ဘဝကိုအဆုံးအဖြတ်ပေးတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် စာအုပ်မှ မှတ်စုများ

|

၁။ လူ့ဘဝကို အလှည့်အပြောင်း ဖြစ်စေတာဟာ ရွေးချယ်မှုပါ။ ရွေးချယ်မှုကို အလှည့်အပြောင်ဖြစ်စေတာ ကတော့ စိတ်နှလုံးတိမ်းညွတ်မှုဖြစ်ပါတယ်။

၂။ လူတွေဟာ ကိုယ့်ကိုကိုယ် လူသာမန်ဆိုတာကို ဝန်ခံဖို ဝန်လေးနေတတ်ကျတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းဟာကိုယ့်ကို ကိုယ် သာမန်ထက်ဖိုစေချင်နေကြလိုပါပဲ။ သူတို့ကိုယ့် သူတို့ ပါရမီရှင်ထူးချွန်သူ အမျိုးသမီး ဖြစ်စေချင်းနေတတ်ကြတယ်။

၃။ ဒါပေမယ့် ပါရမီရှင်ထူးချွန်သူ အမျိုးသမီးတွေဟာ လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေနဲ့ ရင်ဆိုင်ကြရတဲ့ အခါ မရင့်ကျက်တဲံ စိတ်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုတွေရှိနေရင် သူမတို့အပေါ် ကံဆိုးမိုးမှောင် ကျလာမယ့် အခွင့်အလမ်းဟာ သာမန်လူတွေထက် ပိုများပါတယ်။

၄။ အများသူငါလို နေတတ်ပြီဆိုတာဟာ လက်တွေ့ကျတဲ့ ပတ်ဝန်းကျင်ထဲမှာ ရိုးရိုးသားသား ရှင်သန်နေခြင်းလို အဓိပ္မါယ်ဆောင်ပါတယ်။ ချမ်းမြေ့ပျော်ရွှင်မှုကို နားလည်တယ် ဆိုတာက မိမိရဲ့ပန်းတိုင်ဆီကို အစီအစဉ်ရှိရှိချီတက်သွားခြင်းလို့ဆိုလိုပါတယ်။ စိတ်ထင်ရင်ထင်သလို အချိန်ဖြုန်းနေတာမျိုးမဟုတ်ပါဘူး။

၅။ “ငါ့ဘာလိုချင်တာလဲ” လို့ ကိုယ့်ကိုကိုယ်မမေးခင် “ဒီရွေးချယ်ပုံဟာ ငါ့ဘဝကို ချမ်းမြေ့ ပျော်ရွှင်စေမှာလား ဆိုတာ” ကို အရင်မေးပါ။အများအာဖြင့်တော့ ဒီမေးခွန်းနှစ်ခု သိပ်မကွာပါဘူးလို့ လူတွေထင်တတ်ကြပါတယ်။ သို့သော် အံ့ဩဖိုကောင်းတာက ကိုယ့်ရဲ့ရွေးချယ်မှုဟာ ဒုက္ခရောက်တော့မှာသိရက်နဲ့ လူတွေတော်တော်များများ ဇွတ်တိုးလုပ်သွားကြတာပါပဲ။

၆။ ကမ္ဘာပေါ်မှာ သင့်ကို ထာဝရနိုင်ရစေတဲ့ ကစားနည်းဟာ နှစ်ဖက်နိုင်ကစားနည်း တစ်မျိုးတည်းပဲ ရှိပါတယ်။ ကိုယ်ကပဲ နိုင်ချင်းပြီး တခြားသူအတွက် မစဉ်းစားသူဟာ အနှေးနဲ့ အမြန်ကျရူံးမှာပါပဲ။

၇။ လူတွေအပေါ် တခြားသူတွေရဲ့ ပြုမူဆက်ဆံကြပုံက မိမိအပေါ် မိမိဆက်ဆံပုံနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် မိမိကိုယ့်ကို မိမိကောင်းကောင်မွန်မွန်ဆက်ဆံပါ။

၈။ ပစ္စည်းဝယ်မယ်ဆိုရင် ရာနှုန်းပြည့်ကိုယ်ကျေနပ်တဲ့ ပစ္စည်းဖြစ်ရမယ်။

၉။ ဘဝအခြေနေက ရသခံစားပုံကို အဆုံးအဖြတ်ပေးတာမဟုတ်ပါဘူး။ ရသခံစားမူသာ ဘဝအခြေအနေကို ဆုံးအဖြတ်တာပါ။