရွဲရွဲစိုစေတော့တာပဲ။ ၅ကောင်စလုံးတစ်ကောင်ပြီးတစ်ကောင်ငှက်ပျောသီးသွားယူတိုင်း ရေပိုက်ထဲက ရေတွေပန်းထွက်လာတာပဲ။ နောက်ဆုံးတော့၅ ကောင်စလုံး သဘောတူညီမှု တစ်ခုရသွားတယ်။ ဘယ်ကောင်မှငှက်ပျောသီးသွားယူဖို့မကြိုးစားတော့ဘူး။ဘယ်ကောင်ပဲသွားယူယူ ရေတွေပန်းထွက်လာတယ်ဆိုတာ သူတို့ သိသွားတယ်။
နောက်တော့ စမ်းသပ်မှု လုပ်တဲ့သူက အဲ့ဒီ့ ၅ကောင်ထဲက တစ်ကောင် ကို အပြင်ထုတ်လိုက်ပြီးမျောက်အသစ် တစ်ကောာင် ပြန်ထည့်လိုက်တယ်။ အဲ့ဒီ့ မျောက်အသစ်ကို (A) လို့ သတ်မှတ်လိုက်ပါစို့။
မျောက် (A) က မျောက်ရဲ့ ထုံးစံအတိုင်း ငှက်ပျောသီး မြင်တာနဲ့ ပြေးယူတော့တာပဲ။ ငှက်ပျောခိုင် နားတောင်မရောက်ခင် ကျန်တဲ့ မျောက် ၄ကောင်က ဝိုင်းပြီး ရိုက်နှက်တော့တာပဲ။ အကယ်၍ မျောက် (A) က ငှက်ပျောခိုင် ကိုသွားယူရင် သူတို့တွေ ရေစိုမှာကို သူတို့ သိနေတယ်။ မျောက် (A) အကြိမ်ပေါင်းများစွာ ကြိုးစားပေမယ့် ဝိုင်းရိုက်ခံ ရတာကလွဲလို့ ငှက်ပျောသီး မရပါဘူး။
နောက်တစ်ခါ စမ်းသပ်မှု လုပ်တဲ့ သူက ရေစိုထားတဲ့ မျောက် (၄) ကောင်ထဲက တစ်ကောင်ကို မျောက်အသစ် တစ်ကောင် နဲ့ လဲလိုက်ပြန်တယ်။ မျောက် (B) လို့သက်မှတ်ကြပါစို့။ အဲ့ဒီ့ မျောက် (B) ကလည်း အခန်းငယ် ထဲရောက်ရောက်ချင်းငှက်ပျောသီးကို ပြေးယူတော့တာပဲ။ သူလည်း မျောက် (A) လို ဝိုင်းရိုက်ခံရတော့တာပဲ။ အထူးခြားဆုံးက မျောက် (A) ရဲ့ ရိုက်ချက်တွေက အပြင်းဆုံး။ (လူသစ် ကို လူဟောင်းကို အနိုင်ကျင့်တဲ့သဘောမျိုး)။နောက်ဆုံး မျောက် (B) လည်း လက်လျော့လိုက်တော့တယ်။
နောက် တဖြည်းဖြည်းနဲ့ စစခြင်းထည့်ထားတဲ့ မျောက် (၅)ကောင် ကို မျောက်အသစ်တွေနဲ့ တစ်ကောင်ပြီး တစ်ကောင် လဲတယ်။ နောက်ဆုံး ရေတခါမှ မစိုဘူးတဲ့ မျောက်တွေပဲ အခန်းငယ် ထဲမှာ ကျန်တော့တယ်။ ဘယ် ကောင်ကမှ ငှက်ပျောခိုင် ကို သွားမယူရဲဘူး။ သူတို့လည်း ဘာကြောင့်လဲ ဆိုတာမသိဘူး။ သူတို့တွေ သိတာက ငှက်ပျောခိုင်ကို သွားယူတဲ့ အကောင် အရိုက်ခံ ရတာကိုပါပဲ။
`ရိုးရာ၊ အစဉ်အလာ၊ ဓလေ့၊ ထုံးစံ´ ဆိုတာ အဲ့ဒီ့က နေဖြစ်ပေါ်လာတယ်လို့ စမ်းသပ်သူက သက်သေပြခဲ့တယ်။ (သိုးငယ်)