စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းနည်း
25 Aug 2019 | ဘဝခရီးလမ်း၁။ စိတ်ဓာတ်ကျခြင်းသည် ဘာမှ လုပ်စရာ မရှိတော့သည့် အခြေအနေမျိူးဖြစ်ပေရာ သင်စိတ်ဓာတ်ကျနေပါက အလုပ် လုပ်စရာ စာရင်း တစ်ခုကို ချရေးလိုက်ပါ။ ထို့ကဲ့သို့ အလုပ်များကို ရေးချပြီး ထို့အထဲမှ ဘယ်အလုပ်ကို စတင်လုပ်ဆောင်မလဲလို့ ရွေးချယ်လိုက်ပါ။ ထို့နောက် အလုပ်တစ်ခုပြီးတစ်ခု ဆက်လုပ်ပါ။ သင်အလုပ်တစ်ခုပြီးတိုင်း သင်၏စိတ်သည် တစ်ဆင့်ပြီးတစ်ဆင့် မြင်တက်လာပါသည်။
၂။ သင်စိတ်ဓာတ်ကျနေပါက တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။ အကူအညီ လိုနေသော သူတစ်ဦးအား ကူညီလိုက်ပါ။ သူများ ကိစ္စများကို ကူညီခြင်းဖြင့် “အော် သူများ ကိစ္စတွေတောင် ငါကူညီနိုင်တာပဲ” ဟုဆိုသည့် အတွေးရရှိကာ ထို့အတွေးက သင့်အား စိတ်ဓာတ်ကျရေး မဖြစ်စေရန် မြှင့်တင်ပေးပြီး ဖြစ်နေတတ်ပါသည်။
၃။ စိတ်ဓာတ်ကျခြင်း၏ အကြောင်းအရင်းခံ သည် တစ်ခါတစ်ရံ ဒေါသဖြစ်တတ်သည်။ ဒေါသသည် ဦးတည်ချက် မရှိဘဲ ထွက်လေ့ မရှိ။ ဒေါသသည် တစ်စုံတစ်ယောက်သော သူကို ဦးတည်နေတတ်ပါသည်။ သင် ဘယ်သူကို ဒေါသထွက်နေသလဲ။ တစ်ဦးတစ်ယောက်ကို ဒေါသ ထွက်နေရာမှ စိတ်ဓာတ်ကျနေတာလား၊ ဘာကြောင့် ဒေါသထွက်ရသည်ကို သင်ရှာပါ။ သင့် စိတ်ဓတ်ကျနေမူသည် ဒေါသထွက်နေမှုနှင့် ဆက်စပ်နေပါက သင် ဒေါသထွက်နေသော သူထံသွားလိုက်ပါ။ သင်က သူတို့ကို ခွင့်လွှတ်ကြောင်းပြောလိုက်ပါ။ ထိုနောက် အပြန်ခရီးတွင် သင့်ကိုယ်သင့်လည် ခွင့်လွှတ်လိုက်ပါ။
၂၀၀၀ နောက် ပိုင်း reading notes များမှ