မိတ်ဆွေစစ်
01 Mar 2013 | မှတ်စုများ- သင့်ကိုအရှိအတိုင်း လက်ခံသူ။
- သင့်ကို ယုံကြည်သူ။
- နေကောင်းရဲ့လား ဟု နှုတ်ခွန်းဆက်တတ်သူ။
- သုံးမရ ပါဘူး ဟု စွန့်မပစ်တက်သူ။
- သင့်လုပ်ဆောင်ချက်အားလုံး ( မပြီးသေးသော အစိတ်အပိုင်း အပါအဝင် ) ကို မှန်းမျှော်ပီတိဖြစ်နေသူ။
- သင့်အမှား ကို ခွင့်လွတ်တတ်သူ။
- ခြွင်းချက်မရှိသော စေတနာ ကို ပေးတက်သူ။
- ကူညီဖေးမသူ။
- နွေးထွေစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ။
- သင့် နှင့် အတူ ရှိနေသူ ။
- ရင်နှင့်အမျှ ရင်းနှီး သူ။
- ဆင်းရဲ ချမ်းသား မပါသော ချစ်ခြင်းဖြင့် ချစ်ခင်သူ။
- သင့်ဘ၀ မှာ သူရှိနေသည့် အတွက် ထူးထူး ခြားခြား ဖြစ်စေသူ။
- ဘယ်တော့ မှ အပြစ်ရှာ ဝေဖန်ခြင်း မပြုတတ်သူ။
- သင့်ဘက် မှ ရပ်တည်ထောက်ခံပေးသူ။
- ဝမ်းနည်းအားငယ် ခြင်းကို ဖြေသိပ့် ပေးသူ။
- ကြောက်ရွံ့ စိတ်ကို ပြေပျောက်စေ သူ။
- စိတ်ဓာတ်ကို မြှင့်တင်ပေး သူ။
- သင့် ကောင်းကွက်လေးများ ကို ရွေးချယ်ပြောတတ်သူ။
- သင့်က နားထောင်ဖို့ လိုအပ် တဲ့ အခါ အမှန်ကို ပြောတတ်သူ။
- သင့်ကို နားလည်သူ။
- သင့်ကို တန်းဖို့ထား သူ။
- သင့်နံဘေး မှာ အတူ လျှောက်လှမ်းပေးသူ။
- သင့်နားမလည်သည့် အရာများကို ရှင်းပြပေးသူ။
- သူစကားကို နားမထောင်ပါက ကရုဏာဒေါသဖြင့် အော်တတ်သူ။
- သင့်အား အမှန်တရား ဘက်သို့ ပိုဆောင်းသူ။