ဘဝအတွက်အတွေးဆယ်ချက်
23 Jan 2014 | ဘဝခရီးလမ်း၁။ လူတွေကို သူတို့မျှော်လင့်ထားတာထက် ပိုပေးလိုက်ပါ။ ကိုယ်လုပ်ဆောင်ပေးရမယ့်အတူတူ ဝမ်းမြောက်ဝမ်းသာစွာပဲ လုပ်ဆောင်ပေးလိုက်ပါ။
၂။ သင်ချစ်တယ်လို့ပြောတဲ့ ယောင်္ကျား သို့မဟုတ် မိန်းမ ကိုလက်ထပ်လိုက်ပါ။ အသက်ကြီးလာတာနဲ့အမျှ တခြားအရာတွေထက်စာရင် နှစ်ယောက်သားဆက်ဆံရေးက ပိုအရေးကြီးလာတယ်ဆိုတာ တွေ့လာပါလိမ့်မယ်။
၃။ သင်ကြားသမျှကို မယုံပါနဲ့ သင့်လိုအပ်ချက်မှန်သမျှကိုတောင့်တပြီး စိတ်ဆင်းရဲမခံပါနဲ့ မျက်စိမှိတ်ပြီးအိပ်ချပစ်လိုက်ပါ။ သင့်မှာ ရှိသမျှကို အကျိုးရှိရှိသုံးစွဲလိုက်ပါ။ ဘဝဆိုတာ တကယ်တော့ ကိုယ်နဲ့ဘာမှ ပါလာတာမဟုတ်ပါဘူး။
၄။ “ချစ်တယ်” လို့သင်ပြောနေတဲ့အခါ အဲဒီအဓိပ္ပါယ်ကို နားလည်နိုင်ပါစေ။
၅။ “တောင်းပန်ပါတယ်” ဆိုတဲ့စကားပြောတဲ့အခါ အဲဒီလူမျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောနိုင်အောင်ကြိုးစားပါ။
၆။ သင်လက်မထပ်ခင် ၆ လခန့်ကြိုပြီးစေ့စပ်ထားပါ။ ၆ လအတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်အကြောင်းကို အသေးစိတ်သိဖို့ဆိုတာ သေဆုံးသွားတဲ့အချိန်အထိမဖြစ်နိုင်ပါဘူး။
၇။ ပထမဆုံးအကြည့်တစ်ချက်မှာတင် အချစ်ဆိုတာကိုယုံကြည်လိုက်ပါ။
၈။ သူတပါးရဲ့အိပ်မက်ကိုဘယ်တော့မှ ပျက်ရယ်မပြုနဲ့မလှောင်မိစေနဲ့။ အိပ်မက်မရှိတဲ့ လူတွေဟာ တကယ်တော့ဘဝမှာ ပိုင်ဆိုင်မှုအနည်းဆုံးလူတွေပါပဲ။
၉။ ရိုးရှင်းနက်ရှိုင်းစွာ ချစ်ပါ။ ဒါဏ်ရာတွေနဲ့ နာကျင်ကောင်းနာကျင်ပါလိမ့်မယ် ဒါပေမယ့်အဲဒါဟာ ဘဝကို အပြီးပြည့်စုံဆုံးဖြတ်သန်းခြင်းနည်းလမ်းပါပဲ။
၁၀။ သဘောမတူဘူးဆိုရင် ညီမျှစွာ တိုက်ခိုက်ပါ။ မယုတ်မာစေနဲ့။
သက်တန့်ချို Life lesson ထဲကနေ ကောင်းနိုးရာရာလေးတွေ တင်ပေးလိုက်ပါတယ်။