ဘဝခရီးလမ်း ၊ ရွှေစည်းကမ်း (Golden Rules for living)
09 Nov 2014 | ဘဝခရီးလမ်း- သင် (တံခါး ) ဖွင့်ခဲ့တာလား ၊ တံခါး ပြန်ပိတ်သွား။
- သင် ခလုတ်ဖွင့်တာလား ၊ ခလုတ်ပြန်ပိတ်သွား။
- သင် သော့ဖွင့်ခဲ့တာ လား ၊ သော့ ပြန်ခတ်သွား။
- သင် ချိုးဖောက်ခဲ့တာလား ၊ ဝန်ခံသွားပါ။
- သင် မပြင်တတ်ဘူးလား ၊ နားလည်သူခေါ်လိုက်ပါ။
- သင် ချေးငှားထားတာလား ၊ ပြန်ပေးသွားပါ။
- သင် တန်ဖိုးထားတာလား ၊ ဂရုတစိုက်ထိန်းသိမ်းပါ။
- သင် ရှုပ်ပွေခဲ့တာလား ၊ ပြန်ရှင်းသွားပါ။
- သင် ရွှေ့ ခဲ့တာလာ ၊ နေရာ တကျ ပြန်ထားပါ။
- အခြားသူ တစ်ယောက် ပိုင်ဆိုင်တဲ့အရာ သင့်အသုံးပြုလိုသလား ၊ ခွင့်တောင်းပါ။
- သင် ဘယ်လိုလုပ်ကိုင်ရမှန်း မသိဘူးလား ၊ သူ့ အတိုင်းထားလိုက်ပါ။
- သင်နဲ့ မဆိုင်တဲ့ ကိစ္စတွေလား ၊ မစပ်စုပါနဲ့။
- မပျက်စီးသေးဘူးလား ၊ မပြုပြင်ပါ နဲ့။
- တစ်ပါးသူရဲ့ နေ့ရက်တွေကို တောက်ပစေမှာလား ၊ ဖွင့်ဟလိုက်ပါ။
- တစ်ပါးသူရဲ့ နာမည်ကျော်ကြားမူကို ထိခိုက်စေမှာလား ရင်ထဲမှာ သိမ်းထားလိုက်ပါ။