🥬 ရွေးချယ်မှု - (လေ့လာမှု)

|

အခုတစ်လော စိတ်ထဲမှာ ဘယ် ဘာသာရပ်တစ်ခုခုကို အသေးစိတ် အချိန်ယူပြီး လေ့လာမလဲဆိုတဲ့ မေးခွန်းနဲ့ အတော်လေး ခေါင်းခဲနေခဲတယ်။ နေ့စဥ်မပျက် လေ့လာပြီး သိချင်စိတ်ကို နိုးဆွပေးနိုင်စေလောက်တဲ့ ဘာသာရပ် တစ်ခုခုမျိုးပေါ့။ တကယ်လို့ တစ်သက်လုံးအတွက် အလုပ်အကိုင်း တစ်ခုကို ရွေးချယ်မယ်ဆိုရင်၊ ဒါမှမဟုတ် နောက် ၁၀ နှစ်လောက် အချိန်အတိုင်းအတာတစ်ခုပေးပြီး ကိုယ်ရဲ့ ပင်တိုင်း အသက်မွေးဝမ်းကျောင်း တစ်ခုအနေနဲ့ ရပ်တည်နိုင်မဲ့ အရာရာ တစ်ခုခုကို ရွေးခြယ်ချင်ခဲ့တာမျိုးပေါ့။ ဒါပေမဲ့ ကိုယ်ကိုကိုယ့် သတိထားမိတာက အမြဲတမ်း လို့လို့ ကိုယ့် စိတ်ဝင်စားတဲ့ ဘာသာရပ် တစ်ခုကနေ နောက်တစ်ခု ပြောင်းပြောင်းသွားတတ်တာကိုပဲ။ ဒါမျိုးဖြစ်တာက အခုခေတ်ပေါ် လူအများ စိတ်ဝင်စားမှုတွေ နောက်ကို လိုက်နေလို့လား ဆိုပြီး ကိုယ်ကိုကိုယ် မေးမိတယ်။ လူအများလုပ်နေကြတာကို တွေ့ပြီး လိုက်လုပ်ဖြစ်နေတာမျိုးလာပေါ့။

မှတ်မှတ်ရရ ငယ်ငယ်တုန်းက သမိုင်း စာအုပ် တစ်အုပ်ဖတ်ရင် အချိန် ကုန်လို့ ကုန်မှန် မသိဖြစ်သွားတာကို သတိထားတယ်။ လူမှုဗေဒ ဘာသာရပ်တွေကို အားပေးမှု နည်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်လာကြောင့်လား မသိဘူး၊ အဲဒီဘာသာရပ်ကို ဆက်ပြီး လေ့လာမှုမလုပ်ခဲ့မိပြန်ဘူး။ တဖြည်းဖြည်းနဲ့ အခြေအနေအချိန်အခါတွေက တစ်ခါတရံမှာ ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေကို ပြောင်းလဲ စေတတ်မှန်ကိုလည်း သဘောပေါက်ခဲ့တယ်။

နောက်ပိုင်း ကိုယ်ရွေးချယ်မှုတွေရဲ့ ရလဒ်ဖြစ်တဲ့ သာသာရပ်ကိုပဲ အားရုံးစိတ်ပြီး လုပ်လာရင် သတိထားမိတာတစ်ခုက အရာရာ အားလုံးကို ကိုယ့်က အရမ်း အပေါ်ယံစမ်းစမ်း ထိတွေ့နေတာကိုပဲ။ ခေါင်စဥ်တစ်ခုခုဆို တစ်ခုကို အရမ်း အချက်ချချ အချိန်တစ်ခု ပေးပြီး လေ့လာဖို့ စိတ်အားထက်သန်းမှုတွေ မပေါ်လာမိတာကိုလည်း ကိုယ့်ကိုကိုယ် သတိထားမိတယ်။ အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ လက်တွေ့မှာ တကယ့် ကိုယ့်ထက် အချက်ချချ လေ့လောနေတဲ့ လူတွေကို မယှဥ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီမှာ စပြီး ဘာလို့ အဲလို မလုပ်နိုင်တာလဲဆိုတာဘက်ကို တွေးမိလာတယ်။

နောက်တစ်မျိုးတွေးမိပြန်တာက ကိုယ်လျှောက်လုပ်ခဲ့တဲ့ အရာတွေထဲမှာ တစ်ချို့ အရာတွေကလဲ ကိုယ့်စိတ်ဝင်စားမှုကို နိုဆွပေးတဲ့ အရာတွေပါနေတာတွေရတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့်၊ ကိုယ့်စိတ်ကို အလိုလိုက်မှုများမှုကြောင့် စည်းကမ်းတကျ မလုပ်ဖြစ်တာကြောင့် အခုလို အပေါ်ယံစမ်းနေခဲ့တာမျိုး ဖြစ်နေတာ ဖြစ်လောက်ပါတယ်လို့ တွေးမိတယ်။

ဟိုတစ်လောက ဖတ်မိတဲ့ စာတစ်ကြောင်းကို သတိရမိတယ်။

Choose the work that feels like play to you and feels like work to others. (Naval)

ဒါပေမဲ့ ပြဿနာက ဘယ် အရာက ကိုယ့်အတွက် လုပ်နေရင် အချိန်မှန် မသိ ကုန်သွားမျိုးကို ဖြစ်တဲ့အရာမျိုးကို အခုချိန်ထိ ရှာမတွေ့သေးတာကိုပဲ။ ဒါပေမဲ့ သေချာတာ တစ်ခုက ဘာကိုမှ လျှောက်မလုပ်နေရင် အဲအရာကို ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ဘူးဆိုတာကိုပဲ။

အဲလက်စ်စနိုး
ဟေလ်ဒစ်(စ်)ဟိုင်း၊ ဒွိုင်(ခ်ျ)လန်(ဒ်)