✍🏻 ညီမလေးသို့ ပေးစာ

|

ညီမလေးရေ…

မမလေး ကျောင်းတစ်ပတ်ပိတ်တော့ အချိန်ကို အကျိုးရှိအောင် ဆိုပြီးတော့ စာတစ်ပုဒ်လောက်ရေးဦးမယ်လို့ တွေးမိတယ်သိလာ…။ ဒါနဲ့ပဲ ကျောင်းစာကြည့်တိုက်ကိုသွားပြီးတော့ စာတစ်ပုဒ်လောက်ရှာဖတ်မိတယ်။ စာအုပ်ကလေးတစ်အုပ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် သိလာ ညီမလေးရေ။ မမတို့၊ ညီမလေးတို့ဘဝက မမတို့ မဖြစ်လာခင်ကတည်းက ကြိုးတင်ပြီး ပြင်ဆင်ထားတဲ့ လမ်းကြောင်းဆိုတာ ရှိတယ်တဲ့။ မမလဲ စိတ်ဝင်စားလို့ ဆက်ဖတ်ဖြစ်မိတယ်။

မမတို့လို့ လူတွေတော်တော်များများကတဲ့ အရာခြောက်မျိုးကို လိုချင်းတတ်ကြတယ်တဲ့။ အဲဒါတွေက ဘာတွေလဲ ဆိုတော့ အချိန်အပို၊ ပိုက်ဆံများများ၊ ကျန်မားရေ၊ အချစ်၊ ပျော်ရွှင်မှုနဲ့ လွတ်လပ်ခွင့်တဲ့…။ ဒါနဲ့ မမလဲ ကိုယ်ကိုကိုယ့် မေးမိတယ်။ မမလဲ အဲဒါတွေကို လိုချင်းလာလို့ပေါ့။

ဟုတ်တာပေါ့… ညီမလေးရေ.. မမလဲ အဲဒါတွေအားလုံးကို လိုချင်းမိတယ်သိလာ..။ သြော် ဒါနဲ့ ညီမလေးရေ… မမတို့က အဲဒါတွေကို ရအောင်ကြိုးစားလိုရတယ်တဲ့ သိလာ…။ အဲဒီမှာ ပဲ အဓိကအကြောင်းအရာဖြစ်တဲ့ ကြိုတင်ပြီး မမတို့၊ ညီမလေးတို့ အတွက် ပြင်ဆင်ထားတဲ့ လမ်းကြောင်း ဆိုတာ ပါလာရော။

မမတို့ ညီမလေးတို့ တစ်ယောက်ချင်းစီ အတွက် ပြင်ဆင်ထားတဲ့ လမ်းကြောင်းကိုယ့်စီ ရှိကြတယ်တဲ့။ ကိုယ့်ရဲ့ပြင်ဆင်ထားတဲ့ လမ်းကြောင်းအတိုင် လျှောက်ဖို့ဆိုရင် တဲ့ မမတို့က ကိုယ့်ရဲ့ နုလုံးသားကို အရင်းဆုံး မေးခွန်းတွေ ပြန်ထုတ်ပြီးတော့ မေးရလိမ့်မယ်တဲ့။

မမတို့ နုလုံးသားက မမတို့ရဲ့ ပြင်ဆင်ထားတဲ့ လမ်းကြောင်းကို သိမ်ထားပေးထားတဲ့။ ညီမလေးလဲ သိချင်းရင် ညီမလေးနှလုံးသားကို မေးလိုက်နော်။ ဥပမာကွာ …စာအုပ်မှာ ပေးထားတာက ညီမလေး ဘာကိုယုံကြည့်တာလဲတဲ့။

ပြီတော့ ညီမလေးဘဝမှာ ညီမလေး ဘာတွေကို အမှတ်တရ အဖြစ် ရှိစေချင်းတာလဲတဲ့.. ၊ ညီမလေး ရဲ့ အိမ်မက်စိတ်ကူးတွေကရော ဘာတွေလဲတဲ့… ။ အဲဒီလို့ မေးခွန်းတွေက ငါ့ညီမလေးရဲ့ ပြင်ဆင်ထားတဲ့ လမ်းကြောင်းဆိုတာကြီးကို တွေ့အောင် လုပ်ဆောင်ပေးနိုင်တယ်တဲ့။ သြော် ဒါနဲ့ ညီးမလေး ရဲ့ အိမ်မက်တွေက ညီမလေးရဲ့ ကိုယ်ပိုင်းနော်။ လူတစ်ယောက်ချင်းစီ မှာ တဲ့ ဘယ်သူနဲ့ မှ မတူးတဲ့ အိမ်မက်တွေ ရှိကြတယ်တဲ့။ မမတော့ ယုံတယ် သိလာ။

ညီမလေးရဲ့ နှလုံးသားထဲကနေ ထွက်လာတဲ့ အဖြေတွေကိုလဲ ချရေးထားဖို့ မမေ့နဲ့ဦးနော်။ အဲဒါတွေက ညီမလေးရဲ့ ဘဝလမ်းကြောင်းကို လမ်းပြပေးမဲ့ မီးအိမ်လေးတွေလို့ပဲတဲ့။ ဒီနေ့တော့ ဒီလောက်ပဲ ညီမလေးရေ..။ နောက်မှ ဆက်ပြောကြတာပေါ့။

ညီမလေးရဲ့ ချစ်မမ…. ။