ဘဝ သန္ဓိဋ္ဌာန်
၁။ ငါ့ဘဝအတွက် ငါမဖြစ်ဖြစ်အောင် လုပ်မည်။ ငါ့ဘဝအတွက် ငါ မရောက်ရောက်အောင် လှမ်းတက်ရမည်။ ငါ့အရည်အချင်းတွေကို တိုးဖြည့်မည်။ သဘောထားမှန်ကန်အောင် ကြိုးစားမည်။
၂။ ငါ့ရည်ရွယ်ချက် ခရီးဘယ်လောက် အောင်မြင်ပေါက်ရောက်ခဲ့ပြီးလဲ၊ ငါ နောက်ထပ် ဘယ်လောက် လှမ်းတက်ရန် လိုသေးသလဲ၊ ငါ့လက်ရှိ ဘဝ အခြေအနေ ဘယ်လိုရှိသလဲ။
၃။ ငါ့ဘဝ တည်တံ့ရမည်။ ငါ့ဘဝ သာယာရမည်။ ငါ့ဘဝ တိုးတက်ရမည်။ ထို့သိုဆောက်ရွက်ဖြည့်စွမ်းရန် အတွက် ငါ့မှာ အစွမ်းအစရှိသည်။ ကိုယ်လက်အင်္ဂါ အကြံအဉာဏ်ရှိသည်။ ငါပိုင်ဆိုင်သော အခြေအနေများနှင့် လုပ်ကိုင်လိုက်ရလျှင် ဘာကြောင့် သူတကာတွေလို မတိုးတက်ဘဲ ရှိရမည်နည်း၊ ဘဝတွင် ရင်ဆိုင်ရသော အခက်အခဲများကို ငါကျော်လွှားမည်။ ဘဝအခက်အခဲများသည် ငါ့ကို အားစမ်းခြင်း၊ လူ့ဘဝနှင့် အဘယ်မျှ ထိုက်တန်သည်ကို လက်တွေ့ စစ်ဆေးနေခြင်းသာဖြစ်သည်။ ငါ အောင်နိုင်ရမည်။ ငါ့ဘဝနှင့် ထိုက်တန်သူ၊ ဘဝကို အောင်နိုင်သူအဖြစ် အစွမ်းပြလိုက်မည်။