ထိပ်ဆုံးသို့
04 Mar 2021 | ဘဝခရီးလမ်းတစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန် ပြန်ပေသမို့…
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား…
စ ခဲ့မိဟာပေါ့။
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်…
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။
မာလာငွေ ကန်ရေအေးရယ်နှင့်…
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။
(ငွေတာရီ)